Wednesday, April 15, 2015

 မင်္ဂလာပါ ကျွန်တော် သည်ဆောင်းပါးမှာဆော့ နည်းပညာနဲ့ပါတ်သက်လို့.. အမှတ်မထင် တွေ့ရှိ ဖြစ်ပျက်တတ်တဲ့ Virus တွေရဲ့ အကြောင်းထဲက Pdf Virus ဆိုတဲ့အကြောင်းလေးကို mmcollection.info မှရေးသားထားပြီး ဒဂုံသားလေးကနေပြန်လည် ဝေမျှထားပါတယ်  ဒါလေးကို ကွန်တော်အများသူငါ အမှတ်တမဲ့ဖြစ်နေတဲ့  အန္တရာယ်ကို သတိပြုမိစေရန် ပြန်လည် မျှဝေတဲ့သဘောနဲ့ ခုလို အများသိအောင်  တင်ပြလိုက်ခြင်းဖြစ်ပါတယ်... အောက်မှာ လေ့လာလိုက်ပါနော်..
နည်းပညာလေ့လာသူများ အွန်လိုင်းပေါ်မှ တင်ထားသော နည်းပညာ စာအုပ် များ ဒေါင်းလုပ်ရယူကြမှာ မလွဲပါဘူးဗျာ။ တစ်နေ့တော့ အွန်လိုင်းမှာ စာအုပ်တစ်အုပ် ကို ဒေါင်းလုပ်ရယူပြီး ဖွင့်ဖတ်တဲ့အချိန်မှာပဲ ၀င်းဒိုးဟာ Restart ဆိုပြီး ကျကျသွားပါတယ် ပြန်တက်မလာတော့ပါဘူး .. 
ဒါနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ၀င်းဒိုးကို ပြုပြင်ကြည့်ပါတယ် နောက်ဆုံး Recovery Image သုံးပြီး ၀င်းဒိုးကို Repair လုပ်ဖို့ကြိုးစားတာတောင်မှ ၀င်းဒိုးက ပြန်တက်မလာနိုင်တော့လို့ ၀င်းဒိုးအသစ်ပြန်တင် လိုက်ရပါ တယ် ဇာတ်လမ်းက ဒီမှာတင်မပြီးသေးပါဘူး .. အဲဒီအသစ်တင်လိုက်တဲ့ ၀င်းဒိုးကလည်း တစ်ခေါက်ပဲ ဖွင့်သုံးလိုက်ရသေးတယ် နာရီဝက်လောက်အကြာမှာ Restart ဆိုပြီး ပိတ်သွားလိုက်တာ ပထမ တစ်ကြိမ် လိုပဲ ပြန်မပွင့်ခဲ့တော့ပါဘူး .. ဒါနဲ့ ကျွန်တော်က Hard disk ကြီးတစ်ခုလုံးကို format ရိုက်ပြီး Clean Install နည်းနဲ့ ၀င်းဒိုးအသစ်ကို ပြန်တင်လိုက်မှ ၀င်းဒိုးဟာ အရင်လိုပဲ အဆင်ပြေပြေ နဲ့ ပြန်သုံး လို့ရသွားပါတယ် ဒါနဲ့ ကျွန်တော်လည်း အဲဒီ ebook ကို အွန်လိုင်းကနေ ပြန်ဒေါင်းယူပါတယ် ပြီးတော့ ၀င်းဒိုးကို Defreeze အရင်အုပ်ပါတယ် ပြီးတော့ အဲဒီ ebook ကို ဖွင့်ဖတ်ပါတယ် .. အရင်လိုပါပဲ .. Message Box လေးတက်လာပြီး Restart ကျသွားပါတယ် Defreeze အုပ်ထားတာဖြစ်တဲ့အတွက် မူလအခြေအနေမပျက် ၀င်းဒိုးပြန်တက်လာနိုင်ပါတယ် ဒါနဲ့ ကျွန်တော်က အဲဒီ ebook ကို Antivirus နဲ့ Scan လုပ်ကြည့်ပါတယ် ဗိုင်းရပ်မတွေ့ပါဘူး Online Virus Scan တွေနဲ့ပါ ထပ်စစ်ပါတယ် .. 
ဗိုင်းရပ်မတွေ့ပါဘူး .. ဒါနဲ့ အဲဒီ ebook ကို Resource Hacker ဆိုတဲ့ဆော့ဝဲနဲ့ဖွင့်ပြီး Coding တွေကို လိုက်စစ်လိုက်တဲ့ အခါ မှာတော့ သာမန် Data တွေကြားထဲမှာ JavaScript ကုဒ်တွေ ကို တွေ့လိုက်ရပါတယ် အဲဒီကုဒ်တွေကို သေချာလေ့ လာကြည့်တော့မှ File format တူရာအချင်းချင်းဆီကို ကူးစက်အောင် Command ပေးထားတဲ့ ဗိုင်းရပ်ကုဒ်တွေဖြစ်နေ တာကို တွေ့ရပါတယ် ဒါကြောင့်လည်း ပထမတစ်ကြိမ် ၀င်းဒိုး တင်တုန်းက တခြား Partition တွေထဲမှာရှိတဲ့ ebook တွေ ဆီကို ဗိုင်းရပ်ကုဒ်တွေ ကူးစက်နေလို့ အဆင်မပြေခဲ့တာဖြစ်ပြီ Hard disk ကို Format ရိုက်ပြီးတင်လိုက်တဲ့ ၀င်းဒိုးကျမှ အဆင်ပြေ သွားခဲ့တာဖြစ်ပါတယ် ဒါနဲ့ ကျွန်တော်လည်း Google မှာ pdf virus ဆိုပြီး ရိုက်ရှာလိုက် ...
PDF ဗိုင်းရပ်ဟာ ကမ္ဘာနဲ့အ၀ှမ်း တော်တော်လေးပြန့်ပွားနေ တဲ့ ကြောက်စရာဗိုင်းရပ်မျိုးဖြစ်ကြောင်း သိလာ ရပါတယ် pdf ဗိုင်းရပ်ဟာ exe ဖိုင်မျိုးမဟုတ်လို့ Antivirus ဆော့ဝဲတွေရဲ့ စစ်ဆေးမှုကနေ လွတ်မြောက်နိုင်ပါတယ် ကျွန်တော့်ကို အတယ်လို့ပဲဆိုဆို pdf virus ရှိတယ်ဆိုတာကို အရင်ကတစ်ကယ် မသိခဲ့ပါဘူး .. အခုသိလိုက်ရတဲ့အချိန်မှာ ချဲ့ထွင်စဉ်းစားကြည့်လိုက်တော့ pdf ဖိုင်ထဲမှာ Injection လုပ်မယ့် Java Script ကုဒ်တွေထဲမှာ keylogger လို အကောင့်တွေခိုးနိုင်တဲ့ ကုဒ်လိုမျိုးတွေများ Injection လုပ်လာခဲ့မယ်ဆိုရင် ......ဆိုတဲ့အတွေးနဲ့ တော်တော်လေးတုန်လှုပ်သွားမိပြီး ကျွန်တော့် အကောင့် အားလုံးကိုတောင် Password တွေ အမြန်လိုက် Change လိုက်မိတဲ့အထိပါပဲ ကဲ .. ဒါနဲ့ .. အဲဒီ PDF ဗိုင်းရပ်ရန်ကနေ ကာကွယ်နိုင်မယ့်နည်းလမ်းကို ရှာလိုက်ဖွေလိုက် ကလိလိုက်နဲ့ အခုတော့ အဆင်ပြေတဲ့နည်းပညာလေးတစ်ခုကို တွေ့ပြီမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် .. 

ကျွန်တော်တို့ဟာ pdf ဖိုင်တွေကို ဖွင့်ကြည့်ဖို့ Adobe Reader ... Adobe Acrobat တို့လို ဆော့ဝဲ မျိုးတွေကို သုံးလေ့ရှိပါတယ် ဘယ်ဆော့ဝဲကိုပဲ သုံးသုံး အဲဒီ ပရိုဂရမ်ကိုဖွင့်လိုက်ပါ ပြီးရင် Editကနေ Prefrence ကိုနှိပ်ပါ။
Foxit Reader သမားတွေကတော့ tools ကနေ သွားပါ။ ပွင့်လာတဲ့ထဲက Java Script ကိုနှိပ်ပြီး ညာဖက်ကပွင့် လာတဲ့ထဲမှာရှိတဲ့ Enable Java Script ရဲ့ရှေ့က အမှန်ခြစ်လေးကို ကလစ်ပေး   ပြီး ဖြုတ်ပစ်လိုက်ပါ ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် pdf ဗိုင်းရပ်ကို လုံးဝကာကွယ် ထားနိုင်ပြီဖြစ်ပါတယ် ။
အခုလိုကာ ကွယ်ထားပြီးပြီဆိုရင် Online က ရလာ တဲ့ pdf ဖိုင်တွေထဲမှာ ဗိုင်းရပ်ကုဒ်ကို Injection လုပ်ထားတဲ့ pdf virus များပါလာရင် အဲဒီ pdf ဖိုင်ကိုဖွင့်လိုက်တဲ့အခါ အောက်ကပုံအတိုင်း java script ကို ပိတ်ထား တဲ့အတွက် အဆင်မပြေကြောင်း Message လေးပါ ကပ်ပွင့်လာပါလိမ့်မယ် အဲဒီလို ဆို ရင်တော့ အဲဒီ pdf ဖိုင်မှာ ဗိုင်းရပ်မဟုတ်ခဲ့ရင်တောင် java script ကုဒ်တွေကို Injection လုပ်ထား ပြီဖြစ်ပါတယ် ကဲ .. အဆင်ပြေကြပါစေဗျာ... တွေ့ရှိသော နည်းလမ်းကောင်းလေးများကို ဆက်လက် ဝေမျှ ပေးနေပါမယ်... အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်..