Wednesday, July 6, 2016

Samsung 4Files maker Tool လေးကိုတွေ့မိလို့
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ Tool လေးကတော့ နာမည်ကြီး Samsung ဖုန်းတွေအတွက်
Only .tar ဖိုင်ပဲရှိတဲ့ Firmware များကို 4Files (သို့) Samsung Full Firmware ဖိုင်
အဖြစ်အလွယ်တကူ ဖန်တီးယူရနိုင်မယ့် One Click Maker Tool ပဲဖြစ်ပါတယ်။

ဒီ Maker Tool ကိုအသုံးပြုမယ်ဆိုရင်တော့ အောက်ပါလိုအပ်ချက်များကို
ကွန်ပျူတာတွင် အဆင်ပြေအောင် ကြိုတင်ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။

အသုံးပြုနည်းကို မြန်မာလိုရော့ ရှင်းပြပေးထားပါတယ်၊ အားမရမှာစိုးလို့
Youtube မှ ပြုလုပ်နည်း Tutorial ပါထပ်တင်ပေးထားပါတယ်။




လိုအပ်ချက်များ
=========
1. Microsoft DotNet 4.0 Framework

2. Samsung Android single Firmware

3. Samsung Full Firmware Maker tool

အသုံးပြုနည်း
=========
၁။ ကွန်ပျူတာတွင် လိုအပ်မယ့် Microsoft DotNet 4.0 Framework ကိုထည့်သွင်းပါ။

၂။ Samsung Full Firmware Maker tool ကိုဒေါင်းလော့လင့်မှ ရယူပါ။

၃။ Maker tool ကိုဖွင့်လိုက်ပါပြီး Tool မှ Open ကိုတစ်ချက်နှိပ်လိုက်ပါ။

၎။ Firmware zip ဖြည်ထားတဲ့ Folder ထဲမှ .tar.md5 ကိုရွေးလိုက်ပါ။

၅။ ပြီးရင် Unpack button ကိုထပ်နှိပ်လိုက်ပြီး Rom ကို unpcak အရင်ပြုလုပ်ပေးပါ။

၆။ နောက်ဆုံးအနေဖြင့် Make ဆိုတာကို နှိပ်ပေးလိုက်ပြီး Making process ပြီးဆုံးအောင်စောင့်နေပါ။

၇။ အားလုံးပြီးသွားတဲ့အခါ 4 files (သို့) Full Firmware ဖိုင်လေး ပိုင်ဆိုင်သွားပါပြီ။

၈။ Firmware တင်ယူလိုတဲ့ ဖုန်းအတွက် Odin မှ 4Files လုံးကိုရွေးချယ်ပြီးတင်ယူနိုင်ပါပြီ။


How to Make Samsung Full 4Files Firmware
=============================

အားလုံးကိုလေးစားလျှက်

ဇူးနစ်(နည်းပညာ)