Sunday, March 29, 2015



Facebook သည် ဝေးလံသည့်ဒေသများတွင် အင်တာနက်ချိတ်ဆက်မှု ပေးနိုင်ရန် Internet.org နှင့်အတူ အဝေးထိန်းလေယာဉ်များ၊ ဂြိုဟ်တုများနှင့် လေဆာများကို ၎င်း၏ Connectivity Lab တွင် တည်ဆောက် နေကြောင်း ထုတ်ပြန်သွားခဲ့သည်။
အဆိုပါ အဝေထိန်းလေယာဉ်များ၏ အမည်မှာ Aquila drones ဟုခေါ်ဆိုပြီး NASA ၏ Jet Propulsion Lab နှင့် Ames Research center ကဲ့သို့ နေရာများတွင် လုပ်ကိုင်နေရသည့် အာကာသနှင့် ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်၍ လုပ်ကိုင်လျက်ရှိကြောင်း မတ်ဇူကာဘတ်က ပြောဆိုခဲ့သည်။
၎င်း Aquila အဝေးထိန်းလေယာဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရှိရသေး သော်လည်း အဆိုပါ အဝေးထိန်းလေယာဉ်သည် ပင်လယ်ပြင်မျက်နှာပြင်အထက် ပေ ၆၀,၀၀၀ တွင် ပျံသန်းကာ ဝေးလံခေါင်ဖျား ဒေသများတွင် လပေါင်းများစွာ အင်တာနက်ထောက်ပံ့မှု ပြုလုပ်ထားနိုင်သည်။
အဆိုပါ အဝေးထိန်းလေယာဉ်များ၏ လေယာဉ်တောင်ပံများသည် ဘိုးအင်း ၇၃၇ ၏ တောင်ပံနှင့် တူညီမှု ရှိသည်။
အဝေးထိန်းလေယာဉ် ပျံသန်းနိုင်သည့် ပင်လယ်ရေမျက်နှာပြင် သတ်မှတ်ချက်သည် သတ်မှတ်ချက်များ မရှိသေးသော လေပိုင်နက်ဖြစ်ပြီး ၎င်းသတ်မှတ်နယ်မြေတွင် ရာသီဥတု အခြေအနေများ တည်ငြိမ်ကာ လေတိုက်နှုန်းလည်း ငြိမ်သက်လေ့ရှိသည်။ ထို့ကြောင့် လေယာဉ်များအနေဖြင့် လမ်းကြောင်းများကို လွယ်ကူစွာ ထိန်းကျောင်းမောင်းနှင်နိုင်သလို စွမ်းအင်လည်း သက်သာစေပြီး ပြန်လည်ထုတ်လုပ်ပေးနိုင်သည်။
Ref: TheNextWeb

http://internetjournal.media/