Sunday, March 1, 2015

gsmarena_011

Samsung က စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပနေသော Mobile World Congress ၌ Galaxy S6 နှင့် Galaxy S6 Edge တို့ကို ပြသလိုက်ပါသည်။

Galaxy S6 ဖုန်းနှစ်လုံးသည် ယခင်မျိုးဆက်များနှင့် ကွဲပြားစွာ သတ္တုကိုယ်ထည်ကို အသုံးပြုထားပါသည်။ Samsung Galaxy S6 တွင် ၅.၁ လက်မ အရွယ် Quad HD Resolution (2,560 x 1,440 pixels) ရှိသော Super AMOLED Display ကို တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၇၇ ဖြစ်ပါသည်။ မျက်နှာပြင်ကို Corning Gorilla Glass 4 ဖြင့် ကာကွယ်ထားပါသည်။ Home Button တွင် လက်ဗွေရာဖတ်ရှုသည့် Sensor ကို ထည့်သွင်းထားပြီး Samsung ၏ မိုဘိုင်းငွေပေးချေမှု ၀န်ဆောင်မှု Samsung Pay ကို အထောက်အပံ့ပေးပါသည်။

Galaxy S6 ၏ မျက်နှာပြင်နှစ်ဖက်စလုံးတွင် ဖန်မျက်နှာပြင်များ တပ်ဆင်ထားပါသည်။ Samsung ၏ ကိုယ်ပိုင် Exynos 7420 Chipset ကိုထည့်သွင်းထားပြီး 2.1GHz Core လေးလုံးနှင့် 1.5GHz Core လေးလုံးပါရှိပါသည်။ 3GB RAM ထည့်သွင်းထားပါသည်။

Samsung Galaxy S6 နှစ်မျိုးစလုံးတွင် 4K Video များရိုက်ကူးနိုင်သော 16MP Camera ကို အနောက်ဘက်တွင်တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 1080p Video များရိုက်ကူးနိုင်သော 5MP Camera ပါရှိပါသည်။ Galaxy S6 သည် ရေစိုခံနိုင်ခြင်းမရှိဟု သိရပါသည်။

Galaxy S6 နှင့် Galaxy S6 နှစ်မျိုးစလုံးကို 32GB / 64GB / 128GB storage အမျိုးအစား များရွေးချယ်နိုင်သော်လည်း SD Card ထည့်သွင်း၍ မရပါ။ ဆက်သွယ်မှုအပိုင်းတွင် LTE Cat.6 , Bluetooth 4.1, Wi-Fi ac, NFC , IR Blaster တို့ပါရှိပါသည်။ Galaxy S6 တွင် 2550mAh Battery နှင့် S6 Edge တွင် 2600mAh Battery ထည့်သွင်းထားပါသည်။

ဖုန်းနှစ်မျိုးစလုံးတွင် Android 5.0 Lollipop ကို TouchWiz နောက်ဆုံးဗားရှင်းနှင့် တွဲဖက် အသုံးပြု ထားပါသည်။ Galaxy S6 Edge ၏ ဘေးဘက်မျက်နှာပြင်တွင် Apps များကို အသုံးပြုနိုင်စေ ရန် ပြုလုပ်ပေးထားပါသည်။

ဖုန်းနှစ်မျိုးစလုံးကို ဧပြီလတွင် နိုင်ငံ နှစ်ဆယ် ၌ ရောင်းချပေးမည် ဖြစ်ပြီး မေလတွင် အခြားနိုင်ငံများတွင် တိုးချဲ့ရောင်းချပေးမည် ဖြစ်သည်။ Galaxy S6 ကို ပုလဲဖြူ၊ အနက်၊ ရွှေပလက်တီနမ်၊ အပြာရောင်များ ထုတ်လုပ်ပေးထားပြီး Galaxy S6 Edge ကို ပုလဲဖြူ၊ အနက်၊ ရွှေပလက်တီနမ်၊ အစိမ်းရောင်များ ထုတ်လုပ်ပေးထားပါသည်။ ရောင်းချမည့် ဈေးနှုန်းကို မသိရသေးပါ။