Thursday, May 7, 2015

Ashampoo_Snap_001_
Asus က ကမ္ဘာ့ပထမဆုံး 4GB RAM ပါရှိသည့် ZenFone 2 ကို ကြေညာပြီး လအနည်းငယ်အကြာတွင် Lenovo ကလည်း 4GB RAM ပါသည့် K80 ကို ကြေညာလိုက်ပါသည်။ Xiaomi ၏ Mi Note Pro တွင်လည်း 4GB RAM ပါရှိသည်ဟု သိရပါသည်။

Lenovo K80 တွင် 1.8GHz CPU ပါရှိသည့် 64-bit Intel Atom Chipset , 5.5” 1080p Display ပါရှိပါသည်။ 4GB RAM, 64GB Storage, 4000mAh Battery ထည့်သွင်းထားပါသည်။

K80 တွင် Optical Image Stabilization ပါရှိသည့် 13MP Rear Camera တပ်ဆင်ထားပါသည်။ ၈.၅ မီလီမီတာ အထူရှိပြီး Android 5.0 Lollipop မောင်းနှင်မည် ဖြစ်သည်။ အနက်၊ ငွေ၊ အနီရောင် များ ရွေးချယ်နိုင်ပါသည်။

K80 ကို တရုတ်ယွမ် ၁၇၉၉ ( ဒေါ်လာ ၂၉၀) ဖြင့် ဧပြီလ ၃၀ ရက်နေ့တွင် တရုတ်၌ စတင်ရောင်းချပေး မည် ဖြစ်သည်။ 2GB RAM, 32GB Internal Storage ပါသည့် အမျိုးအစားကိုလည်း ရောင်းချ မည် ဖြစ်သည်။

Myanmar Digital Life Journal