Sunday, July 10, 2016


၁။ လူဆိုတာ သက်သာရာ ရှာကြပါတယ် ။ လူကိုယ်တိုင် မလုပ်နိုင်တဲ့ အရာတွေကို
အခြား ပစ္စည်းတွေခိုင်းပြီး အလုပ်လုပ်ကြပါတယ် ။ တနေရာတည်းကနေ
အရာတော်တော်များများကို control ပြုလုပ်ချင်ကြပါတယ် ။ အဲသလို လိုအပ်ချက်တွေကို
Electronic Product တွေကနေ တော်တော်များများကို ဖြည့်ဆည်းပေးနိုင်ပါတယ်။


၂။ အပြင်လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေ တခုကနေ လူကနေ အဆိုပါ
အခြေအနေကို သိရှိဖို့ ဖြစ်စေ ၊ control ပြုလုပ်ဖို့ ဖြစ်စေ Electronic Product တွေကနေ
ပြုလုပ်ပေးနိုင်ကြပါတယ် ။ အဆိုပါ အပြင်လောကမှ အခြေအနေနဲ့ Electronic Product 
အကြားမှာ ရှိတဲ့ ဆက်သွယ်မှုတွေကို (Reletionship) တွေကို convertion ပြုလုပ်ပေးနိုင်တာ Sensor တွေပဲဖြစ်ပါတယ်။ 


၃။ Sound နဲ့ ပတ်သက်တဲ့ Sensor ဆိုရင် Microphone တွေ ဖြစ်ပါတယ် ။
Transducer ဆိုတာဟာလည်း Sensor အမျိုးအစား တမျိုးဖြစ်ပါတယ်။


၎။ Automatic and Transporation ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင် Air flow ပိုင်း ၊
Engine coolent temperature ပိုင်း ၊ Door Lock ပိုင်း ၊ Oxygen sensor ၊
Parking System sensor ၊ Speed sensor ၊ Tire Pressure Monitoring Sensor ၊
Vehicle speed sensor ၊ Water sensor ၊ Wheel speed sensor စတဲ့ Sensor
အမျိုးအစားတွေ ကို အသုံးပြုကြပါတယ်။


၅။ Chemical ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင် Smoke Detector Sensor ၊ Gas Sensor ၊
Oxygen Sensor ၊ Hydrogen Sensor ၊ pH Level Sensor စတဲ့ Sensor အမျိုးအစားတွေ ကို အသုံးပြုကြပါတယ်။


၆။ Current , Voltage and Magnetic ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင် Current Sensor ၊
Voltage Detector Sensor ၊ Galvanometer ၊ Magnetometer စတဲ့ Sensor
အမျိုးအစားတွေ ကို အသုံးပြုကြပါတယ်။


၇။ Position , Angle , Displacement , Distance ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင်
Free fall sensor ၊ Impact Sensor ၊ Photoelectric Sensor ၊ Position Sensor ၊
Shock Detector ၊ Gyroscopic Sensor , Displacement Sensor စတဲ့ Sensor
အမျိုးအစားတွေ ကို အသုံးပြုကြပါတယ်။


၈။ Optical , Light , Imaging ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင် Electro-optical Sensor ၊
Flame Detector ၊ Infrad ၊ LED as light sensor ၊ photodetector ၊ Photoelectric ၊
Photoresistor ၊ Photoswitch စတဲ့ Sensor အမျိုးအစားတွေ ကို အသုံးပြုကြပါတယ်။


၉။ Pressure ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင် Barometer ၊ Piezometer ၊ Pressure Sensor
စတဲ့ Sensor အမျိုးအစားတွေ ကို အသုံးပြုကြပါတယ်။


၁၀။ Force , Density ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင် Level Sensor ၊ Piezoelectric Sensor ၊
Torque Sensor စတဲ့ Sensor အမျိုးအစားတွေ ကို အသုံးပြုကြပါတယ်။


၁၁။ Thermal , Heat , Temperature ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် Flame Detector ၊
 Infrared Thermometer ၊ Resistance Temprrature Detector ၊ Thermister ၊
Thermocoupler ၊ Thermometer စတဲ့ Sensor အမျိုးအစားတွေ ကို အသုံးပြုကြပါတယ်။


၁၂။ အထက်မှာဖော်ပြခဲ့တာတွေကတော့ Electronic Product တွေကို အသုံးပြုလေ့ရှိကြတဲ့
အဆိုပါ နယ်ပယ်မှာ တွဲဖက်အသုံးပြုလေ့ရှိကြတဲ့ Sensor အမျိုးအစား တွေပဲ ဖြစ်ပါတယ်။


(Reference - Wikipedia)
ကျေးဇူးတင်ပါတယ် ။
ကိုမျိုး (အီလက်ထရောနစ်)
Hla Myo