Phone အသုံးပြုသူတော်တော်များများဟာ ကိုယ့်ဖုန်းရဲ့ ဘယ်နေရာဟာ ဘယ်လိုနေရာအတွက်
သုံးထားလဲဆိုတာကို သိရှိကြတဲ့လူရှိကြသလို၊ မသိရှိသူများလဲရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့်
ဖုန်းတစ်လုံးရဲ့ Sensor ဟာ ဘယ်နေရာတွက် အသုံးပြုထားသလဲဆိုတာလေးကို ကျွန်တော့်အသိနဲ့
ကျွန်တော့်အမြင်လေးကိုတင်ပြပေးလိုက်ပါတယ်။
ကျွန်တော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံး ဖုန်းခေါ်ပြီးစကားပြောကြတဲ့အခါ ဖုန်းကိုနားရွက်နဲ့ကပ်လိုက်ရင်
Screen လေး မှိတ်သွားတာ အားလုံးသိပါတယ်။ ဒါဟာ ဘာကြောင့်မှိတ်သွားလဲ ဆိုတာကိုတော့
သတိထားမိကြချင်မှ ထားမိပါမယ်။ ဒါဟာ တကယ်တော့ Sensor ကနေ အလုပ်လုပ်ပေးတာ
ဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ် အလုပ်လုပ်ပေးနေတဲ့ နေရာတွေလဲ ရှိပါသေးတယ်။
အခုနောက်ပိုင်း ဖုန်းတော်တော်များများမှာပါတဲ့ ဖုန်းကို လက်နဲ့မထိပဲ လက်ကိုဝှေ့ရမ်းယုံနဲ့
ဓာတ်ပုံတွေကို ရှေ့တိုးနောက်ဆုတ် လုပ်တာတို့ / သီချင်းကျော်တာတို့ ပြုလုပ်ရန် .........
ဖုန်းလာနေတုန်း ဖုန်းကိုမှောက်လိုက်ရင် Ringtone သံပိတ်သွားတာတို့ စတာတွေ အလုပ်လုပ်ပေးပါတယ်။
ဒါကြောင့် Sensor ဟာလဲ ဖုန်းတစ်လုံးအတွက် အရေးပါလှတာကြောင့် သူ့ကိုထိခိုက်မှု မရှိအောင်
အသုံးပြုနိုင်ရန်လိုအပ်ပါတယ်။ Sensor ဟာဖုန်းရဲ့ ဘယ်နေရာမှာပါဝင်လဲဆိုတာကိုပါ ကျွန်တော်
ပုံလေးနဲ့ပြပေးပါမယ်။
.
အပေါ်ကပုံမှာပါဝင်တဲ့ အရှေ့ကင်မရာလေးရဲ့ ဘေးကဟာကတော့ Sensor လေးပဲဖြစ်ပါတယ်။
ဒီ Sensor လေးဟာ ထိခိုက်လဲ လွယ်ပါတယ်။
ပြုတ်ကျရင်ပဲဖြစ်ဖြစ်၊ ဖိမိတဲ့အခါပဲဖြစ်ဖြစ် Sensor ကို ထိခိုက်တတ်ပါတယ်။ ဒီလို ထိခိုက်မိခဲ့ရင်တော့
ပြန်ပြင်လို့ ရရင်ရ၊ မရရင်တော့ ပြန်လဲဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါကြောင့် Sensor လေးကို
မထိခိုက်စေရန် ဂရုတစိုက် အသုံးပြုကြစေချင်ပါတယ်။
Screen Guard ဟောင်းနေလို့ ဆိုင်တွေမှာ သွားကပ်ကြတဲ့အခါမှာလဲ Sensor ကို အုပ်မိစေတဲ့
Screen Guard ကို မကပ်မိစေရန်လဲ လိုအပ်ပါတယ်။ Screen Guard ကပ်တဲ့အခါ လူတိုင်းလိုလို
သတိထားကြမှာ မဟုတ်ပါဘူး။ နောက်မှ သုံးနေရင်းနဲ့ ဖုန်းလာတဲ့အခါမျိုးကျမှ ကိုယ့်ဖုန်းကို
အသုံးပြုတဲ့အချိန် ဖုန်းကိုင်လိုက်တာနဲ့ Screen ဟာ အလိုလိုပိတ်သွားတာမျိုး ကြုံပြီဆိုရင်
ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။
အဲလိုဆိုရင်တော့ ကိုယ်ကပ်လာမိတဲ့ Screen Guard ဟာ Sensor ကို သွားအုပ်မိနေတာ
ဖြစ်တာကြောင့် Sensor ဟာ အလုပ်မလုပ်ပေးနိုင်တော့တာ ဖြစ်ပါတယ်။ ဆိုင်ကိုပြန်မသွားသေးပဲ
Screen Guard ကို ပြန်ခွာပြီး စမ်းကြည့်လိုက်ရင်တော့ အဆင်ပြေသွားတတ်ပါတယ်။
ဒါကြောင့် Screen Guard ကပ်ကြတဲ့အခါမှာလဲ Sensor ကို အုပ်မိသွားမယ့် Screen Guard မျိုးကို
မကပ်မိကြစေရန် အသိတစ်ခုအနေနဲ့ တင်ပြပေးလိုက်ရပါတယ်။
ကျွန်တော့်ရဲ့ အသိနဲ့အမြင်လေးကို တင်ပြပေးလိုက်ခြင်းဖြစ်တာကြောင့် အမှားတစ်စုံတစ်ရာပါရင်
ဖြည့်တွေးပြီး ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။
Ko Htoo ( MMAS )
≡≡ ဖုန်းရဲ့  Sensor ဟာ ဘယ်လိုနေရာအတွက် သုံးထားတာလဲ ? ≡≡
on