ဖိလစ်ပိုင်နိုင်ငံထုတ်
အမှတ်တံဆိပ်ဖြစ်သော Cherry Mobile ၏ နွေရာသီအထူးပရိုမိုးရှင်းအနေဖြင့်
Cherry Mobile Topaz မော်ဒယ်စမတ်ဖုန်းကို အထူးလျှော့ဈေးဖြင့် ၂၀၁၅ ခုနှစ်
မေလ ၁ ရက်မှ ၃၁ ရက်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပရိုမိုးရှင်းအစီအစဉ်အရ ယင်းကာလအတွင်း တန်ဖိုး ၅ဝ,ဝဝဝ ကျပ်ရှိသော Cherry Mobile Topaz မော်ဒယ်စမတ်ဖုန်းအား ၃၃,၉ဝဝ ကျပ်ဖြင့် Cherry Moible Showroom များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။
Topaz မော်ဒယ် စမတ်ဖုန်းသည် Telenor, Ooredoo နှင့် MPT အမျိုးအစား GSM SIM ကတ်များ ထည့်သွင်းအသုံးပြုနိုင်သော 3G ဟန်းဆက်ဖြစ်ပြီး GSM SIM ကတ်နှစ် ကတ် ထည့်သွင်း အသုံးပြုနိုင်သော Dual SIM ဟန်းဆက်ဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၃.၅ လက်မရှိပြီး အမြန်နှုန်း 1GHz ရှိသော Dual-core CPU, Mali 400MP GPU စနစ်များအပြင် WiFi b/g/n နှင့် Bluetooth 4.0 စနစ်များ ထောက်ပံ့ပါဝင်မည်ဖြစ် သည်။
2MP နောက်ဘက်ကင်မ ရာနှင့် VGA အမျိုးအစား ရှေ့ ဘက် ကင်မရာ များ ပါဝင်မည် ဖြစ်ပြီး Android OS v4.2 (Jelly Bean) ကို ထည့်သွင်း အသုံးပြုထားသည်။

Internet Journal
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ