
တယ်လီကွန်းဈေးကွက်၌ ဆက်သွယ်ရေးအော်ပရေတာများ ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် နောက်ပိုင်း MPT (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) ၏ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်သည် နှစ်လကြာကာလအတွင်း အသုံးပြုသူ အရေအတွက် ၃ သန်းနီးပါး လျော့ကျသွားခဲ့သည်ဟု သိရသည်။
MPT သည် ဇန်နဝါရီလအတွင်း အသုံးပြုသူအရေအတွက် ၁၁ သန်းကို ပိုင်ဆိုင်ထားရှိခဲ့သော်လည်း မတ်လအကုန်တွင် အသုံးပြုသူ အရေအတွက် ၈.၄ သန်းကိုသာ ပိုင်ဆိုင်တော့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် သိရသည်။
သတင်းဖော်ပြချက်များအရ Telenor သည် အသုံးပြုသူ အရေအတွက် ၆.၄ သန်းကို မေလ စာရင်းဇယားအရ ပိုင်ဆိုင်ထားပြီး Ooredoo အနေဖြင့် အသုံးပြုသူ အရေအတွက် ၃.၃ သန်းကို မတ်လ စာရင်းဇယားများအရ အသီးသီး ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် မတ်လအကုန်တွင် မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ခန့်မှန်းခြေ ၄.၄ သန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လအကုန်၌ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ၁၈.၁ သန်း ရှိခဲ့ကြောင်း တယ်လီဖုန်း သိပ်သည်းဆအနေဖြင့် ဖော်ပြပါက ၄၅ ရာ ခိုင်နှုန်းဝန်းကျင် တည်ရှိကြောင်း သိရသည်။
ယခင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းကသာ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို ချုပ်ကိုင်ထားရှိခဲ့သော်လည်း Ooredoo သည် ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်၍ မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို မြန်မာနိုင်ငံ၌ စတင်ဝန်ဆောင်မှု ပေးအပ်ခဲ့သည်။ အလားတူ Telenor သည်လည်း ၂၀၁၄ ခုနှစ် စက်တင်ဘာလမှစတင်၍ မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို ပေးအပ်ခဲ့သည့်အတွက် တယ်လီကွန်း အခန်းကဏ္ဍသည် ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ငါးနှစ်အကြာ စီမံကိန်းကို ချမှတ်၍ ကွန်ရက်ချဲ့ထွင်ခြင်း လုပ်ငန်းများကို အော်ပရေတာများက လုပ်ကိုင်နေကြခြင်းဖြစ်ပြီး Ooredoo အနေဖြင့် 3G ကွန်ရက်ကို ချဲ့ထွင်နေပြီး Telenor အနေဖြင့် 2G နှင့် 3G ကွန်ရက်ကို တိုးချဲ့ နေသည်ဟု သိရသည်။ အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း ၎င်းတို့၏ ကွန်ရက်ကို 3G အဆင့်မြှင့်တင်နိုင်ရန် လုပ်ကိုင်နေခြင်း ဖြစ်သည်။
http://www.internetjournal.media/news/2642
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ