Wednesday, March 11, 2015

Samsaung Phone Firmware တင်နည်း Root လုပ်နည်း
မင်္ဂလာပါ ကျွန်တော် သိသလောက် လေ့လာမိသလောက်ပေါ့ သည်နည်းပညာလေးကတော့ Samsaung Galaxy ဖုန်းတွေကို Firmware တင်နည်း လေးဘဲဖြစ်ပါတယ်.. ကျွန်တော် သိသလိုရေးထားတာမို့ အမှားယွင်းပါရှိခဲ့ရင် နားလည် ပြင်ဆင် ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ.. သည်နည်းလမ်းလေးမှာ နမူနာအနေနဲ့ကတော့ Samsaung Galaxy S-III ဖုန်းတလုံးကို တင်ပြပေးထားပါတယ်..တခြားသောဖုန်းများကိုလည်း မည်သည့် Samsaung ဖုန်းမဆို နည်းလမ်းတူတူပါဘဲ.. အသုံးပြုတဲ့ FIRMWARE...ROOT တွေသာကွာခြားသွားမှာဖြစ်ပါတယ်။ သေခြာ ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါမယ်နော်...ဖုန်းတလုံးအတွက် ဖန်ဝဲလ်တင်တော့မယ် Root  လုပ်မယ် ဆိုရင်တော့လိုအပ်တာတွေကတော့ သိရှိပြီးဖြစ်မှာပါ..
(1) Firmware   Software
(2) Odin  Software
(3) Root Software
(4) USB Driver
စတာတွေဘဲဖြစ်ပါတယ်..အားလုံးဒေါင်းထားပြီဆိုတာနဲ့ စတင်လို့ရပါပြီ...
ပထမဆုံး မိမိတို့ ကွန်ပျူတာမှာ ဖုန်းနဲ့ချိတ်ဆက် ဖို့အတွက် USB Driver ဆိုတာလိုပါမယ်(ဖုန်းအလိုက်ပေါ့)
ကွန်ပျူတာမှာ RUN ပေးလိုက်ရမှာဖြစ်ပါတယ်..နောက်
(1) Firmware   Software  (2) Odin  Software  (3) Root Software စတာတွေကိုလည်း
မိမိတို့ကွန်ပျူတာ ထဲမှာ ဒေါင်းလို့ရလာတဲ့ Zip ဖိုင်လေးတွေကို အသီးသီး ဖြည်ပေးထားလိုက်ပါ..
ဒါဆို ဖန်ဝဲလ်တင်ဖို့ စတင်ကြပါစို့...နော်.. ပထမဆုံးဖုန်းကို စတင်ပြင်ဆင်ပါ့မယ်..
ဖုန်းမှာ USB Debugging ဆိုတာကို 0n ပေးထားဖို့လိုပါလိမ့်မယ်..အဲအတွက်
Phone Setting >> About Phone >> Developer Option တိုင်းသွားပြီး အထဲက
USB Debugging ကိုအမှန်ခြစ်ပေး လိုက်ပါ။ ( မှတ်ချက် ။    ။ အကယ်၍ Developer Option ကိုမတွေကရှိခဲ့ပါက About Device ထဲက Build Number ဆိုတာပေါ်မှာ ဖြည်းဖြည်းခြင်း နဲ့ ( ၇ ) ချက် တိတိ ကလစ်ပေးလိုက်ပါ..နံပါတ်လေးတွေ တက်လာပါမယ်..ဥပမာ-4,3,2,1,ပြီးတာနဲ့ Back တချက်ပြန်ဆုတ်လိုက်ပါ တွေ့ရပါမယ်...။ အိုကေ ဖုန်းကို Power 0ff ပေးလိုက်လို့ရပါပြီနော်..
ဖုန်းအတွက် ဒေါင်းလို့ရထားတဲ့ ဖန်ဝဲလ်....Root  စတဲ့ဖိုင်တွေကို ကွန်ပျူ တာပေါ်မှာ ဖိုင်ဖြည်ထားကြမယ်..အသင့်အနေအထားပေါ့ဗျာ..
ဒေါင်းလို့ရလာသော Zip ဖိုင်လေးတွေကို အပေါ်ပုံမှာပြထားသလို Double Click သို့မဟုတ် Right Click >> Eserct File ဆိုတာဖြင့် ဖြည်လိုက်ပါ။ ( Firmware နဲ့ Root ဖိုင်၂-ခုစလုံးအဲလိုဖြည်ပေးပါ)
ဖိုင်ဖြည်လိုက်တာနဲ့ အတွင်းမှာ မိမိတို့ အသုံးပြုရမည့်  Firmware သို့မဟုတ် Root ဖိုင်လေးတွေ တွေ့မြင်ရမှာဖြစ်ပါတယ် အပေါ်ကတိုင်းပေါ့နော်.. ဒါဆို အဲဖိုင်လေးတွေ ရှိတဲ့နေရာကို သေခြာ မှတ်ထားပါ..( ဒါမှမဟုတ် အဲဖိုင်လေးတွေကို အလွယ်တကူရယူနိုင်ဖို့ Destop ပေါ်မှာ တင်ထားလိုက်ပါ)နောက်တဆင့် အနေနဲ့ ဒေါင်းထားသော Odin ဖိုင်ကိုဖွင့်လိုက်ပါ အထဲက Odin ဆိုတဲ့ အပြာရောင်လေးကို Run ပေးလိုက်ပါနော်... ဒါဆို စတင်လို့ရပါပြီ...
ဖုန်ကို download moad ဝင်ပါ။ power + home+ volume down ကိုတွေဖိထားပြီ Warning !! တက်လာရင် Volume up ကိုတချက်ဖိ ပေးပါ{continue ပေါ့}
ဖုန်းနဲ့ ကွန်ပျူ တာကို USB ကြိုးဖြင့် ချိတ်ဆက်ပေးလိုက်ပါနော်... ချိတ်မိလိုက်တာနဲ့ Odin မှာအချက်ပြမှာဖြစ်ပါတယ်.. 
အပေါ်ကပြထားတဲ့အတိုင်း Message ဘောက်လေးထဲမှာ ဖုန်းနဲ့ချိတ်မိကြောင်းကုဒ်အနည်းငယ်ကျလာပါမယ်.. ဒါဆို Firmware ဖိုင်လေးကို ယူဖို့အတွက် AP ဆိုတဲ့ စာလေးကို ကလစ်ပေးလိုက်ပါနော်..ဘောက်တစ်ခုတက်လာမယ်.. မိမိတို့ စောစောက ဖိုင်ဖြည်ထားတဲ့ ဖိုငလေးဆီအရောက်သွားလိုက်ပါ...။ ကျနော်ကတော့ ရှာဖို့လွယ်အောင် ဒက်စတော့ပေါ် ထားပါတယ်။
အပေါ်ကပုံမှာပြထားသလို  ဖန်ဝဲလ် ဖိုင်လေးကို ထည့်လိုက်ပါနော်..ဖန်ဝဲလ်ဖိုင်ကိုတချက်ကလစ်ပေးပါ နောက်အောက်က Open ဆိုတာကလ်စလိုက်ပါ။
ဖန်ဝဲလ်ဖိုင်လေး Odin မှာဝင်လာတာနဲ့ AP နောက်ကဖန်ဝဲလ်ဖိုင်စာတန်းလေးကိုမြင်ကြရမှာဖြစ်ပါတယ်..
ဒါဆို ဖန်ဝဲလ်တင်နိုင်ပါပြီနော်.. အောက်မှာ ရှိနေတဲ့  Start ဆိုတာကလစ်ပြီး စတင်လိုက်ပါ...အချိန်အနည်းငယ် စောင်းဆိုင်းရပါမည်...
ပြီးတာနဲ့အပေါ်မှာပြထားသလို PASS ဆိုပြီး ပြလာမှာဖြစ်ပြီး ဖုန်း ပါဝါတက်လာမှာဖြစ်ပါတယ်နော် ဒါဆို ဖုန်းတလုံးအတွက် ဖန်ဝဲလ်တင်ခြင်း ပြီးမြောက်အောင်မြင်ပြီလို့ ပြောလို့ရပါပြီ...
ROOT  ဖေါက်နည်းတက်လက်ရှင်းပြပါမည်
=======================
ကွန်ပျူ တာနဲ့ ဖေါက်နည်းကတော့ ဖန်ဝဲလ်တင်နည်းအတိုင်းဘဲ လုပ်ဆောင်ချက်ခြင်း အတူတူဖြစ်ပါတယ်.. ROOT ဖိုင်ကိုတော့ မိမိတို့ ဖုန်းအမျိုးအစားအလိုက် ဒေါင်းယူထားရမှာဖြစ်ပါတယ်.. ကျွန်တော် သည်နည်းကို CF Auto Root ဆိုတဲ့နည်းလေးနဲ့ ဖေါက်ပြထားပါတယ်.. ကဲ စလိုက်ကြရအောင်
မှတ်ချက် ။   ။ သည်နည်းနဲ့ မဟုတ်ပါလည်း APK ( သို့ ) Vroot ( သို့ ) King Root စသည့်မိမိ နှစ်သက်ရာ ကိုအသုံးပြု နိုင်ပါကြောင်း
အပေါ်ကလမ်းစဉ်အတိုင်း ဖုန်းကို ပါဝ်ပိတ်လိုက်ပါ နောက်   Download Mode ထပ်ဝင်လိုက်ပါ။
power + home+ volume down ကိုတွေဖိထားပြီ Warning !! တက်လာရင် Volume up ကိုတချက်ဖိ ပေးပါ{continue ပေါ့}
 
 ကျွန်ပျူ တာမှာ မိမိတို့ ဖြည်ထားတဲ့ ROOT  ဖိုင်လေးကိုထည့်ဖို့ AP ကလစ်ပါ။
 
 CF Auto Root ဖိုငလေးကို ထည့်ပေးလိုက်ပါ။
ပြီးတာနဲ့ Start ဆိုတာကလစ်လိုက်ပါ  သည်ကောင်ကတော့ ဖန်ဝဲလ်တုန်းကလို အချိန် ပေးစောင့်နေဖို့မလိုပါဘူး တခဏလေးအတွင်းမှာဘဲ ပြီးဆုံးမှာဖြစ်ပါတယ်  ပြီးတာနဲ့ ဖုန်းအော်တိုပါဝါကျမယ် ပြန်တက်လာမယ်..ဒါဆို မိမိတို့ ဖုန်းအတွက် ROOT လုပ်ဆောင်ခြင်းအောင်မြင်ပါပြီ....နော် အစစအဆင်ပြေပါစေလို့ ဆုတောင်းရင်း

ဘလော့ခရီးသည်
www.aungsanmks.com