Saturday, May 16, 2015






မင်္ဂလာပါ။
ယနေ့ ပြောပြပေးမယ့်အကြောင်းအရာကတော့ ညီငယ် ကိုထွန်း မေးထားတဲ့ S7 SLIM ရဲ့ High Current
No Power ဖြေရှင်း နည်းကို အခါအခွင့်သင့်လို့ တင်ပြပေးလိုက်ပါတယ်။

စလိုက်ကြရအောင်....
Step 1 : Power Supply တွင် 3.7 V to 4 V ချိန်းပြီး Battery Connector J2200 ကို အပေါင်း(+) ၊
အနုတ် (-) မှန်အောင် ချိန်လိုက်သောအခါ Ampera လက်တံသည် 0.5 ထက်ကျော်ပြီးပြနေပါက U2200 IC ကောင်းမကောင်းကို C2211 တွင် 2.5 V ရောက်မရောက်ကိုစစ်ပါ။
Volt မရောက်ပါက U2200 IC ကို လဲပေးကြည့်ပါ။
Step 2 : U2200 IC ကောင်းမွန်ပြီးတော့ C2211 တွင် 2.5V ရောက်ပြီးမရသေးပါက U701 VIN
DC DC IC ကောင်းမကောာင်းကိုစစ်ပါ။ ၄င်း IC ကောင်းမကောင်းကို C712 တွင် 4.2 V ရောက်မရောက်စစ်ပါ။ Volt မရောက်ပါက U701 ကို လဲကြည့်ပါ။
Step 3 : U701 ကောင်းမွန်၍ C712 တွင် 4.2 V ရောက်ပြီးမရသေးပါက U3201, U3000, U3400 IC တို့ကောင်းမကောင်းစစ်ပါ။ ၄င်းတို့ကောင်းမကောင်းကို C3107, C3007, C3403 တို့တွင်
4.2V ရောက်မရောက်စစ်ပါ။ Volt မရောက်ပါက U 3201, U3000, U3400 IC တို့ကို တစ်လုံးချင်းလဲ၍ စမ်းကြည့်ပါ။
Step 4 : U3201, U3000, U3400 IC တို့ကောင်းမွန်၍ C3107, C3007, U3403 တို့တွင် 4.2 V ရောက်ရှိပြီးတော့ မရသေးပါက U500 Power IC အလုပ်လုပ်အောင်ပေးသော 4.2 V ရာက်မရောက်ကို C544 တွင်စစ်ပါ။Volt ရောက်ပြီးမရသေးပါက U500 Power IC ကိုလဲရမည်။
Step 5 : U500 Power IC လဲပြီးမရသေးပါက U800 CPU ကို အပူပေးကြည့်ပါ။ မရပါက U800 CPU
ကိုလဲရမည်။
U2200 : Battery Management IC
U701 : Programmabled MultiVoltage IC
U3201, U3000, U3400 : RF IC
U500 : Power IC
U800 : CPU
ညီငယ် ကိုထွန်း နဲ့အားလုံးအဆင်ပြေကြပါစေ....
PDF File ဖြင့်လိုချင်သူများအတွက်...
http://www.mediafire.com/d…/i7bza52wah2njsj/High_Current.pdf


Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း