Wednesday, May 6, 2015

Tencent ကုမ္ပဏီသည် စမတ်အိမ်သုံး gadget များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်၊ ဂိမ်းခလုတ် များနှင့် စမတ်ဖုန်းများတွင် အသုံးပြုနိုင်မည့် Android အခြေခံ OS တစ်မျိုးကို beta ဗားရှင်းအဖြစ် သုံးလကြာစမ်းသပ်ခဲ့ပြီးနောက်  မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ software ကို TOS+ ဟုခေါ်ဆိုပြီး ဘေကျင်းမြို့ GMIC ကွန်ဖရင့်၌ Tencent ၏ COO ရန်ယုရှင်က မိတ်ဆက် ပေးခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။ ၎င်း OS သည်မိုဘိုင်းနှင့် စမတ် gadget များ ထုတ်လုပ်နေသည့် Xiaomi အပြင် စမတ် တီဗွီများကဲ့သို့ အရာတို့ကို ထုတ်လုပ်နေသည့် alibaba တို့အား ယှဉ်ပြိုင်ရန် ဒီဇိုင်းထုတ် ထားသည်။ Tencent သည် OS များ ဖန်တီးရာတွင် Xiaomi နှင့် Alibaba တို့နှင့် ခြားနားပြီး third-party ကုမ္ပဏီများ အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။ သို့ရာတွင် Tencent သည် စမတ်ဖုန်းများ ထုတ်လုပ်မည့် ကုမ္ပဏီနှင့် gadget များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

Tencent သည် Xiaomi က စမတ်ဖုန်းမှ Mi လေသန့်စင် ကိရိယာကဲ့သို့ စမတ်အိမ်သုံး gadget များ ထုတ်လုပ်ပြီး ခြောက်လအကြာတွင် TOS+ ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။  Xiaomi  သည် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်း စမတ်ဖုန်း ဖြစ်လာပြီး ၎င်း၏ဖုန်း သုံးစွဲသူများက ကုမ္ပဏီ၏ Cloud account နှင့် app တစ်ခု အသုံးပြု၍ စမတ်အိမ်သုံး gadget များထိန်းချုပ်နိုင်ရန် Android အခြေခံ MIUI platform ကို အသုံးပြုထားသည်။ Tencent သည် သုံးစွဲသူသန်း ၈၀၀ ကျော်ရှိသည့် Tencent QQ သို့မဟုတ် WeChat ID တို့ကို အသုံးပြုပြီး Xiaomi ကဲ့သို့အရာများကို ဖန်တီးသွားမည်ဖြစ်သည်။
Ref: TechInAsia

Internet Journal