Events Dashboard တွင် ကဏ္ဍအသစ်တစ်ခု ပါရှိလာမည် ဖြစ်ပြီး Notification များ
ရယူနိုင်ရန် Page များကို Subscribe ပြုလုပ်နိုင်မည် ဖြစ်သည်။ အဆိုပါ
Page များက သင်၏ အနီးအနားတွင် Event များ ပြုလုပ်သည့်အချိန်တွင် Facebook က
သင့်ထံ Notification ပေးပို့မည် ဖြစ်သည်။
Techcrunch ၏ အဆိုအရ ခလုတ် အသစ် တစ်ခုကိုလည်း Page များရှိ Like Button ၏ ဘေးဘက်တွင် ထည့်သွင်းပေးမည် ဖြစ်သည်။ ထိုမှတစ်ဆင့် Notification များကို Sign Up ပြုလုပ်နိုင်ပါသည်။ ခလုတ်အသစ်သည် Facebook က ယခုနှစ်အစောပိုင်းတွင် ထည့်သွင်းပေးခဲ့သော “ Call to Action “ ခလုတ်ကဲ့သို့ ပုံသဏ္ဍာန်ရှိမည် ဖြစ်သည်။
ခလုတ်အသစ်ကို Page များအားလုံးအတွက် ထည့်သွင်းပေးမည် ဖြစ်ပြီး Page ပိုင်ရှင်များအနေဖြင့် လုပ်ဆောင်ချက်တစ်ခုမျှ ပြုလုပ်ရန် မလိုအပ်ပါ။
Credit: Myanmar Digital Life Journal