Thursday, April 30, 2015

Sony သည် ၎င်း၏ဂျပန်ဘာ သာဝက်ဘ်ဆိုက်တွင် ရေစိုခံ And- roid စမတ်ဖုန်း Xperia Z4 ကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

Sony ၏ဂျပန်ဘာသာ ဝက်ဘ်ဆိုက်တွင် Xperia Z4 spec အနှစ်ချုပ်ကို ဖော်ပြထားပြီး ဂျပန်နိုင်ငံတွင် နှစ်လယ်ပိုင်းအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် Xperia Z4 ကို နိုင်ငံတကာတွင် မည်သည့်အချိန်၌ စတင်ရောင်းချမည်ကို Sony မှထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။ Z4 တွင် ၅.၂ လက်မ အရွယ်ရှိ full-HD display ပါဝင်လာပြီး ဖုန်း၏အထူမှာ ၆.၉ မီလီမီတာနှင့် အလေးချိန်မှာ ၁၄၄ ဂရမ်ရှိသည်။ Z4 ၏ဖုန်းမျက်နှာပြင် အကျယ်မှာ ၁၄၆ မီလီမီတာ x ၇၂ မီလီမီတာအပြင် ရုပ်ထွက် အရည်အသွေးမှာ 1,920 x 1,080 pixel ရှိသည်။ Sony ၏ Xperia စမတ်ဖုန်းများသည် စွမ်းဆောင်ရည် မြင့်ကင်မရာအပြင် ရေနှင့်ဖုန်ဒဏ် ခံနိုင်စေရန် ဒီဇိုင်း ထုတ်ထားခြင်းကြောင့် လူသိများသည်။

ယခင်ထွက်ရှိထားသည့် Z3 ကဲ့သို့ Z4 သည်လည်း ရှေ့ကင်မရာ 5megapixel နှင့် ကျောဘက်ကင်မရာ 20.7 megapixel တို့ပါဝင်လာသည်။ ထို့အပြင် Z4 တွင်ရေစိုခံ USB port ပါဝင်လာသောကြောင့် ယခင်ဖုန်းများကဲ့သို့ seal cap မလိုအပ်တော့ပေ။ Z4 ၏ဘက်ထရီမှာ 2,930 mAh ဖြစ်ပြီး 64-bit Qualcomm Snapdragon 810 ပရိုဆက်ဆာ၊ RAM 3GB နှင့် Android 5.0 တို့ပါဝင်လာကာ onboard storage 32GB အပြင် 128GB အထိတိုးချဲ့ အသုံးပြုနိုင်မည့် microSD slot တို့ ပါဝင်လာသည်။

Xperia Z4 ကို အဖြူ၊ အနက်၊ကြေးနီနှင့် အစိမ်းရောင်ဟူ၍ ထုတ်လုပ်ထားပြီး ဈေးနှုန်းကို ထုတ်ပြန်ခြင်း မရှိသေးပေ။

Ref : CNET
Internet Journal