Sunday, January 24, 2016

ဒီပို့စ်လေး မဖတ်ခင် ကျနော်တစ်ခုတောင်းဆိုထားပါမည်.
ကျနော်သည် ဆရာမဟုတ်ပါ..Samsung ဖုန်းနဲ့ ပတ်သက်လို့
Expert လည်း မဟုတ်ပါ.. လေ့လာ တွေ့ရှိသမျှကို ပြန်လည်ဝေမျှရုံသာ..

ကျနော်တို့ Mobile Service လောကထဲမှာ Samsung ဖုန်းတွေကို
Vir အမြင့်ကနေ Vir အနိမ့်ဆင်းတဲ့အခါ ဖြစ်ဖြစ် Vir အနိမ့်ကနေ အမြင့်တင်တာပဲ ဖြစ်ဖြစ်
 IMEI တွေ Null သွားတတ်ပါတယ်. (အလုံးတိုင်း မဆိုလိုပါ) 
ကဲ ဘာလို့ Null သွားတာလဲ ..
အဓိက ကတော့ Region ပါ...
ဖုန်းတစ်လုံးရဲ့ Region ဆိုတာ Code အနေနဲ့ က CSC ပါ
File အနေနဲ့ကတော့ Modern ပါ..(Cert,Efs,Navrm)
အဲ့ဖိုင် 3 ဖိုင် ထဲက တစ်ခုမကိုက်ရင်လည်း null ပါတယ်.. 
CSC ဆိုတာ ဖုန်းတစ်လုံးကို Region ခွဲလို့ရတဲ့ Code ပါ
ကဲ သူ့ကို ဘယ်မှာ သွားကြည့်နိုင်မလဲ.
*#1234# ဆိုပီး ဖုန်းခေါ်တဲ့ အကွက်မှာရိုက်လိုက်ရင်ပဲ ပေါ်ပါတယ်

ကဲ ဒါဆိုရင် Firmware တင်ရင် IMEI မ Null အောင် ဘာတွေ လုပ်သင့်လဲ
2 ချက်ရှိပါတယ်
ပထမ အချက်က.. File 4 file ပါတဲ့ Official Firmware ကို ပဲရှာဒေါင်းပီး Modern ဖိုင်ကို ဖြုတ်တင်မလား
ဒုတိယ အချက်.. သူနဲ့ Region(CSC) တူတဲ့ Firmware ကို ပဲ ရှာဒေါင်းပီး တင်မလား

၂ ချက်ထဲက ကြိုက်တဲ့အချက်နဲ့ တင် IMEI Null ဖို့ လမ်း မရှိပါ.

ခုလက်ရှိအနေနဲ့ကတော့ samsung ဖုန်းအားလုံးအတွက်
Official 4 File က မစုံသေးပါဘူး.
နောက်လည်း အလျှဉ်းသင့်ရင် သင့်သလို Official Firmware (4) File တွေကို
တင်ပေးသွားပါ့မယ်
ကဲ ဒါကတော့ 4 file မှာ Modern ဖြုတ်ပီး တင်ချင်တဲ့သူတွေအတွက် အဆင်ပြေရင်တင်ပေါ့

4 File မထွက်တဲ့သူတွေကတော့ နောက်ဆုံးတနည်းပဲ သွားရတော့မှာပါ
CSC ကိုကြည့်ပီး တင်ရတော့မှာပါ..ကြည်နည်းကို တော့အပေါ်မှာပြောလိုက်ပါတယ်
.. ဒီလိုလေးပါ..*#1234#
ကဲ OXE ဆိုတာလေး ကို မှတ်ထားရပါ့မယ့်  
ဘယ်မှာ သွားရှာမလဲ ..ဟုတ်ကဲ့ Samsung Official Website တစ်ခုဖြစ်တဲ့
www.sammobile.com မှာ သွားရောက် ရှာဖွေနိုင်ပါတယ်...
ဥပမာ အပေါ်မှာ ကျနော်ပြထားတဲ့ပုံအတိုင်းဆိုရင် OXE Code ပါ
ပီးရင် ကျနော်တို့ www.sammobile.com ကိုသွားရှာတဲ့အခါ CSC Tag အောက်က
OXE ဆိုတဲ့ Code ကို ရှာရမှာပါ. ဒီလိုလေးပါ..


ကဲ ဒီလောက်ဆို အဆင်ပြေလောက်မယ်ထင်ပါတယ်နော်.
အော်တစ်ခုပြောထားမယ်နော်
sammobile ကနေဒေါင်းလုပ်ဆွဲမယ်ဆိုတော့ သူ့ဆိုဒ်မှာ
Singup လုပ်ထားဖို့တော့လိုမယ်နော်. (လွယ်ပါတယ် အာ့တော့ပြောတော့ဖူး)
အဆင်ပြေပါစေဗျ.. null ရန်မှ ကင်းစေနိုင်ကြပါစေ.. ခ်ခ်

တစ်ခုခု အကြံပေးလိုပါကMy FB Acc
  >> Min Oke Kar << FB

My Reader App
Min Oke Kar (နည်းပညာ).apk
Download (1)
Download (2)

ကျနော်တင်သမျှ  Post တွေကို Facebook
မှ တိုက်ရိုက်ဖတ်ရှုလိုပါက
Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ
page ကို Like လုပ်ထားပေးပါ..
https://www.facebook.com/minoke.kar123

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ