Thursday, May 7, 2015

2
Acer က Acer Iconia One 8 (B1-820) နှင့် Iconia Tab 10 (A3-A30) တက်ဘလက် အသစ်နှစ်လုံးကို ကြေညာလိုက်ပါသည်။

Acer Iconia One 8 (B1-820) ကို ဈေးနှုန်း သက်သာစေရန် ပြုလုပ်ပေးထားပြီး ရှစ်လက်မ 1280x800p Display တပ်ဆင်ထားပါသည်။ Quad-Core Intel Atom Processor မောင်းနှင်မည် ဖြစ်ပြီး 1GB RAM ပါရှိပါသည်။ Android 5.0 ထည့်သွင်းပေးထားပြီး 16GB or 32GB Storage ရွေးချယ်နိုင်ပါသည်။ ဘက်ထရီသက်တမ်းမှာ ၈.၅ နာရီ ဖြစ်ပါသည်။

Iconia Tab 10 (A3-A30) ကို ပညာရေး အထောက်အကူပြု တက်ဘလက် အဖြစ် ပြုလုပ်ပေးထားပြီး Google Education Ecosystem နှင့် ပူးပေါင်းဖန်တီးထားပါသည်။ ၁၀.၁ လက်မအရွယ် 1920x1200p IPS Display, 2GB RAM ပါရှိပါသည်။ 16GB, 32GB or 64GB Storage များရွေးချယ်နိုင်ပါသည်။ Quad-Core Intel Atom Processor နှင့် Android 5.0 မောင်းနှင်မည် ဖြစ်သည်။

တက်ဘလက်နှစ်ခုစလုံးတွင် Zero Air Gap နည်းပညာကို အခြေပြုထားသော မျက်နှာပြင်များနှင့် ထိတွေ့အသုံးချမှုတွင် ကောင်းမွန်စေရန် Acer Precision Plus ပါရှိပါသည်။ တက်ဘလက်နှစ်ခုစလုံးတွင် 5MP Rear Camera ပါရှိပါသည်။ One 8 တွင် 0.3MP Front Camera နှင့် Tab 10 တွင် 2MP Front Camera တပ်ဆင်ပေးထားပါသည်။

Iconia One 8 ကို ဇူလိုင်လတွင် မြောက်အမေရိက ၌ ဒေါ်လာ ၁၄၅ ဖြင့် ရောင်းချမည် ဖြစ်သည်။ Iconia Tab 10 ကို မေလတွင် မြောက်အမေရိက ၌ ဒေါ်လာ ၂၉၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

Myanmar Digital Life Journal