Wednesday, April 22, 2015

RAM 4 GB ပါဝင်သော ကမ္ဘာ့ပထမဆုံး ဖုန်းဖြစ်သည့် Zenfone 2 ကို Asus မှ စတင် မိတ်ဆက်လိုက်ပြီး အဆိုပါဖုန်းကို အရှေ့တောင်အာရှ နိုင်ငံများတွင် စတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ASUS ၏ CEO Mr Jerry Shen က ဂျကာတာတွင် ပြုလုပ်သော မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။
"Zenfone 2 ကို ကမ္ဘာတစ်ဝန်းလုံးမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အချိန်တိုအတွင်း အားသွင်းနိုင်တဲ့စနစ် (Fast Charging) အပါအဝင် အခြားထူးခြားတဲ့ စနစ်တွေ ကို တွေ့ရမှာပါ" ဟု Mr Jerry Shen က ပြောသည်။
4G Lte စနစ် အထောက်အပံ့ပြုကာ ဆင်းမ်ကတ်နှစ်ခု ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အဓိကကင်မရာ 13 MP Auto Focus စနစ်နှင့် ရှေ့ကင်မရာ 5 MP အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
"အမှောင်ထဲမှာ ဓာတ်ပုံရိုက်လို့ရတဲ့ Low Light စနစ် ပါဝင်ပြီး ဓာတ်ပုံ၊ ဗွီဒီယိုတွေကို ၄၀၀ ရာခိုင်နှုန်းအထိ ပုံမှန်ထက် ထင်ထင်ရှားရှား မြင်နိုင်မယ့်စနစ် ဖြစ်ပါတယ်" ဟု ASUS ၏ Head of Mobile Marketing Mr Erik Hermans က ပြောသည်။
ယင်းအပြင် ကလေးငယ်များအတွက် သတ်မှတ်ချိန်အတွင်းသာ ကိုင်တွယ်ဂိမ်းကစားနိုင်မည့် Krds mode ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ အဆိုပါ Zenfone 2 ကို မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့လည်း မကြာခင် မိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းအားဖြင့် ဒေါ်လာသုံးရာကျော်ဝန်းကျင် ရှိမည်ဖြစ်ကြောင်း ASUS ၏ မြန်မာနိုင်ငံ ဆိုင်ရာ Country Product မန်နေဂျာ Ms.Debby က ပြောသည်။
၃၉ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မည့်စနစ်၊ အရှေ့ကင်မရာဖြင့် Panorama မြင်ကွင်းရိုက်နိုင်မည့် Selfie Panorama စနစ် အစရှိသည့် Zenfone 2 နည်းပညာသစ်များကို အရှေ့တောင်အာရှနိုင်ငံရှိ မီဒီယာများသို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ဖိတ်ခေါ်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
Zenfone 2 တွင် ပါဝင်သည့် စနစ်အချို့
Display- 5.5 inch IPS Full HD 1920x1080
Processor - The Latest Intel 64 bit Quad-Core
Main Camera- 13 MP Auto-Focus
Camera Tech for Low Light - Pixel Master Camera For Up to 400% brighter photo and video
Front camera - 5MP
Network- 4G Lte Cot 4, 4G Download Speed up to 150 Mbps
OS- Latest 64 bit Android 5.0 Lollipop
Memory- 4GB
SIM- Dual Sim
Colors- 5 Colors
Battery- 3000mAh

Credit : Internet Journal