Saturday, May 16, 2015









Oppo Find 7 & Find 7a ကို Root ဖောက်မယ့်နည်းလမ်း
========================
အားလုံးပဲမင်္ဂလာပါ.. ကျွန်တော်ဒီနေ့ Oppo Find 7a နဲ့ Find 7 ကို Root ဖောက်တဲ့နည်းလမ်းကိုပြောပြပေးခြင်းပါတယ်။ ဘော်ဒါတို့အတွက် အသုံးဝင်မယ်ထင်ပါတယ်ဗျာ…. ကျွန်တော်စကားသိပ်မများတော့ဘူး… သွားလိုက်ကြရအောင်..
အရင်ဆုံး Find 7a (X9006/7) ကို Root ဖောက်တဲ့ပုံစံကို အရင်ကြည့်ရအောင် အရင်ဆုံးအောက်ကလင့်မှာ လိုအပ်တဲ့ ဖိုင်တွေကို ဒေါင်းပါ။
Android SDK
https://www.dropbox.com/s/5bceavbluhm4p…/AndroidSDKSlim.zip…
CWM Recovery
https://www.dropbox.com/s/omp766pcu…/X9007_CWM_recovery.img…
TWRP Recovery
https://www.dropbox.com/s/kcg0rprx…/X9007_TWRP_recovery.img…
SuperSU
http://download.chainfire.eu/…/Su…/UPDATE-SuperSU-v1.94.zip…
OK ဒေါင်းပြီးရင် PC ရဲ့တစ်နေရာရာမှာ Extract လုပ်ထားပါ။ Aww မလုပ်ခင်တော့ ဖုန်းထဲရှိတဲ့ အရေးကြီးတဲ့ Data ကို back up လုပ်ထားတာအကောင်းဆုံးပါပဲ…
အောက်ကပုံကိုကြည့်ပါ..(ပုံ ၁)
ပြီရင် recovery file ကိုပါ Android SDK ဖိုင်ကို Extract လုပ်ထားတဲ့ folder ထဲထည့်ပါ။ (ပုံ ၂)
Recovery ဖိုင်ကိုလည်း ထည့်ပြီးပြီဆိုရင် Android SDK ဖိုင်မှာ Shift + Right Click ထောက်ပြီး Open Command Windows here ကိုဝင်လိုက်ပါ။ ဒါဆို Administrator နဲ့တက်လာပါလိမ့်မယ်။ (ပုံ ၃)
ကျွန်တော်တို့ Root ဖောက်မယ့် ဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးရင် Volume Up + Power Button ကိုမိထားပါ။ Vibration တုန်သွားပါလိမ့်မယ်။ ဖုန်းမှာ Fastboot ဆိုပြီး screen ပေါ်မှာတက်လာရင် Computer နဲ့ချိတ်ဆက်လိုက်ပါ။
ပြီးရင် ဒီCommand လေးကိုရိုက်ထည့်ပါ။
Fastboot devices
လိုရိုက်ပြီ Enter ခေါက်ပါ။ (ပုံ ၄)
ပြီးလျှင် Recovery ဖိုင်ထည့်ဖို့အတွက် ဒီ Command ကိုရိုက်ပါ။
fastboot flash recovery [imagename].img
အဲဒီမှာ Image Name ကို ကိုယ်ဒေါင်းလုပ်ဆွဲတုန်းကနာမည်ကို ထည့်ရပါမယ်။ မရှင်းပါက အောက်ကပုံကိုကြည့်ပါ။ (ပုံ ၅)
ပြီရင် Enter ခေါက်ပါ။ စတင်ပြီး Recovery ကို Flash လုပ်နေပါတယ်။
ပြီးသွားပြီဆိုရင် ကြိုးဖြုတ်လိုက်ပါ။ Recovery mode ခေါ်ကြည့်ပါ။ Recovery Mode ခေါ်ဖို့အတွက် Volume Down button + Power ကို ဖိနှိပ်ထားပါ။ တက်လာပြီဆိုရင် Language ရွေးပါ။ နောက် Select install zip From SD Card ကို ရွေးပေးလိုက်ပြီး Update-SuperSU-v1.94.zip ကို install လုပ်ပါ။ ပြီးသွားပြီဆိုရင် Reboot ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် phone ထဲမှာ Super User ပုံပေါ်လာရင် အောင်မြင်ပါပြီ။
=================
Oppo Find 7 X9007 ကို Root ဖောက်ပုံ
One Click Root နဲ့ဖောက်တဲ့နည်းလမ်းပါ အရမ်းလွယ်ကူပါတယ်။
http://xdafirmware.com/dri…/ADB-Driver/ADB-Driver-v1.4.2.zip
www.shuame.com/en/root/
Driver တွေ Root File တွေ ဒေါင်းပြီးပြီဆိုရင် Driver ကို Install လုပ်ပါ။ ပြီးရင် Root Genius ကို run လိုက်ပါ။ ပြီးရင် Device ကိုချိတ်ဆက်လိုက်ပါ။ (မှတ်ချက် ။ ။ USB Debugging တော့ On ထားပါ။)
ချိတ်ဆက်လို့ Connect ဖြစ်သွားရင် Root it ကိုနှိပ်လိုက်ပါ။ ဒါဆို Root စတင်ဖောက်နေပါပြီ။ ပြီးရင် အောက်ကပုံအတိုင်း Root Successful လို့ပေါ်လာရင် အောင်မြင်သွားပါပြီ။ ခဏစောင့်ပါ။
Reboot ပြန်တက်လာပြီ ပုံပါအတိုင်း KingUser လိုပေါ်ရင် အောင်မြင်သွားပါပြီ …
အားလုံးအဆင်ပြေကြပါစေ…
PDF FIle ဖြင့်လိုချင်သူများအတွက်
http://www.mediafire.com/vi…/5g47d57z71yn7ch/Oppo_Find_7.pdf


Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း