Wednesday, July 6, 2016




Mobile Phone (၁)လုံး Power မလာတာနဲ့ Power သေတာ (Dead Boot)ဖြစ်တာမတူနိုင်ပါ။ 
Power မလာတာ Short ကြောင့်ဖြစ်နိုင်သလိုတခြားအချက်များစွာကြောင့်ဖြစ်နိုင်ပါသည်။
Short ဖြစ်ပါက Short ရှင်းနိုင်ရင်Power ပြန်လာပါတယ်။

Power သေတာ (Dead Boot) ဖြစ်၊ မဖြစ်ကိုအများစုက P/S သုံးပြီး Ampere ကြည့်ပြီးဆုံးဖြတ်ကြပါတယ်။ 
Dead Boot Ampere ကြည့်နည်း(၅)နည်းလောက်ရှိတာကိုတော့ လူသိနည်းပါသေးသည်။
Phone တလုံးနှင့်တလုံး Dead Boot Ampere မတူညီနိုင်ပါ။ Huawei C8813,G610,G730,G6 နှင့် 
Huawei တော်တော်များများမှာ Dead Boot Ampere 100mA(0.1A) လောက်ရှိတတ်ပါသည်။ 
P/S နှင့်ချိတ်၊ Power key နှိပ် 100mA(0.1A)မှာထိုးရပ်နေလျှင် Dead Boot ဖြစ်တာပါ။ 
(Firmware မှားရေးလို့လည်း Dead Boot ဖြစ်တတ်ပါတယ်။) 

Dead Boot ဖြစ်ရင် ကိုင်ရမည့် IC ကိုတော့လူတိုင်းသိပါသည်။ eMMC ပေါ့။ 
Dead Boot ဖြစ်တိုင်း IC ကိုင်ရန်မလိုသေးပါ။Software ပိုင်းနှင့် ရနိုင်သမျှအရင်လုပ်ကြည့်ရပါမည်။ 
Computer နှင့်သိရင် firmware ရေးတာမျိုး၊IC မခွာပဲ box နဲ့ file ပြန်ရေးတာမျိုးတွေပေါ့။

Hardware ပိုင်းအနေနဲ eMMC အတွက် လိုအပ်တဲ့ Power ရောက်မရောက် အရင်စစ်ရပါမည်။ 
C8813,G610 လိုမျိုးကြတော့ eMMC အတွက် Power ကို eMMC DC/DC Convertor(RAU) ခံပြီး
မောင်းနှင်တဲ့အတွက် ထို Convertor လေးတွေပျက်ရင် Dead Boot ပါ။

ဥပမာ အနေနဲ့ Huawei C8813 FIG 1: ရဲ့ eMMC DC/DC Convertor(U1802) အလုပ်လုပ်ဖို့ဆိုရင် 
Power အနေဖြင့် VPH_PWR အရင်ရောက်ရပါတယ်။ ထို Power မရောက်ရင်လည်း Dead Boot ပါ။ 
Power တော့ရောက်ပြီးခိုင်းစေတဲ့လမ်းကြောင်း (VREG_S3) ပျက်ရင် (သို့) ထို လမ်းကြောင်းရှိ 
R1821 ဆိုတဲ့ Resistor ပျက်ရင်လည်း Dead Boot ပါ။ ထို Resistor လေးက eMMC DC/DC Convertor 
အလုပ်လုပ်ဖို့ ခိုင်းစေမယ့်ကောင်လေးပါ။ Convertor အထွက် Coil(L1801) လေးပျက်ရင်လည်း 
Dead Boot ပါ။ 

FIG 2: မှာတော့ လက်တွေ့စက်ပြားမှာ ရှိတဲ့ Convertor(RAU),R1821,L1801 တို့ကိုပြထားတာပါ။
VREG_EMMC_2P85 လမ်းကြောင်းမှာ 2.85V ရရဲ့သားနဲ့ Dead Boot Ampere ပြရင်တော့ IC ခွာ၊ 
(GPG eMMC, UP) Box ရှိတဲ့လူက Box နဲ့ file ပြန်ရေးပေါ့၊ 
မရရင်တော့ IC အသစ်တစ်လုံးလဲရတော့မှာပါ။

(အပိုင်း (၂) ကို ဆက်လက်ရေးသားပါဦးမယ်၊ G610-U00, G730-U00, G6 နှင့် 
Samsung Model များလည်းပါဝင်လာမှာပါ)
*****(မသိသေးသူများကို ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်။ လွတ်လပ်စွာ Share နိုင်ပါတယ်။)*****
SAYAR MOE
09-795578799
PN MOBILE TRAINING
www.facebook.com/pnmobiletrainingcenter
NO.217, 38 UPPER BLOCK, KYAUKTADA TSP, YANGON
09-450450164
09-450450165
PN Mobile Training