ဆော့ဖ်ဝဲကိုအောက်မှာဒေါင်းလုပ်ဆွဲလိုက်ပါ။
★Hola Free Vpn v1.7.316★
ဒီapkကိုအသုံးပြုဖို့အတွက်မိမိဖုန်းမှာ
root access ရရှိပြီးသားဖြစ်ဖို့်လိုပါမယ်။
-ပြီးရင်United State ဖုန်းနံပါတ်တစ်ခုရယူဖို့အတွက်
Pinger Apkကိုအောက်မှာဒေါင်းလုပ်ဆွဲလိုက်ပါ။
★Pinger v-3.0.4★
-ပြီးရင်Viber Apkကိုအောက်မှာဒေါင်းလုပ်ဆွဲပါ။
★Viber v5.2.2.478 Apk
★အသုံးပြုနည်းကတော့★
-Hola Apk ကိုinstallလုပ်
-Apk ထဲကိုဖွင့်ဝင်
-Root တောင်းရင်Allow(or)Grand ပေး
-သော့ခတ်ထားတဲ့ပုံနေရာက unblocker
ဆိုတဲ့စာသားနေရာကိုနှိပ်ပြီးON ပေး
-i trust this application စာသားရဲ့ဘယ်ဘက်
ဘေးနားကလေးထောင့်ကွက်မှာအမှတ်ခြစ်ပေးပြီး
ok ကိုနှိပ်
-ဒါဆိုconnected ဖြစ်သွားပြီးဖုန်းရဲ့noti bar
မှာသော့ပုံလေးနဲ့connectedပြလိမ့်မယ်။
-ပြီးရင်အပေါ်ဆုံးကMy Appsနေရာကိုနှိပ်ဝင်ပြီး
Pinger apkကိုရှာပြီး၊တွေ့ရင်pingerကိုရွေးနှိပ်ပါ။
-Browsing Fromစာသားနေရာကိုထပ်နှိပ်ပေးပါ။
-အဲ့ဒိမှာနိုင်ငံတွေပေါ်လာမယ်
United Kingdomတို့၊United Stateတို့်၊
Canadaတို့်၊Franceတို့၊Malaysiaတို့၊
Thailandတို့၊Japanတို့...စသဖြင့်ပေါ်လာပါမယ်။
အဲ့ဒိထဲက United Stateကိုရွေးပေးလိုက်ပါ။
-ပြီးရင်အပေါ်ကOpenနေရာကိုနှိပ်ပေးလိုက်ပါ။
-i trust this application စာသားဘေးက
လေးထောင့်အကွက်မှာအမှန်ခြစ်ပေးပြီးအောက်က
Ok ကိုနှိပ်လိုက်ပါ။
-Opening လုပ်နေမယ်၊ခဏစောင့်လိုက်ပါ။
-ခဏကြာရင်pingerဆော့ဖ်ဝဲထဲရောက်သွားပါမယ်။
-pingerထဲရောက်ရင်အလယ်နေရာက box ကွက်လပ်လေးကိုနှိပ်လိုက်ပါ။
free phone နံပါတ်ရရှိနိုင်မယ့်
နိုင်ငံတွေကိုရွေးချယ်ရမှာပါ။
United states တို့၊United kingdom တို့၊
Canada နိုင်ငံအစရှိသည်တို့ဟာ free နံပါတ်
ရရှိမယ့်နိုင်ငံတွေပဲဖြစ်ပါတယ်။
free ပေးတဲ့နိုင်ငံရဲ့ဘေးနားမှာ
numbers available ဆိုတဲ့စာသားကို
တွေ့ရမှာပါ။အဲ့ဒိ numbers available ဆိုတဲ့
စာသားပါတဲ့နေရာကနိုင်ငံတွေပဲ free ယူလို့
ရရှိမှာပါ။အဲ့ဒိစာသားမပါတဲ့နိုင်ငံတွေကတော့
လုပ်လို့မရပါဘူး။ဒါ့ကြောင့် numbers available ပါတဲ့နိုင်ငံနေရာကိုရွေးပေးပါ။
အခုဒီပို့စ်မှာတော့ United states ဆိုတဲ့နိုင်ငံ
ကိုရွေးချယ်ပြီးပြုလုပ်ထားပုံကိုရေးသားပေး
သွားမှာဖြစ်ပါတယ်။
-United states ကိုရွေးလိုက်ပါ။
-ပြီးရင်အောက်က let's do this! ဆိုတဲ့စာသား
နေရာကို click နှိပ်လိုက်ပါ။
-ပြီးရင်အပေါ်ဆုံးညာဘက်ဒေါင့်ထိပ်နားက
create account ဆိုတဲ့စာသားနေရာကို
click နှိပ်လိုက်ပါ။
-အဲ့ဒိမှာအကောင့်န်သစ်လုပ်ဖို့အတွက်
Register Program တစ်ခုကျလာပါမယ်။
-username နေရာမှာနာမည်တစ်ခုပေးပါ။
-password နေရာမှာ ကိုယ်ထားချင်တဲ့
password ကိုဂဏန်းခြောက်လုံးထက်မနည်း
စေပဲ ၂ကြိမ်ရိုက်ထည့်ပေးလိုက်ပါ။
-first name နေရာမှာအမည်တစ်ခုနဲ့
last name နေရာမှာအမည်တစ်ခုထည့်ပါ။
-ပြီးရင်အောက်မှာ email လိပ်စာတစ်ခုရိုက်ထည့်ပေးပါ။အခြားမည်သည့်မေးလ်မဆို ဖြည့်ပေးလို့ရပါတယ်။
-ပြီးရင် age နေရာမှာအသက်ဖြည့်ပေးပါ။
-ပြီးရင်ကျား/မ လူရုပ်ပုံနေရာလေးကိုနှိပ်၍
male/female ရွေးပါ။
-အားလုံးပြီးသွားရင်အောက်ဆုံးနေရာက
create account ဆိုတဲ့စာသားနေရာကို
click နှိပ်ပေးလိုက်ပါ။
-တကယ်လို့ username ကတခြားအသုံးပြုသူ
ရှိနှင့်ပြီးသားဆိုရင်မရပါဘူး။username အကွက်နေရာမှာအနီရောင်စာသားပေါ်လာ
မှာပါ။အဲ့ဒါဆိုရင် username ပိုအသစ်ပြန်ရွေး
ထည့်ပေးရမှာဖြစ်ပါတယ်။
-အောင်မြင်သွားပြီဆိုရင်နောက်တစ်မျက်နှာ
ရောက်သွားပါလိမ့်မယ်။
-really important stuff ဆိုတဲ့စာသားပေါ်လာ
ရင်အောက်နားက accept ဆိုတဲ့နေရာကို
နှိပ်ပေးလိုက်ပါ။
-requesting လုပ်နေပါလိမ့်မယ်။
-Your account is verified ပေါ်လာပြီး၊
finding you a free bouns number ဆိုပြီး
ရှာနေပါလိမ့်မယ်။
-ပြီးရင် zip code ရွေးဖို့အတွက် ok ကိုနှိပ်ပါ။
-zip or postial code စာသားကွက်လပ်နေရာ
ထဲမှာ United state ရဲ့ zip code တစ်ခုဖြစ်တဲ့
15632 နံပါတ်ကိုရိုက်ထည့်ပေးလိုက်ပြီး
အောက်က find me a number! နေရာကို
click နှိပ်ပေးလိုက်ပါ။
finding you a free bonus number
ဆိုပြီးရှာနေပါလိမ့်မယ်။
နောက်တစ်မျက်နှာမှာ free ရတဲ့ဖုန်းနံပါတ်တွေ
ပေါ်လာတာကိုတွေ့ရပါမယ်။
အဲ့ဒိထဲကကိုယ်ကြိုက်တဲ့နံပါတ်တစ်ခုကို
ရွေးပြီး select လုပ်ပေးပြီး၊အောက်က
get this number နေရာကိုနှိပ်ပေးလိုက်ပါ။
requsting pinger number ဆိုပြီးတောင်းခံ
နေပါလိမ့်မယ်။
-ခဏကြာရင် pinger မှ Wellcome to pinger
ဆိုတဲ့ message တစ်စောင်ဝင်လာပြီဆိုရင်တော့ မိတ်ဆွေဟာနိုင်ငံခြားဖုန်းနံပါတ်တစ်ခုကို
ပိုင်ဆိုင်ရရှိသွားပြီဖြစ်ပါတယ်။
-Back key နဲ့တချက်ပြန်ဆုတ်ပြီး၊get facebook from photos ပေါ်နေရင်၊အပေါ်
ထိပ်နားက no,thanks နေရာကိုနှိပ်ပြီး
ကျော်ပလိုက်ပါ။
-setting ထဲဝင်ကြည့်လိုက်ရင်တော့
မိမိရဲ့ရရှိထားတဲ့ဖုန်းနံပါတ်ကိုတွေ့မြင်ရမှာ
ဖြစ်ပြီး၊ptofile picture တို့၊account info
တို့ကိုပြောင်းလည်း editon လုပ်နိုင်မှာဖြစ်ပါတယ်။
-Pinger မှာUnited Stateဖုန်းနံပါတ်တစ်ခုရလာ
ခဲ့ပြီဆိုရင်တော့Viber ဆော့ဖ်ဝဲထဲကိုဖွင့်ဝင်ပြီး
နိုင်ငံနေရာမှာunited stateကိုရွေးပေးပြီးတော့
ခုနကpingerမှာလုပ်ထားတဲ့ဖုန်းနံပါတ်ကို
ထည့်ပေးပြီးGet Codeတောင်းပါ။
ViberကpingerထဲကိုActive Codeလှမ်းပို့ပါမယ်။
အဲ့ဒိကုဒ်ကိုဖြည့်ထည့်ပေးပြီးActivateလုပ်ပြီးပါက
United Stateဖုန်းနံပါတ်နဲ့Viberကိုအသုံးပြုလို့
ရပြီပဲဖြစ်ပါတယ်။
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)