Friday, March 13, 2015

မင်္ဂလာပါ
ဒီပိုစ့်လေးကို ကွန်ပျူ ကိုင်ဆောင်ထားတဲ့ သူတိုင်း
အထူးသဖြင့် DTP ညီအကိုများအနေဖြင့် ဖတ်ထားသင့်တဲ့
Virus သတ်နည်းလေးဖြစ်ပါတယ်။

အခုနောက်ပိုင်းထွက်ထားတဲ့ Microsoft Office 2013 နဲ့
ဆိုရင်တော့ပိုပြီး အဆင်ပြေပါတယ် ကျနော် အခုအင်စတော
လုပ်ပြီးသုံးနေတာ တစ်နှစ်တောင်ပြည့်တော့မယ် တကယ်လို့
ကောင်းပါတယ် Office 2013 က 2007,2010 ထက် ပိုမြန်ဆန်မှု
ရှိပြီး တည်ဆောက်ထားတဲ့ Template ချင်း တအားကွာပါတယ်။
အခု ကျနော်ကတော့ Office 2013 ကို အသုံးပြု ပြီး ဒီ Macro Virus
အမျိုးအစားကို သုတ်သင်နည်းကို ပြပေးသွားမှာပဲဖြစ်ပါတယ်။

Macro Viruses ဆိုတာကတော့ အမြဲတမ်းလိုလို
ကြုံ တွေ့နေရတဲ့ Office documents ကြောင့်ဖြစ်ပေါ်လာတဲ့
Virus တစ်မျိုးပါ။ doc, .ppt စသဖြင့် ပေါ့ ဖိုင်တွေ ထပ်ဆင့်
ပွါးနေတဲ့ စိတ်ပျက်စရာ Virus တစ်မျိုးပေါ့။

တကယ်လို့ Macro Viruses သာ ကွန်ပျူ တာမှာ ရှိနေပြီဆိုရင်တော့
ကွန်ပျူ တာကို ဖွင့်လိုက်တာနဲ့ အဲဒီ Virus က သူ့အလိုလို
ဖိုင်တွေ ပွါးယူနေတာ နေရာအနှံ့ပဲ။ မြင်ရင် အကုသိုလ်ဖြစ်တယ်။

ဒီ Virus ကို Macro Language ဖြင့် ရေးသားထားတာဖြစ်ပါတယ်
ဒီ Virus ကိုတော့ ထိုင်းဝမ် No,1B ကပိုင်ဆိုင်တယ်လို့သိရပါတယ်။
Operating System အတွက် အလုပ်များစေတဲ့ Virus တွေထဲက
တစ်မျိုးပေါ့။ Infectious လို့ခေါ်တဲ့ ကူးစက်ပြန့်ပွါးတတ်တဲ့ Virus
အမျိုးအစား ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လောက်ပဲ File to File ကူးစက်စက်
Folder to Folder လုပ်နေပလေ့စေ ဘာ Antivirus ဆော့ဝဲမှာ
မလိုပဲ ဒီ Virus ကိုသပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
Microsoft Office ကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဒီပြသနာကို
အဖြေရှာဖို့အတွက်လည်း ဒီ Office ကိုပဲအသုံးချတတ်ရင်
Macro Virus အမျိုးအစားကို ကောင်းကောင်းပညာပြပေးနိုင်ပါတယ်။

အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

၁။ Start Menu > All Program > Office > Power Point 2013 ကို
တစ်ချက်ထောက်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် File ကိုနှိပ်ပါ။

 ၂။အောက်ကပုံအတိုင်း ပေါ်လာခဲ့ရင်တော့ Option ကိုနှိပ်ပါ


၃။ Option ကိုနှိပ်လိုက်ပြီးလို့ အောက်ကပုံအတိုင်း ပြနေရင်တော့
Trust Center ကိုနှိပ်လိုက်ပါ။ ပြီးရင် OK ။

၎။ အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ Trust Center setting ကို
တစ်ချက်ထပ်နှိပ်လိုက်ပါ၊ ပြီးရင် OK ။


၅။ OK ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်ကပုံကိုကြည့်ပါ
Macro Settings > “Disable all macros with notification” ဆိုတာကို
အမှန်ခြစ်ပေးလိုက်ပါ၊ ပြီးရင် OK ကိုသာနှိပ်ပေးလိုက်ပါ။

အားလုံး Ok သွားပါပြီခင်ဗျား
Infectious လို့ခေါ်တဲ့ ကူးစက်ပြန့်ပွါးတတ်တဲ့ Virus
အမျိုးအစား ဖြစ်တဲ့ Macro Virus လေး ဘာ Antivirus မှ
မလိုပဲ အပြီးပိုင် သုတ်သင်ရှင်းလင်းနိုင်ပါပြီ။
နောက်ဘယ်တော့မှာ သင့်ကို ဒုက္ခလာပေးမှာမဟုတ်တော့ပါ

အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ
ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org