ကြိုပြောပါရစေ ဒီနည်းက Computer ကနေ internet browser ကနေ သုံးနေသူတို့အတွက်
အလွန်လွယ်ကူသော နည်းလမ်းတစ်ခုပါ
အရေးကြီးတာက မိမိ ဒေါင်းလိုသည့် Video Link ပါ URL လို့ ခေါ်ပါတယ်
ဥပမာ Youtube ပေါ်က ဇော်ကကနေသည် ဇာတ်ကားကိုဒေါင်းချင်တယ်ဆို
အောက်ကပုံလေးအတိုင်း အပေါ်ဆုံးက address bar က အပြာနဲ့ ၀ိုင်းထားတဲ့ URL ကို Copy ယူလိုက်ပါ
copy link
ပြီးရင် http://en.savefrom.net/ ကိုသွားပါ
အောက်ပါပုံအတိုင်းတွေ့ရမည်
2
copy ယူခဲ့သည့် URL ကို paste လုပ်ပေးပါ
ပြီးရင် Download ကိုနှိပ်၍ ခဏစောင့်ပါ
3
အောက်ပါအတိုင်း ပေါ်လာလျှင် ကြိုက်နှစ်သက်ရာ Format ဖြင့် Download လုပ်နိုင်ပါပြီ ။
အများစုက MP4 360p နဲ့ Download လုပ်ပါသည်။ အရည်အသွေးပေါ်မူတည်၍ File Size ပြောင်းလဲသွားပါမည်
4
~~~~~~~~~~~
Facebook ကျတော့ Link ယူတတ်ဖို့လိုပါတယ်...
ဥပမာ အောက်က ဗီဒီယိုလေးဆိုရင် Video ဆိုတဲ့ စာလေးကို Right click နှိပ်လိုက်ပြီး link ကို copy ယူပါမယ်
ဒါကြောင့် copy link address ကို နှိပ်လိုက်ပါတယ်။
5
ဒါဆို သူ့ URL က https://www.facebook.com/video.php?v=352695668267840 ပါ
အဲဒါကို ခုနက အတိုင်းပဲ
http://en.savefrom.net/ ကိုသွားပါ
ကျန်အဆင့်များကို ဆက်လုပ်လိုက်ပါ...
မှတ်ချက် = mobile ကနေ သုံးသူတွေအတွက်လည်း ဤနည်းက သုံးနိုင်ပါသည် သို့သော် facebook app , youtube app များမှဆိုလျှင် သာမန်
user များအဖို့ link copy မယူတတ်နိုင်ပါ။ တကယ်ဒေါင်းချင်ရင်တော့ mobile ထဲက browser တစ်ခုခုနဲ့ သုံးပြီး URL copy ယူလိုက်ပါ။
en.savefrom.net ကဲ့သို့ ဆိုဒ်ပေါင်းများစွာရှိပါတယ်
ဥပမာ
များစွာရှိပေမယ့် ဒီဆိုဒ်လေးက ကျွန်တော်သုံးလို့ အကောင်းဆုံးဖြစ်လို့ပါ...။။
အားလုံးကို ကျေးဇူးတင်ပါတယ် မိတ်ဆွေများအတွက် ပြန်လည်မျှဝေနိုင်ပါတယ်
အောင်ကျော်ခိုင်(ဆော့ဝဲမြို့တော်)
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ