Sunday, July 24, 2016



ခုနောက်ပိုင်း အပျက်များတဲ့ J7 လေးမှာသုံးတဲ့
eMMC လေးအကြောင်းသိသလောက်မျှဝေပေးလိုက်ပါတယ်။
TOSHIBA ကထုတ်လုပ်ထားပါတယ်။Product name ကတော့
400073 ပါ ။ Memory Size ကို 14.69.Gb သတ်မှတ်ထားပါတယ်။
Partition အနေနဲ့ 
Boot 1: 4096 (4MB)
Boot 2: 4096 (4MB)
RPMB: 4096(4MB)
User area ကို 14.68GB
Dead boot ပြန်နိုးဖို့ Jtag pin တွေခဲဆော်တဲ့အခါ
သတိထားသင့်တဲ့အချက်လေးတွေပြောပြချင်ပါတယ်။
များသောအားဖြင့် ကျွန်တော့ဆီရောက်လာတဲ့စက်ပြားတွေကို
ကြည့်လိုက်ရင် data pin တွေလှန်ထွက်နေတယ်
CMD လမ်းပေါ်ကpull up resistor လေးတွေပါမလာတော့ဘူး
ဒီလိုအခြေအနေမှာ emmc ဖြုတ်လဲတောင်မနိုးနိင်တော့ပါဘူး။
jumper ကြိုးစထုတ်ဖို့ အသုံးပြုတဲ့ခဲဂေါက်အရမ်းအရေးကြီးပါတယ်။
လျှပ်စစ်ယိုစိမ့်မှုရှိနေတဲ့ခဲဂေါက်မျိုးသုံးမိရင် CPU ပျက်စီးတတ်ပါတယ်။
CMD ကိုဗို့ ပေးတဲ့ R လေးပြုတ်ရင် Command လိုင်း error
တက်ပြီး စက်မနိုးနိင်ပါဘူး။
ဒီ R လေးပြန်တတ်မယ်ဆိုရင်10 K နဲ့ အစားထိုးလို့ ရပါတယ်
အဆင်ပြေကြပါစေ။