
Google
သည် developer များက ၎င်းတို့၏ app များကို Chrome browser အသုံးပြုသည့်
မည်သည့် desktop ပေါ်တွင်မဆို အသုံးပြုနိုင်ရန်အတွက် App Runtime for Chrome
(ARC) tool ကို ဖြန့်ချိခဲ့သည်။
ARC Welder ဟုခေါ်သည့် tool သစ်သည် Chrome app တစ်ခုဖြစ်ပြီး ၎င်းသည် click
အနည်းငယ် နှိပ်ရုံဖြင့် Android app ၏ APK ဖိုင်ကို desktop ပေါ်တွင်
အသုံးပြုစေနိုင်မည် ဖြစ်သည်။
သို့သော်လည်း ARC တွင် Play Services အားလုံး အသုံးပြုနိုင်ခြင်း
မရှိသေးသလို အချို့ app များတွင်လည်း in-app purchase ကဲ့သို့
ဝန်ဆောင်မှုများ အသုံးပြုနိုင်ခြင်း မရှိပေ။ သို့ရာတွင် Google အနေဖြင့်
မတူညီသည့် desktop platform များပေါ်တွင် ယခုထက်ပိုမိုသည့် app များ
အသုံးပြုနိုင်ရေးအတွက် မကြာမီ စီစဉ်ဆောင်ရွက်သွားဖွယ်ရှိကြောင်း သိရသည်။Ref: TheNextWeb
Internet Journal
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ