မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှစ၍ MPT ဖုန်းအချင်းချင်း လက်ကျန်ငွေထဲမှ ဘီလ်လွှဲသည့် ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း ကြေညာလိုက်သည်။
ဤဝန်ဆောင်မှုအသစ်တွင် MPT GSM နှင့် WCDMA သုံးစွဲသူအချင်းချင်း ဖုန်းဘီလ်တစ်ခါလွှဲရာ၌ အနည်းဆုံး ၃၀၀ ကျပ်မှ အများဆုံး ၁၀,၀၀၀ ကျပ်အထိ လွှဲပို့ပေးနိုင်မည်ဖြစ်သည်။ ကြိုတင်ငွေဖြည့် စနစ်သုံး ဆွေသဟာအသုံးပြုသူများနှင့် ပုံမှန်သုံး GSM/WCDMA အသုံးပြုသူများအနေဖြင့် ဖုန်းအချင်းချင်းငွေဖြည့်ကာ ဝေမျှသုံးသည့် ဝန်ဆောင်မှုကို အသုံးပြုနိုင်သည်။ ငွေဖြည့်ပေးမည့်သူဘက်တွင် ဝန်ဆောင်ခ ၅ ရာခိုင်နှုန်း အပါအဝင် ငွေဖြည့်ပေးမည့်ပမာဏအတွက် လုံလောက်သော လက်ကျန်ငွေရှိရမည်ဖြစ်သည်။ သုံးစွဲသူတစ်ဦးသည် တစ်ရက်အတွင်း ငွေလွှဲပြောင်းပေးပို့မှု ၅ ကြိမ် အများဆုံးလုပ်နိုင်ပြီး လက်ခံမှုကိုမူ အကြိမ်အရေအတွက် အကန့်အသတ်မရှိ လက်ခံနိုင်မည်ဖြစ်သည်။
"တစ်ခါတလေမှာ ဖုန်းဘီလ်နည်းနည်းကလေး ရုတ်တရက် လိုနေတာမျိုး ဖြစ်တတ်ပါတယ်၊ အရေးတကြီးအချိန်တွေမှာ မိသားစုဝင် တစ်ယောက်ယောက်ကိုဖြစ်ဖြစ်၊ သူငယ်ချင်းကိုဖြစ်ဖြစ် ခေါ်ဖို့ လိုနေတာမျိုးတို့၊ ဒါမှမဟုတ်လည်း ဘီလ်ဖြည့်ဖို့ ဘယ်လိုမှ ဆိုင်ရှာမတွေ့တဲ့ အချိန်မျိုးတို့ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် လိုအပ်ချိန်တိုင်းမှာအဆင်ပြေဖို့ ဝန်ဆောင်မှုကို စတင်ခဲ့တာပါ" ဟု MPT မှ Mr.KoichiKawase က ပြောသည်။
ဤဝန်ဆောင်မှုသည် မြန်မာ့ဆက်သွယ်ရေး၏ ကြိုတင်ငွေဖြည့်စနစ်သုံးသည့် GSM/WCDMA သုံးစွဲသူတိုင်းအတွက်ဖြစ်ပြီး ငွေလွှဲပို့ရန်အတွက် USSD code: *223*လွှဲမည့်ငွေပမာဏ* လက်ခံဖုန်းနံပါတ်# နှင့် ဖုန်းခေါ်ဆိုသည့် ခလုတ်ကိုနှိပ်၍ လွှဲပို့နိုင်သည်။
Credit to ==> Internet Journal

Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ