Huawei P8 တွင် ၅.၂ လက်မအရွယ် 1080p Display တပ်ဆင်ထားပြီး မျက်နှာပြင်၏
ဘယ်၊ ညာ ဘေးဘောင်များကို အလွန်သေးငယ်စေရန် ပြုလုပ်ထားပါသည်။ မျက်နှာပြင်ကို
နှစ်ချက်တို့ထိရုံဖြင့် Screenshot ရိုက်ကူးနိုင်သကဲ့သို့ မျက်နှာပြင်ရှိ
အစိတ်အပိုင်းတစ်ခုကို လက်ဖြင့် Crop ပြုလုပ်၍ Screenshot
ရိုက်ကူးနိုင်ပါသည်။ Android 5.0 နှင့်အတူ Emotion UI 3.1 ကို
ပေါင်းစပ်ထည့်သွင်းထားပါသည်။
အနောက်ဘက် 13MP Camera က အလင်းရောင်နည်းပါးသည့်နေရာများတွက် ရုပ်ထွက်ကောင်းသော ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပြီး Optical Image Stabilization နည်းပညာပါရှိပါသည်။ Huawei က DSLR အရည်အသွေးများကို ပုံဖော်ပေးနိုင်သည့် သီးခြား Image Processor ကိုထည့်သွင်းထားသည်ဟု ပြောပါသည်။ အနောက်ဘက်ကင်မရာသည် 1080p Video များကို ဖမ်းယူပေးနိုင်ပြီး အရှေ့ဘက်တွင် 8MP Camera ပါရှိပါသည်။
Huawei P8 ကို Octa-Core Cortex-A53 Processor များတပ်ဆင်ထားသည့် Kirin 935 Chipset က မောင်းနှင်မည် ဖြစ်သည်။ P8 တွင် Apps များစွာ ထည့်သွင်းအသုံးပြုသော်လည်း ဘက်ထရီ သက်တမ်းသည် နှစ်ရက်ကျော် အသုံးခံသည်ဟု ကုမ္ပဏီက ပြောပါသည်။ အလွန်အကျွံ အသုံးပြုလျှင် ၁.၅ ရက်အသုံးခံပါသည်။ P8 တွင် 2680mAh Battery ထည့်သွင်းထားခြင်း ဖြစ်ပါသည်။
SIM Card နှစ်ခု အသုံးပြုနိုင်ပြီး Card Slot နှစ်ခုစလုံးသည် 4G LTE ကိုအထောက်အပံ့ပေးပါသည်။ Huawei က P8 အတွက် Cases များစွာကို ထုတ်လုပ်ရောင်းချမည် ဖြစ်သော်လည်း အထူးခြားဆုံးမှာ နေရောင်ထဲတွင် စာကောင်းစွာ ဖတ်ရန် အဆင်ပြေစေသည့် ၄.၃ လက်မအရွယ် e-ink cover ဖြစ်ပါသည်။
Huawei P8 ကို အရောင်နှင့် Storage အလိုက် နှစ်မျိုးထုတ်လုပ်ရောင်းချမည် ဖြစ်သည်။ 16GB Model ကို ယူရို ၅၀၀ သတ်မှတ်ထားပြီး 64GB Model သည် ယူရို တစ်ရာပိုမိုများပြားပါသည်။ P8 ကို ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာဖရိကတို့တွင် ဦးစွာ ရောင်းချပေးမည် ဖြစ်သည်။
Credit: Myanmar Digital Life Journal

Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ