Gmail Android App တွင် အီးမေးအကောင့်များစွာမှ အီးမေးများကို
တစ်နေရာတည်းတွင် ကြည့်နိုင်သည့် စွမ်းဆောင်ချက် ပါရှိလာပါသည်။ Google က
Android Version နောက်ဆုံး Update တွင် “ all inboxes” view
ကိုထည့်သွင်းပေးလိုက်ပြီး Google Email Account မဟုတ်သည့် အီးမေးများကို
ကြည့်ရှုရန်လည်း အဆင်ပြေလာပါသည်။
ယခင် Update တွင် Yahoo, Outlook တို့ကဲ့သို့ အခြား အီးမေးများကို အသုံးပြုနိုင်သည့် စွမ်းဆောင်ချက် ကို ထည့်ပေးလိုက်ခြင်း ဖြစ်ပြီး ယခု Update တွင် အခြား အီးမေးများကို လွယ်ကူစွာ ကြည့်ရှုနိုင်သည့် all inboxes ကို ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပါသည်။
ယခင်ကမူ အသုံးပြုသူများသည် အီးမေးများကို ဖတ်ရှုရန် သက်ဆိုင်ရာ အကောင့်ကို ကိုယ်တိုင် ပြောင်းလဲ ရခြင်း ဖြစ်ပါသည်။
Gmail တွင် ယခုအခါ အကောင့်အားလုံးမှ Email Threads များကို တစ်နေရာထဲမှ ကြည့်နိုင်သည့် စွမ်းဆောင်ချက်လည်း ပါရှိလာပါသည်။ ထို့အတွက် Reply များစွာ ပြုလုပ်ထားသော အီးမေးများကို သီးခြား အီးမေးတစ်ခုစီတွင် ကြည့်ရန် မလိုဘဲ Thread တစ်ခုထဲမှ ကြည့်နိုင်ပါသည်။ ယခင်ကမူ Gmail အကောင့် မဟုတ်သော အခြားအကောင့်များတွင် အဆိုပါ စွမ်းဆောင်ချက်ကို အသုံးပြုနိုင်ခြင်း မရှိပါ။
Myanmar Digital Life Journal

Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ