Wednesday, May 6, 2015

LG က ကိုရီးယားတွင် စွမ်းဆောင်ရည်သင့် LG G Stylo ကို မိတ်ဆက်လိုက်ပါသည်။ စမတ်ဖုန်း အသစ်သည် ယခင်နှစ်တွင် ကြေညာခဲ့သော LG G3 Stylus ကဲ့သို့ ကညစ်တံပါရှိပါသည်။
LG G Stylo တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော 64-bit Qualcomm Snapdragon 410 Chipset , 1.5GB RAM, 8GB Storage ပါရှိပါသည်။ ထူးခြားချက်မှာ 2TB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။
၅.၇ လက်မအရွယ် 720p IPS Display, 8MP Main Camera, 5MP Front Camera တပ်ဆင်ထားပြီး Android 5.0 Lollipop မောင်းနှင်မည် ဖြစ်သည်။ 4G LTE , Bluetooth 4.1 တို့ကို အသုံးပြုနိုင်ပါသည်။ 3000mAh Battery ပါရှိပါသည်။
LG G Stylo ကို ကိုရီးယားတွင် စတင်ရောင်းချပေးမည် ဖြစ်ပြီး အခြားနိုင်ငံများတွင် မေလ၌ ရောင်းချပေးမည် ဖြစ်သည်။

Credit : Myanmar Digital Life Journal