Wednesday, July 6, 2016




ဖုန်းတွေမှာအသုံးပြုကြတဲ့ DC to DC လို့ ခေါ်ကြတဲ့ Step down converter လေးအကြောင်း
သိသလောက်မျှဝေပေးလိုက်ပါတယ်။

အခုပုံမှာ TPS 62080 လို့ ပြထားတဲ့အိုင်စီကလေးပါ emmc အတွက်လိုအပ်တဲ့ 
VCC2.8Vကို ဒီအိုင်စီလေးကထုတ်ပေးထားပါတယ်။ဒီအိုင်စီလေးမှာ pin ပေါင်း ၈ခုပါဝင်ပါတယ်။

pin-1 EN = Device Enable Logic input ငုတ်ဖြစ်ပါတယ်။
enable ငုတ်ကို ဗို့ ပေးလိုက်ရင်အိုင်စီအတွင်းပတ်လမ်းအလုပ်
လုပ်ပြီး output ကိုဗို့ ထုတ်ပေးပါတယ်။

pin-2 GND = Power and Signal ground ငုတ်ဖြစ်ပါတယ်။

pin-3 MODE = Snooze mode enable logic input ငုတ်ဖြစ်ပါတယ်။
ပါဝါစားသုံးမှုကိုအများဆုံးလျှော့ချပေးလိုတဲ့အချိန်မှာ snooze mode ကို 
enable လုပ်ပေးရပါတယ်။ အခုပုံမှာတော့ ground ချပေးထားပါတယ်။

pin-4 FB = Feedback pin for the internal loop.

pin -5 VOS = Output voltage sense pin for the internal control loop.

ဒီပင်ကိုတော့ အထွက်ဗို့ လမ်းကြောင်းနဲ့ဆက်သွယ်ပေးထားဖို့ လိုပါတယ်။

pin-6 PG = Powre Good open drain output ငုတ်ပါ။
ဒီငုတ်လေးကတော့ အထွက်ဗို့ ကိုအနိမ့်ဆုံး ကန့် သပ်ပေးထားငုတ်ပါ။

ပုံမှာတော့အသုံးပြုထားခြင်းမရှိပါဘူး။ တကယ်လို့ အထွက်ဗို့ ကို 1.8Vထက်
လျှော့ပြီးသုံးမယ်ဆိုရင် ဒီငုတ်လေးကို resistor 100K တစ်လုံးခံပြီး အထွက်ဗို့ လိုင်းနဲ့
ဆက်ထားပေးသင့်ပါတယ်။


pin-7 SW =Switch pin contect to the internal MOSFET
ဒီငုတ်လေးကတော့ ပြင်ပမှာရှိတဲ့ Inductor ကို မောင်းနှင်ပေးမဲ့ငုတ်ပါ။


pin-8 VIN = Power supply voltage ပါဝါပေးသွင်းတဲ့ငုတ်ပါ
ပုံမှာ VPH-PWR လမ်းကြောင်းမှ ဗို့ ပေးသွင်းထားပါတယ်။


Exposd Thermal Pad ကတော့ ငုတ်နံပါတ် ၉ လို့ ရေးတတ်ပါတယ်။၎င်းငုတ်ကို 

အပူချိန်လျှော့ချနိင်ရန် ဆားကစ် ground နဲ့ ကပ်ပေးထားပါတယ်။ground pin 
အဖြစ်သုံးထားပါတယ်။

ဖုန်းတွေပါဝါမနိုးတဲ့အခါ ဒီအိုင်စီလေးကနေ ပေးထားတဲ့
2.8V လေး emmc ကို ရောက်မရောက်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
ဗို့ မထွက်ရင်တော့ပတ်လမ်းရဲ့သဘောတရားကိုနားလည်ရင်
လိုအပ်တဲ့အပိုင်းကိုပြင်ဆင်နိင်မှာပါ။
အားလုံးအဆင်ပြေကြပါစေ။



ကို ကို အောင်