Friday, April 24, 2015

Analog Multimeterမှာဘာတွေပါလည်းကြည့်ရအောင်
(၁)Reading Scale (ဖတ်ရှုရန် စကေးဇယားကွက်များ)
(၂)Pointer (ညွန်ပြတံ)
(၃)Zero Corrector (သုညအမှတ် ချိန်ညှိရန်)
(၄)Zero Ohm Adjust (သုည Ω ချိန်ညှိ၇န် ခုလုပ်)
(၅)Range Scale (တိုင်းတာသည့် စကေးဇယားကွက်)
(၆)Range Selector (တိုင်းတာသည့်စကေးရွေးချယ်ရန် ခုလုပ်)
(၇)Commond Socket ( အနှုတ်(Negative) ၀င်ပေါက်)
(၈)Positive Socket (အပေါင်း ၀င်ပေါက်)
တို့ ဆိုပြီးပါရှိပါသည်။
(၁)Reading Scale (ဖတ်ရှုရန် စကေးဇယားကွက်များ)
Reading Scale ကွက်တွင် အဓိကအားဖြင့် မျဉ်းကွေးသုံးကြောင်းပါရှိပါသည်။
(၁)ပထမမျဉ်းကွေး Resister တိုင်းတာရန်
(၂)ဒုတိယမျဉ်းကွေး DC Volt , AC Volt ,DC Amperတိုင်းရန်
(၃)တတိယမျဉ်းကွေး AC (10) Volt တိုင်းရန်
(၂)Pointer (ညွန်ပြတံ)
Pointer သည် တိုင်းတာလိုက်သည့်အခါ လက်ဝဲဘက်မှ လက်ယာဘက်သို့ ရွေ့ လျားလာပါလိမ့်မည်။သူရှိရမည့် တန်ဖိုးတစ်ခုခုတွင် Pointer ရပ်တန့် သွားပါမည်။၎င်းနေရာသည် တိုင်းတာသည့် Component ရဲ့ လက်ရှိတန်ဖိုးဖြစ်ပါသည်။
(၃)Zero Corrector (သုညအမှန် ချိန်ညှိ၇န်)
လက်ဝဲဘက်တွင် Pointer ကိုကွက်တိဖြစ်အောင် ထားရမည်။ မဖြစ်ပါက Button ကိုလှည့်ပြီးချိန်ညှိပါ။
(၄)Zero Ohm Adjust (သုည Ω ချိန်ညှိ၇န် ခုလုပ်)
Range Selector ကို X1 တွင်ထားပြီးအနီလက်တန် နှင့် အနက်လက်တန် ကိုထိပြီးတက်လာသော Pointerကို0Ω တွင် ကွက်တိဖြစ်အောင် ထားရပါမည်။မဖြစ်ပါကButtionကိုဘယ်ညာလှည့်ပြီး ချိန်ညှိ၇ပါမည်။
(၅)Range Scale (တိုင်းတာသည့် စကေးဇယားကွက်)
Ω တန်ဖိုးတိုင်းတာရန်စကေး ၊ AC Volတိုင်းတာရန်စကေး ၊ DC Volတိုင်းတာရန်စကေး ၊DC mA တိုင်းတာရန်စကေး ၊ BATT (Battery) တိုင်းတာရန်စကေးဟူပြီး (၅)မျိုးရှိပါတယ်။
(၆)Range Selector (တိုင်းတာသည့်စကေးရွေးချယ်ရန် ခုလုပ်)
မိမိတိုင်းတာလိုသည့် အသေးစိတ်စကေးကို Range Selector ဖြင့်ပြောင်းရွေ့  ရွေးချယ်ခြင်းပြုလုပ်နိုင်ပါသည်။
(၇)Commond Socket ( အနှုတ်(Negative) ၀င်ပေါက်)
(၈)Positive Socket (အပေါင်း ၀င်ပေါက်)
Ω Scale ဖြင့် တိုင်းတာခြင်း
Ω Scale တွင် Resistor များ၏ Ω တန်ဖိုးကိုတိုင်းတာပါမည်။Ω တိုင်းတာစကေးတွင် X1 , X10 , X100 , X1K , X10K စသည်ဖြင့်ဖော်ပြထားရာ ၄င်းတို့ သည် မြောက်ဖော်ကိန်းများဖြစ်ကြောင်းသိထားရပါမည်။Resistor တစ်လုံးကိုတိုင်းတာသည့် အခါ X10 တွင်ထားပြီးတိုင်းတာပါကဇယားတွင် (၃၀)ကိုညွန်ပြနေလျှင် ၃၀ ကို ၁၀ ဖြင့် မြောက်ပြီးရလာသော ၃၀၀သည် resistor ၏တန်ဖိုး 300Ω ဖြစ်ပါသည်။
၎င်းအပြင် ဆက်သွယ်မူကောင်း၊မကောင်းကိုတိုင်းတာရန်အတွက် X1 တွင်ထားပြီးတိုင်းတာနိုင်သလို
မီးလုံးကောင်း ၊ မကောင်း။
Diode ကောင်း ၊ မကောင်း ။
Condenser ကောင်း ။မကောင်း။
Transformer ကောင်း ၊ မကောင်း။
Mic ကောင်း ၊မကောင်း။
Speaker ကောင်း ၊မကောင်း။
Transistor ငုတ် ရွေးချယ်ခြင်းကောင်း ၊မကောင်း။
Fuse ကောင်း ၊မကောင်း။ စသည် တိုကိုတိုင်းတာနိုင် ပါသည်။
AC Volt တိုင်းတာခြင်း
AC တိုင်းတာစကေးတွင် 10 , 50 , 250 ,1000 စသည်ဖြင့်ဖော်ပြထားပါသည်။ဥပမာအိမ်သုံးလျှပ်စစ်သည် AC 220 Volt ဖြစ်သောကြောင့် 220 V ထက်များသော 250 တွင်ထားပြီးတိုင်းတာလျှင်
ACV ဟုရေးထားသောမျဉ်းကြောင်းတွင် 220 သို့ ဖော်ပြနေပါမည်။
အကယ်ရ်ျ 220 ထက်များသော 1000 တွင်လည်းတိုင်းတာနိုင်ပါသည်။ 220ထက် နည်းသော 10 , 50 တွင်တော့တိုင်းတာ ရ်ျမရနိုင်ပါ။တိုင်းတာခဲ့လျှင် Fuse ပြတ်သွားမည်ဖြစ်သည်။1000 တွင်ထားပြီးတိုင်းတာမည် ဆိုပါက ACV တွင် ဖော်ပြထားသော 50,100,150,200,250 တို့ မဟုတ်တော့ဘဲ၎င်းတို့ နေရာတွင် 200,400,600,800,1000 တို့ ဖြစ်သွားပါမည်။အဘယ်ကြောင့်ဆိုသော် အကွက် 5 ကွက်ကို 1000 ဟုသတ်မှတ်ထားသဖြင့် 1000 --ံ့ 5=200 ဖြစ်သောကြောင့် ဖြစ်ပါသည်။ထိုကြောင့် 50 ကျော် အစိတ် 2စိတ်တွင်ပြနေပါမည်။ ၄င်းသည် 50 ကို 200 ဟုသတ်မှတ်ထားသဖြင့် 220 ဟုပြနေခြင်းဖြစ်ပါသည်။ အကယ်ရ်ျ 50တွင် ထားမည်ဆိုပါက 50 --ံ့ 5 =10 ဖြစ်သော်ကြောင့် 10,20,30,40,50 တို့ ဖြစ်ပြီတိုင်းတာလို့ မရနိုင်ပါ။
DC Volt တိုင်းတာခြင်း
DCV တွင် 0.1,0.5,2.5,10,50,250,1000ဟုဖော်ပြထားသည်။ AC volt တိုင်းခြင်းကဲ့သို့ ပင် အတူတူဖြစ်သည်။အနီလက်တံသည် + ဖြစ်ပြီးအနက်လက်တံသည် - ဖြစ်သည်။ Reading Scale တွင်
2,4,6,8,10 ဟုဖော်ပြထားသည်။ထိုအတွက်ကြောင် 10 တွင်ထားပြီးတိုင်းလျှင် 10Volt ထက်နည်းသော DC Volt များကိုတိုင်းတာနိုင်သည်။ ဥပမာ 12 Volt Battery တစ်လုံးကိုတိုင်းမည် ဆိုလျှင်စကေး 50 တွင်ထားပြီးတိုင်းရမည်။ထို့ ကြောင့် 2,4,6,8,10 နေရာတွင် 10,20,30,40,50 ဟုမှတ်ယူပြီးတိုင်းတာပါလေ။
DC Amperတိုင်းတာခြင်း (DC mA)
စက်တစ်လုံး လျှပ်စီးစားသုံးခြင်းမည်မျှရှိသည်ကိုတိုင်းတာခြင်းမှာAmperတိုင်းတာခြင်းဖြစ်သည်။ Analog Multimeterတွင် DC Amperသာတိုင်းတာနိုင်ပြီး AC Amperကိုတိုင်းတာခြင်းမပြုနိုင်ပါ။
Volထုပ်ပေးမည့် Power Supply နှင့် Volများကိုသုံးစွဲမည့် စက်တို့ ၏ ကြားတွင်မီတာကို ကြားခံပြီးတိုင်းတာရပါမည်။AC Vol ,DC Volတိုင်းတာစဉ်ကကဲ့သို့ ထောက်တံနှစ်ခုကိုတိုက်ရိုက် ထောက်ပြီးတိုင်းတာခြင်းမပြုရပါ။
တိုင်းတာခြင်းမပြုမီမီတာကိုAmperတိုင်းတာနိုင်သောစကေးကွက်သို့ ပြောင်းရွေလှည့်ရာတွင် Amperအများဆုံးတိုင်းတာနိုင်သည့် စကေးသို့  လှည့်ပေးရမည်။လိုအပ်မှသာအနည်းဘက်သို့  တစ်ဆင့်ပြီးတစ်ဆင့် တိုင်းတာရမည်။
ထိုနောက် Power Supply မှ ထွက်ရှိလာသောအနှုတ်ဗို့ ကိုသုံးစွဲမည့်စက်၏ အနုတ်ဗို့ နေရာသို့ တိုက်ရိုက်ဆက်သွယ်ပါ။Power Supply မှ ထွက်ရှိလာသောအပေါင်းဗို့ နေရာတွင် မီတာ၏အနီလက်တံကိုထောက်ပါ။ထိုနောက် မီတာ၏အနက်လက်တံကိုတိုင်းတာမည့် စက်၏အပေါင်းဗို့ ပေးသွင်းရမည့် နေရာတွင်ထောက်ပါ။ပြီးလျှင် ပါဝါခုလုပ်ကို ဖွင့်လိုက်ပါ။ထိုအခါ Amperကိုတိုင်းတာနိုင်ပါပြီ။
၊ BATT (Battery) တိုင်းတာရန်
နောက် တစ်ကွက်ကတော့ Battery 1.5V နှင့် 9V တို့ ကိုအလွယ်တကူတိုင်းတာနိုင်ရန် ပြုလုပ်ထားခြင်းဖြစ်ပါသည်။DC Volတိုင်းတာခြင်းနှင့်အတူတူဖြစ်ပါသည်။
Analog Multimeterကိုအလွယ်တကူသုံးစွဲနိုင်ကြပါစေ။. . . . .

Ko Nay Myo