Wednesday, July 6, 2016







Huawei Y511-T00 ရဲ့ Schematic Diagram နဲ့ Layout Map ယှဉ်ကြည့်ပြီး ပြင်လိုက်ပါတယ်။
ဒီ Diagram လေးကိုတော့ Russia Site တခုကနေရလာတာပါ။
Y511-T00 Diagram & Layout Map download Link:





Step 1: 2A Power Supply နဲ့ အပေါင်း အနုတ် မှန်အောင်ချိတ်လိုက်တော့ Power Supply မှာ 
တီ ဆိုအသံမြည်လာတယ်။ Battery အပေါင်းငုတ် Short ကျနေတာပါ Input Short ပေါ့။ 
VBAT လမ်းကြောင်းမှာ Short ကျတာပါ။ 
***(အမှန်တကယ်တော့ Short ကနှစ်မျိုးပဲ ရှိတာပါ။ Power IC(PMU) ရဲ့ အ၀င်လမ်းကြောင်းမှာ Short 
ဆိုရင် Input short, Power IC အထွက်ဆိုရင် Output Short ပါ။ Short အကြောင်းရေးမယ်ဆိုရင် 
စာမျက်နှာ လေးငါးမျက်နှာမက ရေးလို့ရပါသေးသည်။)***

Step 2: 5A Power Supply ကို သုံးပြီး အနုတ်ကို အနုတ်ချိတ် အပေါင်းကို Battery အပေါင်းငုတ်ကို
ချိတ်လိုက်တော့ LCD Backlight အုပ်စုထဲက Coil L901 ပူလာပါတယ်။FIG 1: မှာကြည့်ပါဗျာ။ 
Coil က Short မကျပါ။ လမ်းကြောင်းတူ Condensor C933 လေး Short ကျလို့ Coil က Auto Short ကျတာပါ။ 

FIG 2: Circuit Diagram , FIG 3: Layout Map မှာကြည့်ပါဗျာ။ Condensor C933 လေးကို ဖြုတ်လိုက်တော့ Condensor အောက်ကခဲငုတ်မှာ Short လွတ်သွားပါပြီ။FIG 4: မှာကြည့်ပါဗျာ။ OK ပါပြီ။ 
Battery အပေါင်းငုတ်လည်း Short လွတ်သွားပါပြီ။

Step 3: FIG 5: Phone ကို Assemble ပြန်လုပ်လိုက်ပါပြီ၊ Battery တပ်၊စက်နိုးလိုက်တော့ OK ပြီပေါ့။ 

***( VBAT လမ်းကြောင်းတလျောက် Short ကျနိုင်လို့ ခုလို LCD Backlight အုပ်စုက Condensor လေးပဲ 
Short ကျမယ်လို့မဆိုလိုပါ။)***

(ဒီ POST ကနေ ညီအစ်ကိုတို့ တခုခုရရင် ကျေနပ်ပါပြီ။)

PN Mobile Training