Tuesday, May 19, 2015

Sony က Selfie Smartphone ဟု ညွှန်းဆိုသည့် Xperia C4 , Xperia C4 Dual စမတ်ဖုန်းများကို ရောင်းချပေးလိုက်ပါသည်။
စမတ်ဖုန်းနှစ်မျိုးစလုံးတွင် ၅.၅ လက်မ 1920×1080 IPS Display , 1.7GHz Octa-Core CPU တပ်ဆင်ထားသော 64-bit MediaTek MTK6752 SoC , 2GB RAM , 16GB Internal Storage ပါရှိပါသည်။ LED Flash နှင့် အတူ အနောက်ဘက်တွင် 13MP Camera တပ်ဆင်ထား သကဲ့သို့ အရှေ့ဘက်တွင်လည်း LED Flash နှင့် 5MP Camera တို့ကို တပ်ဆင်ထားပါသည်။ LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပြီး microSD Card ထည့်သွင်းနိုင်ပါသည်။ 2600mAh Battery ပါရှိပြီး Android 5.0 Lollipop မောင်းနှင်မည် ဖြစ်သည်။
Xperia C4 တွင် SIM Card တစ်ခုနှင့် Xperia C4 Dual တွင် SIM Card နှစ်ခုထည့်သွင်းနိုင်ပါသည်။
Xperia C4 နှင့် C4 Dual ကို အဖြူ၊ အနက်၊ အစိမ်းရောင်များ ထုတ်လုပ်ပေးထားပြီး ဇွန်လတွင် စတင်ရောင်းချပေးမည် ဖြစ်သည်။

Credit : Myanmar Digital Life Journal