Monday, May 18, 2015



တစ်ချို့  fet နဲ့  sot လေးတွေဟာ ပတ်လမ်းပေါ်မှာ ပုံစံခြင်းတူနေတတ်ပါတယ်။
ဒီလိုအခြေအနေမှာ fet ကိုဘယ်လိုတိုင်းရမှန်းမသိ၊sot ကို ဘယ်လိုင်းရျမှန်းမသိသေးတဲ့
ညီငယ်များအတွက် တတ်နိင်သလောက်ပုံလေးတွေနဲ့ရှင်းပြထားပါတယ်။
အနဲငယ်သဘောပေါက်မယ်ဆိုရင် ကြိုးစား ပြီးလေ့ကျင့်လိုက်ရင် အဆင်ပြေသွားမှာပါ။
လမ်းလျှောက်တတ်ဖို့ ပဲလိုတာပါ။ပြေးတာခုန်တာကတော့ လေ့ကျင့်ရင်းဖြစ်သွားမှာပါ။

SOT -Small out-line transistor
sot လေးတွေကို ချာဂျင်ပိုင်းမှာ current driver အဖြစ်အသုံးပြုကြပါတယ်။
၎င်း sot လေးတွေကောင်းမကောင်းမီတာနဲ့ တိုင်းမယ်ဆိုရင် မီတာကို x1 စကေးမှာထားပြီး
sot ဧ။် ခြေထောက်လေးတွေကိုလှည့်ပတ်တိုင်းကြည့်ပါ။ မီတာတံ အနီကိုထောက်ထားပြီးအမဲတံနဲ့
ကျန်နှစ်ငုတ်ကို တလှည့်စီတိုင်းကြည့်တဲ့အခါ မီတာတံသည် တူညီသောစကေးတစ်ခုတွင်ပြနေပါက
၎င်း sot သည် PNP အမျိုးအစားဖြစ်ပါသည်။ အနီတံထောက်ထားသောငုတ်မှာ sot ဧ၊် base (b) ငုတ်ဖြစ်
ပြီး ကျန်နှစ်ငုတ်မှာ collecort (c) ,emitter (e) ငုတ်တို့ ဖြစ်ပါတယ်။အကယ်ရ်ျ မီတာတံအနက်ကို
ထောက်ထားပြီးကျန်ငုတ်များကိုတလှည့်စီတိုင်းကြည့်လို့ တူညီတဲ့ စကေးတစ်ခု ပြနေရင် sot သည်
NPN အမျိုးအစားဖြစ်ပါသည်။ အမဲတံထောက်ထားသောငုတ်မှာ base(b) ဖြစ်ပြီး ကျန်ငုတ်နှစ်ခုမှာ
collector (c) ,နဲ့ emitter (e) တို့ ဖြစ်ပါတယ်။ပုံတွင် sot နှစ်လုံးကိုမီတာဖြင့်တိုင်းပြထားပါတယ်။

တကယ်လို့ မိမိတိုင်းသည့် sot ရှော့ဖြစ်နေပါက မည်သည့်ငုတ်ကိုတိုင်းတိုင်း ပတ်ခြာလည်ရှော့ပြနေပါမည်။
အကယ်ရ်ျ ငုတ်များအားလုံးလှည့်ပတ်တိုင်းသော်လည်းမည်သည့်ငုတ်မျှ ထိစပ်မှုမပြပါက ၄င်း sot
ပျက်စီးနေပါပြီ။ ကောင်းမွန်သော sot တစ်လုံးသည် base ကိုသက်ဆိုင်ရာ မီတာ တံတစ်ခုထောက်ပြီး
ကျန်ငုတ်နှစ်ခုကိုတစ်လှည့်စီ တိုင်းကြည့်ပါက တူညီသော 0hm တန်ဖိုးကို ပြနေပါမည်။

FET –Field –Effect-Transistor
fet များကို ဗို့ လမ်းကြောင်းပေါ်တွင် အဖွင့်အပိတ် ပြုလုပ်ပေးသော voltage driver အဖြစ်အသုံးပြုကြပါတယ်။ အများအားဖြင့် ပါဝါအိုင်စီ အတွက် လိုအပ်တဲ့ VPH PWR လမ်းကြောင်းပေါ်
တွင် ခလုပ်တစ်ခုကဲ့ သို့ လုပ်ဆောင် ပါတယ်။fet ကောင်းမကောင်းမီတာဖြင့်တိုင်းလိုလျှင် x1 စကေးတွင်ထားပါ။ fet ဧ၊် ငုတ်နှစ်ငုတ် ပါသော ဖက်တွင် ၊ ကြိုက်နှစ်သက်ရာ ငုတ်တစ်ငုတ်တွင်
မီတာတံအနက်ကိုအသေထားပါ။ အနီတံဖြင့် ကျန်တစ်ငုတ်ကို တစ်ချက်ထိရုံလေးထိလိုက်ပါ။ပြီးလျှင်
လုံးဝမထိရသေးသော ငုတ်ကို အနီတံထောက်ကြည့်လိုက်ပါ။မီတာတံ အဆုံးထိပြနေပါက မိမိ တစ်ချက်ထိ
လိုက်သော ငုတ်မှာ fet ဧ၊် gate(g) ငုတ်ဖြစ်ပါတယ်။ကျန်ငုတ်နှစ်ခုမှာ drain(d) ,source (s) တို့ ဖြစ်ပါတယ်။
ဒီလို gate ကို သိသွားရင်တော့ ပိုမိုလွယ်ကူသွားပါပြီ။ gate ငုတ်လေးကို လက်ကလေးဖြင့်ဖြစ်စေ မီတာ
တံ အနီရောင်လေးနဲ့တစ်ချက်တို့ ပြီး (s) နှင့် (d) ကို ပြန်တိုင်းကြည့်တဲ့အခါ လုံးဝအဆက်အသွယ်မပြတော့
တာကိုတွေ့ ရပါမယ်။ဒီလို gate ဖွင့် ပေးချိန်မှာ (d) နှင့် (s) တို့  အဆက်အသွယ် ပြပြီး၊gate ကိုပိတ်လိုက်
လျှင် (d) နှင့် (s) အဆက်အသွယ်မပြတော့ပါက ၄င်း fet ကောင်းမွန်ပါသည်။ လုံးဝမပြခြင်း
ရှော့ပုံစံ ငုတ်အားလုံးပြနေခြင်းတို့ ဖြစ်နေလျှင် ၄င်း fet မကောင်းတော့ပါ။
ပုံတွင် fet အကြီးတစ်လုံးဖြင့် တိုင်းပြထားပါသည်။ဖုန်းတွင်အသုံးပြုထားသော fet မှာ
P-Channel အမျိုးအစားဖြစ်ပါတယ်။

ဖိုး စပ် စု