
ကိုယ့် ကလေးပဲ ဖြစ်ဖြစ်၊ အသိ အကျွမ်းရဲ့ ကလေး ကိုပဲ ဖြစ်ဖြစ် Tablet ပေးကိုင် သင့် မသင့် ကို စဉ်းစားနေ ရပြီလား။ ကလေး တွေဟာ သူတို့ လက်ထဲမှာ တစ်ခု ခုကိုင်လို့ ရတဲ့ အရွယ် ရောက်ပြီ ဆိုတာနဲ့ အီလက် ထရွန်နစ် တွေကို လည်း ကိုင်စပြု လာပါလိမ့်မယ်။ ကိုယ့်အိမ်မှာရှိတဲ့ Smartphone တို့ Tablet တို့မှာ လက်ဗွေရာ သေးသေးလေး တွေ စတွေ့ပြီ ဆိုရင်တော့ ဒီကိစ္စကို စဉ်းစား ရတော့မှာပါ။
အောက်ပါ အချက် အချို့က သင့်ကို ကူညီပေးမှာပါ
-ငယ်ရွယ်တဲ့ကလေးတွေကို Tablet ပေးမကိုင်ပါနဲ့
ကလေးတွေက ခလုတ်တွေကို နှိပ်တာ ၊ ဗီဒီယိုကြည့်တတ်တာနဲ့ ကွန်ပျူ တာတစ်ခုကို ကိုင်ဖို့ အဆင်သင့်ဖြစ်ပြီ လို့ မဆိုလိုပါဘူး။ အသက် ၂ နှစ်အောက် ကလေးတွေဟာ တကယ့်လက်တွေ့ဘဝနဲ့ ဆက်ဆံရေးတွေ ကြောင့် သင်ယူနိုင်စွမ်းအများဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ သူတို့ကို Tablet တစ်ခုပေးကိုင်လိုက်ရင် တကယ့် လက်တွေ့သင်ယူမှု အားနည်းသွားနိုင်ပါတယ်။
- မူကြိုအရွယ်အထိ စောင့်ပါ
ငယ်ရွယ်တုန်း ပေးမကိုင်တာ မှန်ပေမဲ့ မူကြိုအရွယ် ၃-၄ နှစ်ဝန်းကျင်ဆိုရင် ကလေးတွေဟာ မီဒီယာကနေ သင်ယူတတ်လာပြီး ပညာရေးအထောက်အကူပြုတဲ့ အရာတွေကို ကြည့်ခြင်းအားဖြင့် အကျိုးကျေးဇူးအများကြီးဖြစ်နိုင်ပါတယ်။
- စောင့်ကြည့်ပါ
အသက်အရွယ်အပေါ်မှာ မူတည်ပြီး Tablet ပေးကိုင်သင့်မကိုင်သင့်ကို ဆုံးဖြတ်တာဟာ အမြဲတမ်းတော့ မမှန်ကန်ပါဘူး။ ဒါကြောင့်ကလေးတွေကို ပေးကိုင်တိုင်း စောင့်ကြည့်သင့်ပြီး သူတို့ကို Tablet တစ်ခုပေးထားပြီး လွှတ်မထားသင့်ပါဘူး။ အိပ်ယာဝန်းကျင်မှာ TV, Computer, Tablet တို့ကို မထားသင့်ဘဲ သူတို့သုံးနေတုန်းမှာလည်း ကိုယ်ပါ ပါဝင်ပြီး စကားပြောဆက်ဆံသင့်ပါတယ်။ ကလေးဟာ App အသစ်တစ်ခုကို စမ်းသုံးမယ် ဆိုရင် သူ့ကို ဒီအကြောင်း မေးခွန်းတွေမေးပြီး မတူညီတဲ့ ရှုထောင့်ကနေ သင်ကြားပေးလို့ရပါတယ်။ ဒီလေ့ကျင့်ခန်း "Co-viewing" ကို TV ကြည့်နေတုန်းလည်း လုပ်လို့ရပြီး ကလေးတစ်ယောက်ရဲ့ စိတ်ကူးကျယ်ပြန့်မှု အားကောင်းအောင် လုပ်ပေးလို့ရပါတယ်။
- ဘာကို ကြည့်တယ် ဆိုတာလည်း အရေးပါပါတယ်
ကလေးတစ်ယောက်ကို Tablet ပေးကိုင်လိုက်တာနဲ့ သင်ကြားမှု လုပ်နိုင်မယ် လို့တော့ မဟုတ်ပါဘူး။ ကိုယ်သူ့ကို ပေးသုံးတာက ဘာ App တွေလဲ၊ ဘာ ဗီဒီယိုတွေ ကြည့်နေတာလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သင်ယူလေ့လာတဲ့ Educational App တွေကို ပဲ သုံးတာ ပိုကောင်းပါတယ်။ အခုအချိန်မှာ အင်တာနက်မှာ ပညာရေးအတွက် ထုတ်ထားတဲ့ App တွေ အများကြီးရှိနေပြီးပါပြီ။
Credit to: PhewMyanmar
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ