ဒီနည်းကတော့ ကျွန်တော် ရှာတွေ့ထားတဲ့ နည်းလေးပါ။
ဖြစ်နိုင်ရင် ပြန်ကူးပြီး ဖေါ်ပြတာမျိုး မလုပ်ဘဲ မူရင်း ဒီpost ကိုပဲ ညွှန်ပေးစေချင်ပါတယ်။
ကိုထွန်းလင်း (ကသာ) ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
သူ့ရဲ့ အကူအညီ မပါရင် ဖြစ်လာမှာမဟုတ်ပါဘူး။
(emmc data ကို ပုံမှန်အားဖြင့် emmc chip (memory ic )ကို circuit ကနေ ဖြုတ်ပြီုး
မှ emmc data ကို read write လုပ်တဲ့ စက်(box )နဲ့ ရယူလို့ရတာပါ
အခု နည်းနဲ့ ဆိုရင် ကာဗာတောင် ဖြုတ်စရာမလိုပဲ ရယူနိုင်မှာပါ
Hardware သမားတွေအတွအကြိုက်တွေ့မယ့် နည်းလမ်းကောင်းပေါ့)
၁- ပုံမှာ ပြထားတဲ့ အတိုင်း Backup EMMC ကို ရွေးပေးပြီး Start ကိုနှိပ်ပါ။
၂- root လုပ်ထားပြီးသား ဖုန်းကို usb debugging on ထားပြီး ချိတ်လိုက်ပါ။ဖုန်းထဲမှာ sdcard 2gb လောက်တော့ ထည့်ထားရပါမယ်။
ပုံမှန် Pc suite တွေနဲ့ ချိတ်သလိုပါပဲ။
၃- ရွေးစရာ ပေါ်လာရင် ကိုယ် save ချင်တဲ့ နေရာကိုရွေးပေးပါ။
၎- အချိန် အတန်အကြာ စောင့်ပြီးသွားလျှင် ကိုယ် save ထားတဲ့ နေရာမှာ folder တစ်ခုရဲ့ အောက်မှာ emmc dataကို တစ်ဖိုင်ထဲ အနေနဲ့
တွေ့ရမှာပါ။
၅- အဲ့ဖိုင်ကို emmc data ဖြစ်ကြောင်း အာမခံပါတယ်။ ပြောလည်းပြောချင်ပါတယ် ပြောလည်းပြောရဲပါတယ်။
ပုံမှာ ပြထားတာ volcano box software ဖြစ်ပေမဲ့ gpgemmc box software မှာလည်းပါပါတယ်
ရှာကြည့်ပါ။
ဒီနည်းနဲ့ Mtk, Qualcomm chip သုံးဖုန်းတွေမှာ ကျွန်တော်တို့ စမ်းသပ်အောင်မြင်ပြီးသားပါ။
ရရှိပြီးသား emmc data ကိုဘယ်လို ပြန်ရေးမလဲ ဘယ်လိုနည်းကကောင်းလဲဆိုတာကတော့
နောက် post တစ်ခုမှာ ဆွေးနွေးကြတာပေါ့။
လေးစားစွာဖြင့်
ငလူ
Mobile Age (တောင်ကြီး)
www.ngaluu.com
https://www.facebook.com/mobile.age.tgi
Emmc Data ကို Adb Mode ကနေ ထုတ်ယူမယ်
on
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ