တစ်နေ့အလုပ်ချိန် ၈ နာရီထဲက လူမှုကွန်ရက်ပေါ်မှာ အချိန်ဘယ်လောက် ဖြုန်းခဲ့သလဲဆိုတာ သတိထားမိသလား။ စစ်တမ်းတွေအရ လူမှုကွန်ရက် အသုံးပြုသူတွေဟာ အလုပ်ချိန်ထဲက တစ်နေ့ကို မိနစ် ၄၀ မက အချိန်ဖြုန်းနေတယ်လို့ PC Mag ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီထက်တောင် ပိုနိုင်ပါတယ်။
ဘာကြောင့် စွန့်ခွာမှာလဲ
လူမှုကွန်ရက်တွေက ကိုယ့်ရဲ့ အချိန်တွေကို ဖြုန်းနေပါတယ်။ အလုပ်ချိန်ထဲက တစ်နေ့ကို တစ်နာရီ အချိန်ဖြုန်း ပစ်နေတယ်ဆိုရင် တစ်ပတ်ကို အလုပ်ချိန်ထဲက ငါးနာရီ အချိန်ကုန်ပါတယ်။ တစ်လကို နာရီ ၂၀ အချိန်ဖြုန်း နေတယ်ဆိုတာ တစ်လမှာ တစ်ရက်နီးပါး အချိန် ဖြုန်းပစ်လိုက်တာပါပဲ။ အလုပ်ချိန်ကို ထိခိုက်လာတာဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ လူမှုကွန်ရက်ပေါ်က တွေ့သမျှကို ယုံကြည်နေလို့ မရပါဘူး။ ဒါ့အပြင် လူမှုကွန်ရက်တွေက စစ်မှန်တဲ့ ပေါင်းသင်း ဆက်ဆံရေးနဲ့ တကယ် လိုအပ်တဲ့ အထောက်အပံ့တွေကို မပေးနိုင်ပါဘူး။ အမုန်းစကားတွေ၊ ကောလာဟလ သတင်းတွေနဲ့ ဝါဒဖြန့်နေတဲ့ သူတွေကြောင့် လူမှုကွန်ရက်တွေက စိတ်ပျက်စရာ ဖြစ်လာပါတယ်။ ဆိုက်ဘာ အနိုင်ကျင့်မှုတွေကြောင့် လက်တွေ့ဘဝမှာပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလောက်ဆိုရင် ဘာကြောင့် စွန့်ခွာသင့်တယ် ဆိုတဲ့ မေးခွန်းအတွက် လုံလောက်မယ် ထင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း စွန့်ခွာဖို့ကတော့ မလွယ်လှပါဘူး။ လူမှုကွန်ရက်တွေကို ဘယ်လိုစွန့်ခွာမလဲဆိုတာကို PC Mag ရဲ့ အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။
အသုံးပြုတဲ့ ပမာဏကို စောင့်ကြည့်ပါ
တစ်နေ့စာ ကိုယ်အသုံးပြုလိုက်တဲ့ အချိန်နဲ့ အင်တာနက် အသုံးပြုမှု ပမာဏကို စောင့်ကြည့်ဖို့ PC Mag က တိုက်တွန်းပါတယ်။ WiFi ဧရိယာတွေ အများကြီးမရှိသေးတဲ့ နိုင်ငံမှာ မိုဘိုင်းဖုန်း ကနေတဆင့် အသုံးပြုနေတယ်ဆိုရင် ကိုယ်အသုံးပြုတဲ့ ပမာဏအလိုက် ငွေကုန်နေမှာဆိုတော့ ဒီနည်းလမ်းက ထိရောက် နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဘယ်လောက်အထိ အချိန်ဖြုန်းနေတယ် ဆိုတာသိရရင် လူမှုကွန်ရက်ကို စွန့်ခွာဖို့ အထောက်အပံ့ဖြစ်မှာပါ။
မိတ်ဆွေစာရင်းကို လျှော့ချပါ
လူမှုကွန်ရက်ပေါ်က ကိုယ့်ရဲ့ မိတ်ဆွေစာရင်းကို လျှော့ချတဲ့ နည်းလမ်းကလည်း လူမှုကွန်ရက်က မစွန့်ခွာရင်တောင် အချိန်တော်တော်များများ အသုံးပြုနေမှုကို ရပ်တန့်နိုင်မှာပါ။ ကိုယ့်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မလိုအပ်တဲ့ အချက်အလက်တွေ ပြည့်နေတာက ကိုယ့်ကို အချိန်ပိုကုန်စေပါတယ်။ အပြုသဘော မဆောင်တဲ့သူတွေ၊ ရိုင်းစိုင်းသူတွေ၊ မလိုအပ်တဲ့သူတွေကို Unfriend လုပ်ပစ်နိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် သူ့ရဲ့ လုပ်ဆောင်ချက်တွေ လုံးဝမမြင်ရအောင် Block လုပ်ပစ်နိုင်ပါတယ်။
သတိပေး အချက်ပြစနစ်တွေ ပိတ်ထားပါ
SMS အပါအဝင် လူမှုကွန်ရက်ပေါ်က တစ်ခုခုအသစ် ကိုယ့်ဆီဝင်လာတိုင်း အချက်ပြတဲ့စနစ်ကို ပိတ်ထားပါ။ ဒါက ထိရောက်ပါတယ်။ Notification တွေက လူမှုကွန်ရက်တွေကို ဝင်ကြည့်ဖြစ်နေအောင် တိုက်တွန်းနေတာပါ။ ဒါကို ပိတ်ထားမယ်ဆိုရင် လူမှုကွန်ရက်ကို ဝင်ကြည့်တဲ့ အကြိမ်ရေ သိသိသာသာ လျော့သွားပါလိမ့်မယ်။
လူမှုကွန်ရက်ပေါ်က ကိုယ့်ရဲ့ အကောင့်ကို ဖျက်ပစ်ပါ
PC Mag ရဲ့ ဒီအကြံပြုချက်ကတော့ လူမှုကွန်ရက်ကို စွန့်ခွာဖို့ ရာနှုန်းပြည့် အကူအညီပေးပါလိမ့်မယ်။ လူမှုကွန်ရက်ပေါ်က ကိုယ့်အသုံးပြုနေတဲ့ ပရိုဖိုင်နဲ့ အကောင့်ကို ဖျက်လိုက်ပြီ ဆိုမှတော့ လူမှုကွန်ရက်ထဲကို ဝင်ရောက် အသုံးပြုဖို့ကို မလိုတော့တာပါ။ အခက်အခဲတော့ ရှိတာပေါ့။ ဒါပေမယ့် အချိန်ကုန်ပြီး စိတ်ညစ်နေရ တယ်ဆိုရင် လုပ်သင့်ပါတယ်။ လူမှုကွန်ရက်ပေါ်က ရမယ့်ကောင်း ကျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘေးထွက် ဆိုးကျိုးတွေကို မခံနိုင်တော့ဘူးဆိုရင် PC Mag ရဲ့ အကြံပြုချက်တွေက လူမှုကွန်ရက်ကို စွန့်ခွာဖို့ အထောက်အပံ့ တစ်ခု ဖြစ်လာမှာပါ။
Mizzima News
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12

Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ