MEC နံပါတ်အလှ ဆင်းမ်ကတ်များ လေလံတင်ရောင်းချပွဲ
ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC)
မှ သိရသည်။
MEC နံပါတ်အလှ ဆင်းမ်ကတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းကို မေလ ၄ ရက်နှင့် ၅ ရက်များ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"၄ ရက်နေ့က ဆင်းမ်ကတ် ၂၅ ကတ်၊ ၅ ရက်နေ့က ဆင်းမ်ကတ် ၂၁ ကတ်၊ စုစုပေါင်း ၄၆ ကတ် ရောင်းချ ခဲ့တယ်။ ရောင်းချလို့ရတဲ့တန်ဖိုးတွေက အများဆုံးသိန်းနှစ်ဆယ် ဖြစ်ပါတယ်" ဟု မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နှစ်ရက်အတွင်း ဆင်းမ်ကတ် ၄၆ ကတ်ကို ငွေကျပ် ၁၃၇ သိန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးဂဏန်းခြောက်လုံးပူး ဆင်းမ်ကတ်ကို ငွေကျပ်သိန်းနှစ်ဆယ်ဖြင့် ဈေးအများဆုံးပေး ကာ ဝယ်ယူခဲ့ကြောင်း သတင်းရရှိသည်။ နောက်ဆုံးဂဏန်း လေးလုံးပူးမှစ၍ ဂဏန်းခြောက်လုံးပူးအထိ ပါဝင်သည့် နံပါတ်အလှ ဆင်းမ်ကတ်ပေါင်း ၂၄၃ ကတ်ကို လေလံစနစ်ဖြင့် ရောင်းချပေးရန် စီစဉ် ထားကြောင်း၊ လက်ရှိ ပထမဦးဆုံးအနေဖြင့် နှစ်ရက်အတွင်း ဆင်းမ်ကတ် ၄၆ ကတ်ကိုသာ ရောင်း ချပေးခြင်းဖြစ်ကြောင်း သိရသည်။
"နောက်ပိုင်း တစ်လကိုတစ်ခါ ဒါမှမဟုတ် နှစ်ပတ်တစ်ခါ စသဖြင့် လေလံတင်ရောင်းချပွဲ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်" ဟု ဆက်လက်ပြောကြားသည်။ယခု လေလံတင်ရောင်းချခဲ့သည့် နံပါတ်အလှ ဆင်းမ်ကတ်များ၏ အနည်းဆုံးတန်ဖိုးမှာ ကျပ်ကိုးသောင်း ဖြစ်ကြောင်း သိရသည်။ "ဆင်းမ်ကတ်တန်ဖိုး အနည်းဆုံး ကျပ်ငါးသောင်းခေါ်တာကို ကိုးသောင်းနဲ့ ရောင်းချရခဲ့ပါတယ်" ဟု ပြောကြားသည်။

Internet Journal
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ