Sunday, March 1, 2015

* အားသာချက်
ကင်မရာပိုင်းမှာ ကောင်းမွန်တာ တွေ့ရပါတယ်။ Selfie စနစ်အ တွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံး ဖြစ်နိုင်မယ့် ပုံစံမျိုး ပြုလုပ်ထားပြီး ဖုန်းထဲမှာထည့်သွင်း အသုံးပြုထားတဲ့ CPU, GPU စနစ်တွေနဲ့ ဖုန်းမှတ်ဉာဏ် စနစ်ဟာလည်း မြင့်မားကောင်းမွန်ပါတယ်။ ဖုန်းတွင်းအသုံးပြု စနစ်တွေမှာလည်း ကျန်းမာရေး ထောက်ကူပြု ဝန်ဆောင်မှု စနစ်တွေနဲ့ Sensor စနစ်တွေ ပါဝင်ပါတယ်။ ဖုန်းရဲ့လုံခြုံရေး စနစ်အတွက်လည်း Finger Print စနစ် ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ Power Saving စနစ်ပါဝင်တဲ့အပြင် အင်တာနက် အသုံးပြုချိန်မှာ ကောင်းမွန်တဲ့ WiFi ကွန်ရက်စနစ်နဲ့ ကောင်းမွန်တဲ့ မိုဘိုင်းအင်တာနက် စနစ်တွေကို အသုံးပြုနိုင်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။
* အားနည်းချက်
ဖုန်းကိုအသုံးပြုတဲ့ အချိန်မှာတော့ အရွယ်အစားက ကိုင်တွယ်ရတာ အနည်းငယ် အခက်ခဲရှိပါတယ်။ ဖုန်းကို Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတွေကို အလွယ်တကူ ပြုလုပ်နိုင်တဲ့ စနစ်တွေ မပါဝင်တဲ့အတွက် Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတွေကိုတော့ ဖုန်းရဲ့ ပါဝါခလုတ် ဒါမှမဟုတ် Home Key တွေကိုပဲ အသုံးပြုရ ပါလိမ့်မယ်။
* ဒီဇီုင်း
ပုံစံဒီဇိုင်းဟာ ထူးခြားမှု ရှိနေပါတယ်။ ပုံမှန်ထွက်နေကျ Samsung ရဲ့ Note တွေလိုမျိုး ထောင့်ကျကျ ဖွဲ့စည်းမှုပုံမျိုး ဖြစ်ပေမယ့် ဖုန်းရဲ့ ဘယ်ဘက်ဘေးဘောင်ဟာ ပုံမှန်မျက်နှာပြင် အညီမျိုးမဟုတ် ဘဲ ရှေ့ မျက်နှာပြင် ပေါ်ကနေ နောက်ဘက် ကာဗာပေါ်ကို အခုံးပုံစံမျိုးပြု လုပ်ထားပြီး ဒီဘေးဘောင်ဟာ Screen မျက်နှာပြင်နဲ့ တစ်ဆက်တည်း ဖြစ်နေတဲ့ မှန်ဘေးဘောင် ဖြစ်ပါတယ်။ ဖုန်းရဲ့ညာဘက် ဘေးဘောင် ဟာ မှန်အခုံး ပုံစံမျိုးရှိနေပြီး ဘေးဘောင်ရဲ့ မှန်အခုံးဟာလည်း Touch Screen အသုံးပြု နိုင်ပါတယ်။ ဖုန်းရဲ့ အထက်အောက် အမြင့်ဟာ ၁၅.၁၃ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်ကတော့ ၈.၂၄ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၈၃ စင်တီမီတာဖြစ်ပြီး အလေးချိန်ကတော့ ၁၇၄ ဂရမ်ပါ။ ပေါ့ပါးတဲ့ဖုန်းလို့ မဆိုနိုင်ပေမယ့် ကိုင်တွယ် အသုံးပြုချိန်မှာ အလေးချိန်က သိပ်မများပါဘူး။ ဘေးတိုက်အကျယ်ကတော့ အနည်းငယ်များပါတယ်။ Finger Print ဟာ Home Key စနစ်ပေါ်မှာပဲ အသုံးပြုရမှာဖြစ်ပြီး သူ့မှာပါဝင်တဲ့ Touch Pen က S Pen Stylus ပုံစံမျိုးပါ။
* ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Sim Card ကတော့ Micro Sim စနစ်ကို အသုံးပြုရမှာပါ။
* မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၆ လက်မရှိပြီး Super AMOLED Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1600 x 2560 Pixel ရှိပါတယ်။
* နည်းပညာ
ကောင်းမွန်တဲ့ Finger Print စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး Finger Print ဟာ လက်သုံးချောင်းအတွက် သုံးမျိုးမှတ်သား ထားနိုင်မှာဖြစ်ပါတယ်။ Finger Print စနစ်ကို ကိုယ့်ရဲ့ Private စနစ်မှာပဲဖြစ်ဖြစ်၊ ဆော့ဖ်ဝဲ App တွေမှာပဲဖြစ်ဖြစ်၊ ဖုန်းရဲ့ Lock Screen စနစ်မှာပဲဖြစ်ဖြစ် စိတ်ကြိုက်အသုံးပြု နိုင်ပါတယ်။ S Health ဆိုတဲ့ နည်းပညာကလည်း ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ နှလုံးခုန်နှုန်း တိုင်းတာခြင်း၊ ကယ်လိုရီတိုင်း တာခြင်း၊ လမ်းလျောက်ခြင်းအတွက် Pedometer, လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအတွင် Exercise အစရှိတဲ့ စနစ်တွေကို အသုံးပြု နိုင်ပါတယ်။ နှလုံးခုန်နှုန်းကို တိုင်းတာဖို့အတွက် ကင်မရာရဲ့ Flash မှာ တပ်ဆင်ထား တဲ့ Hart Rate Sensor ကနေတစ်ဆင့် တိုင်းတာသိရှိ နိုင်မှာဖြစ်ပါတယ်။
ဓာတ်ပုံစနစ် မှာဆိုရင်လည်း ကိုယ်ရိုက်ထားတဲ့ ဖုန်းထဲမှာ ရှိနေတဲ့ဓာတ် ပုံတွေကို Photo Studio ပြုလုပ်ခြင်း၊ Collage Studio, Shot & more, Video Clip Studio, Video Trimmer အစရှိတဲ့ စနစ်တွေကို အသုံးပြုပြီး ဓာတ်ပုံတွေကို ဗီဒီယိုဖိုင် ပြုလုပ်ခြင်း၊ နောက်ခံအသံတွေ ထည့်သွင်းခြင်း၊ နည်းစနစ်တွေကလည်း Note Edge အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ ဖြစ်ပါတယ်။ ကင်မရာ နည်းပညာ ပိုင်းမှာလည်း ဓာတ်ပုံကို Panorama ပုံစံ ရိုက်နိုင်တဲ့အပြင် Panorama ဓာတ်ပုံကို ဗီဒီယိုဖိုင် ပုံစံမျိုးနဲ့ ရိုက်ကူးပေးနိုင်တဲ့ Virtual Tore နဲ့ Dual Camera, Shot & More အစရှိတဲ့ စနစ်တွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ရှေ့ကင်မရာ စနစ်ဟာမြင်ကွင်းကျယ် ပုံစံမျိုး ရိုက်နိုင်တာက Selfie ကြိုက်သူတွေအတွက် ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။ အလင်းအမှောင် မညီမျှတဲ့ နေရာတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း အမှောင်နေရာတွေအတွက် Exposure အလင်းနှုန်းကို အလိုအလျောက် မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ထည်ဘေးဘောင်မှာ ပြုလုပ်ထားတဲ့ Touch Screen အခုံးနေရာလေးမှာလည်း ကိုယ့်စိတ်ကြိုက် အသုံးပြုစနစ်တွေကို မှတ်သားထားပြီး အသုံးပြုနိုင်ပါတယ်။
* အသေးစိတ်ဖော်ပြချက်
Quad-core 2.7 GHz Krait 450 CPU ကိုအသုံးပြု ထားတာဖြစ်ပြီး ဂရပ်ဖစ်စနစ် အတွက်လည်း Adreno 420 GPU ကို ထည့်သွင်းထားပါတယ်။ မှတ်ဉာဏ်ကတော့ 32GB နဲ့ 3GB RAM ဖြစ်ပြီး နောက်ထပ်မှတ်ဉာဏ် ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card 128GB ထိအသုံးပြု နိုင်ပါတယ်။ Android OS Version 4.4.4 ဖြစ်ပြီး နောက်ဘက် ကင်မရာကတော့ 16 Mega Pixel ကင်မရာဖြစ်ပြီး ရှေ့ကင်မရာကတော့ 3.7 Mega Pixel Wide ကင်မရာဖြစ်ပါတယ်။ Bluetooth 4.1, A2DP, EDR, LE စနစ်နဲ့ USB 2.0 စနစ်တွေ ပါဝင်ပါတယ်။ ဘက်ထရီကတော့ Li-ion 3000 mAh ဘက်ထရီပါ။
* သုံးသပ်ချက်
ဖုန်းမှာအသုံးပြုထားတဲ့ Hardware စနစ်တွေဟာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာပါဝင်တဲ့ နည်းပညာပိုင်းတွေ၊ အသုံးပြုစနစ်တွေနဲ့ ကျန်းမာရေး ထောက်ကူပြု Sensor စနစ်ပိုင်းတွေဟာလည်း ကောင်းမွန်ပြည့်စုံမှု ရှိနေတာ တွေ့ရပါတယ်။ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Home, Menu, Back အစရှိတဲ့ ခလုတ်သုံးခုမှာတော့ Menu ခလုတ်ဟာ ပုံမှန် Samsung တွေမှာပါဝင်တဲ့ Menu ပုံစံမျိုးမဟုတ် တော့တဲ့အတွက် Samsung သုံးနေကျ လူတွေအတွက်တော့ ဒါကအသစ်အဆန်း ဖြစ်နေစေပါ လိမ့်မယ်။ ကင်မရာက ကောင်းမွန်တဲ့ အတွက် ဓာတ်ပုံသမားတွေ အတွက်တော့ စိတ်ကျေနပ်စရာ ဖြစ်နိုင်ပါတယ်။ Finger Print ဟာ လည်း အသုံးပြုရတာ အဆင်ပြေ လွယ်ကူပါတယ်။ ဖုန်းရဲ့ညာဘက်ဘေး ဘောင်ဟာ LCD Screen အခုံးပုံစံ ဖြစ်နေတာကြောင့် ဖုန်းဟာ ဘောင်တစ်ဖက်က ပုံမှန်ဖြစ်ပြီး ဘောင်တစ်ဖက်က ခုံးခုံးချောချော ဖြစ်နေပြီး ကိုင်တွယ်အသုံးပြုချိန်မှာ ဘေးတိုက်အကျယ်ကလည်း ကြီးမားတဲ့အတွက် လက်ထဲက လွတ်မကျဖို့တော့ ဂရုစိုက်ကိုင်တွယ် အသုံးပြုရ ပါလိမ့်မယ်။

Credit : Internet Journal