Monday, March 30, 2015

LG ၏ အဆင့်မြင့်နည်းပညာတစ်ခုဖြစ်သော နောက်ကာဗာ တွင်ခြစ်ရာအစင်းရာများကို အလိုအလျောက်ပြန်ဖျက်ပေးနိုင်သည့် Self-Healing နည်းပညာပါဝင်သော မျက်နှာပြင်ကွေးစမတ်ဖုန်း LG G Flex 2 ကို ဧပြီနောက်ဆုံးပတ်အတွင်း ပြည်တွင်း၌ စတင်ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း LG Myanmar ရုံးခွဲမှသတင်းထုတ်ပြန်သည်။
G Flex 2 တွင် ၅ ဒသမ ၅ လက်မ Full HD Resolution ရှိသော P-OLED မျက်နှာပြင်ကွေးကို တပ်ဆင်ထားပြီး အကြမ်းခံစေရန် Gorilla Glass 3 ဖြင့်ကာကွယ်ပေးထားကာ ဖုန်းပြောခြင်းနှင့်ကိုင်တွယ်အသုံးပြုခြင်းတို့ပြုလုပ်ရာတွင် ဖုန်းကိုယ်ထည်မှာ အကွေးပုံစံရှိသည့်အတွက် ပို၍ အဆင်ပြေစွာအသုံးပြုနိုင်မည်ဖြစ်သည်။
စွမ်းဆောင်ရည်အနေဖြင့် Quad Core 1.5 GHZ နှင့် Quad 2.0 GHZ တို့ပါဝင်သည့် Snapdragon 810 CPU ကို Android OS နောက် ဆုံးဗားရှင်း 5.0.1 (Lollipop)နှင့်တွဲဖက်ပေးထားသည့်အတွက် လျင်မြန် စွာအသုံးပြုနိုင်မည်ဖြစ်သည်။
ကင်မရာပိုင်းအနေဖြင့် 13 MP ရှိသောနောက်ကင်မရာကို ဓာတ်ပုံ များ လျင်မြန်စွာရိုက်ကူးနိုင်စေရန် လေဆာ Auto Focus နှင့်တွဲဖက်ပေး ထားပြီး 2.1 MP ရှိသောကင်မရာတပ်ဆင်ပေးထားသည်။

G Flex 2 ကို မော်ဒယ်နှစ်မျိုးထုတ်လုပ်ထားပြီး Internal Memory 16 GB, RAM 2 GB ပါသော မော်ဒယ်နှင့် Internal 32 GB, RAM 3GB ပါသောမော်ဒယ်တို့ဖြစ်သည်။
G Flex 2 ကို အမေရိကန်ဒေါ်လာ ၆၃၀ ခန့်ဖြင့်ရောင်းချမည် ဖြစ်ကြောင်းသိရသည်။
 
ref : http://7daydaily.com/