Tuesday, May 5, 2015

အပါးဆုံး ဟန်းဆက်တွေထဲမှာ တစ်လုံးအပါအ၀င်ဖြစ်သည့် R5 ကို ထုတ်လုပ်ထားသည့် Oppo ဟာ R7 ကိုလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ အလယ်အလတ် အဆင့်ရှိသော ဟန်းဆက်ကိုလည်း ထုတ်လုပ်ပေးထားပြီး မှည့်ခေါ်ထားသည့် နာမည်ကတော့ Mirror 3 ဖြစ်ပါတယ်။ Mirror 3 ရဲ့ မျက်နှာပြင်ဟာ 4.7inches အကျယ်အ၀န်းရှိပြီး၊ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားတဲ့ Resolution ပမာဏကတော့ 1280x720 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 312ppi ပါ။ ဖုန်းရဲ့ အရှေ့ပိုင်းတစ်ခုလုံးကို အနက်ရောင်ဒီဇိုင်းနှင့်အတူ Classic 3D bubble texture craft ကိုသုံးထားပါတယ်။ အစင်းခြစ်ရာဖြစ်ပွားမှုတွေမှ ကာကွယ်ပေးဖို့အတွက် UV Coation Membrane နည်းပညာကို ဖုန်းအနောက်ဘက်မျက်နှာပြင်တွင် အသုံးပြုထားပါတယ်။ ထို့အပြင် အနောက်ကာဗာကို ကွေးထားတဲ့အတွက်ကြောင့် ကိုင်တွယ်သည့်အခါ ကောင်းမွန်တဲ့ ခံစားချက်ကိုပေးပါတယ်။ Mirror 3 ရဲ့ Beauty mode 3.0 မှာ လှပစေတဲ့စတိုင် ၆ မျိုးပါရှိပါတယ်။ 5MP စွမ်းရည်ရှိတဲ့ အရှေ့ကင်မရာနှင့် လိုချင်တဲ့ ခံစားချက်တွေကို စိတ်ကြိုက်ရွေးချယ်အသုံးပြုလို့ရပါတယ်။ Double Exposure ဟာကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖန်တီးဖို့အတွက် ဖြစ်ပါတယ်။ Mirror 3 ရဲ့ Double Exposure ဟာ လှပတဲ့ပုံရိပ်တွေကို ဖန်တီးနိုင်ဖို့ ပုံနှစ်ပုံပဲလိုအပ်ပါတယ်။ Slow Shutter သည် အလင်းရောင်ပြေးလေးတွေကိုပဲ ရိုက်ကူးနိုင်ပါတယ်။ Slow Shutter သည် Exposure အချိန်ကိုလွယ်လွယ်လေး ရွေးလို့ရပါတယ်။ Flash Shot သည် အထူး Function တစ်ခုဖြစ်ပြီး၊ ဖုန်းထဲတွင် Application တစ်ခုထဲရောက်နေချိန် (သို့) ဖုန်းမျက်နှာပြင် ပိတ်နေတာတောင်မှ ဖုန်းရဲ့အသံအတိုအကျယ်ခလုတ်ကို တစ်ပြိုင်တည်းနှိပ်ပြီး ရိုက်လို့ရပါတယ်။ Intelligent Remote အကြောင်းပြောရမယ်ဆိုရင် TV, Air Con, DVD နှင့် တစ်ချို့ SLR တွေကိုတောင် ထိန်းချုပ်လို့ရပါတယ်။ Mirror 3 ဟာ TV, STB (Step top box), DVD, Air-Conditioner နဲ့ အခြားအိမ်အသုံးအဆောင်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ remote စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ ဒီ Remote ဟာဆိုရင် 99% တိကျမှန်ကန်ပါတယ်။ Mirror 3 ဟာ 950brand အထက်နဲ့ 10189 မော်ဒယ်တွေကို ထိန်းချုပ်လို့ရပါတယ်။ Mirror 3 သည် OPPO ၏ မူပိုင်နည်းပညာနဲ့အတူ Fast Charge 5V-2A ဆိုတဲ့ အားသွင်းမြန်တဲ့ စနစ်ကို တပ်ဆင်ထားပါသည်။ Mirror 3 ဟာ မိနစ် ၉၀ အတွင်း ဖုန်းအားကို 0% ကနေ 100% အထိပြည့်အောင်သွင်းနိုင်တဲ့အတွက်ကြောင့် ရိုးရိုးသာမန်ဖုန်းတွေထက် 60% ပိုမြန်ပါတယ်။ ဘက်ထရီအမျိုးအစားကတော့ 2000mAh ဖြစ်ပါတယ်။ RAM ကိုတော့ 1GB ထည့်သွင်းပေးထားပါတယ်။

Credit : Mobile Guide Journal