Sunday, August 3, 2014











ဒီနည်းကိုတောင်းဆိုထားလို့ ဘာဘီ ရေးထားတာ ကြာပါပြီး ဒါပေမယ့် ဖုန်းပျက်သွားလို့ Page နဲ့ အဆက်သွယ်ပြတ်သလိုဖြစ်သွားတယ် ဒါကြောင့်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်
ဘာဘီမှာ ဖုန်းပဲရှိတဲ့အတွက် ဖုန်းနဲ့ လုပ်တဲ့ နည်းကိုပဲ ပြောပြပါမယ် ကွန်ပျူတာတွေနဲ့ လုပ်နိုင်ရင်တော့ပိုကောင်းပါတယ်
ဖုန်းအတွက်လိုအပ်တဲ့ app တွေ အရင်ဒေါင်းလိုက်ပါ
Root Explorer
https://www.dropbox.com/s/xjccjfj88j6fbpl/Root%20Explorer.apk
ZipSigner
https://www.dropbox.com/s/iz9gfm7djs7oj20/ZipSigner.apk
Frozen Keyboard (အရင် အဟောင်း ဗားရှင်းပါ)
https://www.dropbox.com/s/7s8kin17fmlq245/frozenkb.apk
ဒေါင်းပြီးရင် install လုပ်လိုက်ပါ ပြိးရင်စကြရအောင်
၁ . Root explorer မှ မိမိ frozenkb ရှိတဲ့နေရာကို သွားလိုက်ပါ
၂ . အဲ apk ကို rename ကိုနှိပ်ပြီး နောက်က .zip ဟုအပိုပေါင်းထည့်ပေးလိုက်ပါ
၃ . zip folder ဖြစ်သွားပါမည် အမှန်ခြစ်ပြီး extract all လုပ်လိုက်ပါ
၎ . ပြီးသွားရင် ဒီလိုပေါ်လာပါမယ် Go To Extract ကိုနှိပ်လိုက်ပါ
၅ . frozenkb.apk ဆိုတဲ့ folder တစ်ခုတွေ့ပါမယ် အဲဒီ folder ထဲဝင်လိုက်ပါ
၆ . ပြီးရင် res >>> drawable-mdpi
ထိဝင်လိုက်ပါ
၇ . btn_keyboard_key_normal.9.png
ဆိုတဲ့ ပုံကိုရှာလိုက်ပါ
၈ . ပြီးရင် အဲဒီ ပုံ size အတိုင်း photo eidit တစ်ခုခု နဲ့ မိမိလိုချင်တဲ့ပုံတစ်ခု လုပ်လိုက်ပါ
၉ . drawable-mdpi ထဲကို သွားပြီး
btn_keyboard_key_normal.9.png
ဆိုတဲ့ မူရင်းပုံကိုဖျက်ပြီး မိမိ လုပ်ထားတဲ့ ပုံနဲ့ အစားထိုးလိုက်ပါ အစားထိုးတဲ့ ပုံကို ဖျက်လိုက်တဲ့ပုံရဲနာမည်ပဲပေးရပါမယ်
၁၀ . frozenkb.apk ဆိုတဲ့ folder ကို အမှန်ခြစ်ပြီး zip this folder နှိပ်လိုက်ပါ
၁၁ . ပြီးရင် Go to zip ကိုနှိပ်လိုက်ပါ frozenkb.apk.zip ဆိုပြီး zip ဖိုင်တစ်ခုတွေ့ပါမယ် root explorer မှ home ကိုနှိပ်ပြီးထွက်လိုက်ပါ
၁၂ . ZipSigner ထဲဝင်ပြီး choose in/out ဆိုတာနှိပ်လိုက်ပါ Speedsoftware>>>Archives ထိသွားလိုက်ပါ ခုနက လုပ်ခဲ့တဲ့ zip ဖိုင်တွေ့ပါမယ် နှိပ်လိုက်ပါ
၁၃ . ပြီးရင် sign the file ကိုထပ်နှိပ်ပြီးခဏစောင့်ပါ ပြီးရင်ထွက်လိုက်ပါ
၁၄ . ပြီးရင် Root Explorer ထဲပြန်ဝင်ပါ ခုနက နေရာမှာ signed ပါတဲ့ zip ဖိုင်တစ်ခု ထပ်တွေ့ ပါမယ်
၁၅ . rename ကိုနှိပ်ပြီး frozen.apk ဟုပေးလိုက်ပါ
၁၆ . ဒါဆို frozen icon နဲ့ apk တစ်ခုဖြစ်သွာပါပြီး install လုပ်လိုက်ပါ
ပြိးရင် စာရိုက်မယ့်နေရာတစ်ခုဖွင့်လိုက်ပါ ခုနက လုပ်လိုက်တဲ့ theme ပြောင်းသွားပါပြီ

B4rb3 (Darli Myat Shuu)