Monday, April 6, 2015


၂၀၂၄ ခုနှစ်တွင် ထုတ်ကုန်အများစု၌ ကြိုးမဲ့အားသွင်းစနစ် (wireless charging receiver) ထည့်သွင်း တင်ပို့မှု ၂ ဘီလီယံခန့်အထိ ဖြစ်လာဖွယ်ရှိကြောင်း သုတေသန ကုမ္ပဏီ တစ်ခုဖြစ်သော IHS ၏စစ်တမ်း အရ သိရသည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းတွင် ကြိုးမဲ့အားသွင်း စနစ်များ ၅၅ သန်း တင်ပို့ခဲ့သည်။ ထိုသို့တင်ပို့မှုသည် ၂၀၁၅ ခုနှစ်တွင် နှစ်ဆအထိ မြင့်တက်လာပြီး ကြိုးမဲ့အားသွင်းစနစ် သန်း ၁၂၀ အထိ တင်ပို့နိုင်ခဲ့ကြောင်း IHS က ဖော်ပြခဲ့သည်။ ကြိုးမဲ့အားသွင်း စနစ်အသုံးပြုမှု မြင့်မားလာခြင်းသည် နည်းပညာ လုပ်ငန်းအတွင်း အရေးအကြီးဆုံး အပြောင်းအလဲများကို ကိုယ်စားပြုနေပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ စမတ်ဖုန်းကို အားသွင်းရန် cord များကို အသုံးပြုနေရာမှ charging pad ပေါ်၌ ဖုန်းကိုတင်၍ အားသွင်းနိုင် မည် ဖြစ်သည်။

ယခုလ အစောပိုင်းတွင် Samsung က၎င်းတို့၏ Galaxy S6 နှင့် S6 Edge တွင်ကြိုးမဲ့ အားသွင်း စနစ် ထောက်ပံ့မှု ထည့်သွင်းပေးထားသည်။ ထို့အပြင် Apple ၏အသစ် ထွက်ရှိလာမည့် Apple Watch ၌လည်း ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့မှုများ ပါဝင်လာမည်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ပရိဘောဂ ပစ္စည်းများ ထုတ်လုပ်သည့် IKEA ကလည်း ကြိုးမဲ့အားသွင်း စနစ်ပါဝင်သည့် bundle ပရိဘောဂများကို လည်း စတင်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

Ref: CNET