Sunday, July 10, 2016


၁။ LDR (Light Dependent Resistor) (အလင်းရောင် ကျရောက်မှုပေါ် မူတည်ပြီးတော့
Resistance တန်ဖိုး ပြောင်းလဲသော အမျိုးအစား) ကိုလည်း Sensor အနေနဲ့
သတ်မှတ်နိုင်မယ် ထင်ပါတယ် ။ လမ်းမီးတိုင်တွေ အဖွင့် / အပိတ် မှာ အလင်းရောင်
ကျရောက်မှုပေါ် မူတည်ပြီးတော့ အလုပ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ညဘက်
မှောင်လာသည်ဖြစ်စေ ၊ မိုးအုံ့လာလို့ နေရောင် မမြင်ရသောကြောင့် မှောင်လာသည်
ဖြစ်စေ LDR ရဲ့ Resistance တန်ဖိုး များလာပါတယ်။ LDR လို အလင်းရောင်ကို
Detect ပြုလုပ်ပြီးမှ အလုပ်လုပ်တဲ့ Sensor အမျိုးအစားဟာ အဆောက်အဦး နဲ့ ဖြစ်စေ ၊
အရိပ်မိုးနေတဲ့ အကာအကွယ် တွေနဲ့ ဖြစ်စေ ဝေးတဲ့ နေရာတွေမှာ တပ်ဆင်အသုံးပြုကြပါတယ်။


၂။ Resistance တန်ဖိုး အနည်း / အများဟာ Voltage တန်ဖိုး အနည်း / အများကို
ဖြစ်ပေါ်စေပါတယ် ။ V=IR အရ ။ LDR မှာလည်း Resistance တန်ဖိုးအနေနဲ့ အမျိုးမျိုး
လာပါလိမ့်မယ် ။ ဘယ်လောက် အလင်းရောင် ကျရောက်မှ ဘယ်လောက် Resistance တန်ဖိုး ဖြစ်သွားတယ် ဆိုတဲ့ ဆက်စပ်ချက် ရှိပါတယ် ။ အဆိုပါ Resistance တန်ဖိုးတွေကို
ချိန်ညှိပေးနိုင်ဖို့ LDR နဲ့ တွဲဖက်ပြီးတော့ Variable Resistance တွေကို တွဲဖက်အသုံးပြုလေ့ရှိကြပါတယ် ။


၃။ အပူချိန်ကို Sense ပြုလုပ်တဲ့ Sensor အမျိုးအစားတွေကို မြို့တွေမှာရှိတဲ့ ကြော်ငြာ
ဆိုင်းဘုတ်တွေမှာ အပူချိန် Degree C ကို ဖော်ပြပေးတဲ့ LED ဆိုင်းဘုတ်တွေမှာ
လေ့လာနိုင်ပါတယ် ။ အပူချိန် အနည်း / အများ ကို လိုက်ပြီးတော့ Degree C
တန်ဖိုးတွေကို လိုက်ပါ ပြောင်းလဲခြင်း ဖြစ်ပါတယ် ။ အပူချိန်ကို Sense လုပ်တဲ့
Sensor တွေရဲ့ အဓိက အလုပ်လုပ်ဆောင်တဲ့ ပုံစံကလည်း LDR လို ပုံစံဖြစ်ပါတယ် ။
အပူချိန် ကျရောက်မှုပေါ် မူတည်ပြီးတော့ Resistance တန်ဖိုးကို ပြောင်းလဲပေးခြင်း ဖြစ်ပါတယ် ။


၎။ LDR နဲ့ ကွဲလွဲတာကတော့ Temperature Sensor တွေမှာ NTC (Negative
Temperature Coefficient) နဲ့ PTC (Positive Temperature Coefficient)
ဆိုပြီး ၂ မျိုး ရှိပါတယ် ။ NTC ရဲ့ အလုပ်လုပ်တဲ့ ပုံစံကတော့ အပူချိန်များလာရင်
Resistance တန်ဖိုးကျသွားပါတယ် ။ PTC ရဲ့ လုပ်ဆောင်ပုံကတော့ NTC နဲ့ပြောင်းပြန် (အပူချိန်များလာရင် Resistance တန်ဖိုး တက်သွားပါတယ်) ။


၅။ Electronic Circuit တွေဟာ အပူကို ထုတ်လွတ်တယ် ။ Heat Sink တွေ
တပ်လေ့ရှိကြတယ် ။ ပန်ကာတွေ တပ်လေ့ရှိကြတယ် ဆိုတာ အားလုံးသိပြီးသားပါ။
အဆိုပါ အပူတွေကို Sense ပြုလုပ်ဖို့ကတော့ Thermister လို Sensor တွေကို
ထည့်သွင်း တည်ဆောက်ကြပါတယ် ။ အပူချိန် မြင့်တက်လာပြီ (သတ်မှတ်ထားတဲ့
အပူချိန်ရောက်ပြီ ဆိုရင် ပန်ကာကို လည်စေတာမျိုး ဆိုတဲ့) လုပ်ဆောင်ချက်တွေကို Sensor တွေကတဆင့် လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ် ။


၆။ Computer တွေမှာဖြစ်စေ ၊ Smart Phone တွေမှာ ဖြစ်စေ အပူချိန်ကို ကြည့်လို့ရတဲ့
 (Degree C အနေနဲ့ ကြည့်လို့ရတဲ့) Plug in software လေးတွေ တွေ့ဖူးကြမှာပါ။
CPU ရဲ့ Usage ကဘယ်လောက် ၊ Process က ဘယ်လောက် Run နေတယ် ၊
CPU ရဲ့ အပူချိန်က ဘယ်လောက်တန်ဖိုး စသည်ဖြင့် ဖော်ပြပေးတဲ့ အဆိုပါ
Plug in လေးတွေဟာလည်း အတွင်းထဲက အပူချိန်ကို Sense ပြုလုပ်နိုင်တဲ့
Sensor ကနေ ရရှိလာတဲ့ Data တွေကို Display မှာ ဖော်ပြပေးခြင်းဖြစ်ပါတယ်။


၇။ Smart phone တွေမှာလည်း အဆိုပါ အပူချိန်နဲ့ ပတ်သက်တဲ့ Information တွေကို ဖော်ပြပေးနိုင်တာတွေအများကြီးရှိပါတယ် ။ အပြင်မှာ ရှိတဲ့
(External Condition) တွေဖြစ်တဲ့ အပူချိန် (နွေရာသီမှာ အပူချိန် ဘယ်လောက်) ဆိုတာကို ဖော်ပြပေးနိုင်တာလဲ ရှိပါတယ် ။ Smart Phone ရဲ့ Internal အပူချိန်ကို ဖော်ပြပေးနိုင်တာလည်း ရှိပါတယ် ။Smart Phone ရဲ့ Internal
အပူချိန်ကို Display အနေနဲ့ ပြနိုင်တဲ့ apk တွေ အများကြီးရှိပါလိမ့်မယ် ။
အထူးသဖြင့် Battery နဲ့ ပတ်သက်တဲ့ (Charging and Discharging နဲ့
ပတ်သက်တဲ့ apk တွေမှာ ဆိုရင်) အဆိုပါ အပူချိန် တန်ဖိုးတွေကို Degree C အနေနဲ့ ဖော်ပြပေးနိုင်ကြပါတယ် ။ ရှာကြည့်ပါ ။ Battery ကို အားသွင်း တဲ့အချိန်မှာ
သာမန်အသုံးပြုနေတဲ့ အချိန်တွေထက်ကို အပူချိန်က ယေဘူယျ အားဖြင့် မြင့်ပါတယ် ။
ဒါကြောင့် Battery တွေကို အားသွင်းနေတဲ့ အချိန်မှာ Phone ကို ပိတ်ပြီးတော့
အားသွင်းပါ ဆိုတဲ့ အချက်ကလည်း အဓိက အချက် ဖြစ်မယ် ထင်ပါတယ် ။
အဲဒီမှာလည်း Temperature Sensor တွေကို အသုံးပြုကြပါတယ် ။


၈။ နောက်ထပ် ဖုန်းကို နားအနီးမှာ ကပ်ပြောတဲ့ အချိန်မှာ Display ကနေ Screen ကို
OFF အနေနဲ့ ဖြစ်စေတာကလည်း Sensor ပဲဖြစ်ပါတယ် ။ Distance ကို Sense
ပြုလုပ်ပေးတဲ့ Sensor အမျိုးအစား ဖြစ်မယ်ထင်ပါတယ် ။


၉။ ကားမောင်းတဲ့ Game တွေ ဆော့ရာမှာလည်း Sensor ပါပဲ ။ သူကတော့
Smart Phone ရဲ့ Position (X , Y , Z Coordinate) တွေကို Sense ပြုလုပ်မယ် ထင်ပါတယ် ။


၁၀။ Pressure ကို Sense ပြုလုပ်တာကတော့ အလေးချိန်ကို ချိန်တွယ်တဲ့ Digital ကတ္တားတွေမှာ လေ့လာနိုင်ပါတယ် ။ လူရဲ့ Weight ကို တိုင်းတာတဲ့ Digital တန်ဖိုးနဲ့
 ဖော်ပြပေးတဲ့ ကတ္တား တွေကတော့ Pressure Sensor ကို အသုံးပြုကြပါတယ်။

ကျေးဇူးတင်ပါတယ်။
ကိုမျိုး (အီလက်ထရောနစ်) 
Hla Myo