Sunday, January 24, 2016





Android Phone Software Service ဆရာတို့အနေနဲ့ APK လေးတွေကို ဖိုဒါတစ်ခုထဲ စုပြုံထည့်ထားပီး လိုအပ် တဲ့အချိန် bat ဖိုင်လေး Run ပေးလိုက်တာနဲ့ ဆက်တိုက်ဆိုသလို ADB Command သုံးပီး apk install လုပ်ပေးမယ့် Tool လေးတစ်ခု အလွယ်တစ်ကူ တည်ဆောက်ကြည့်ရအောင်။ မိမိဆီမှာ apk ဖိုင်လေး တွေရှိ ပြီးသားဖြစ်ခဲ့ရင် adb.exe ရှိရုံလေးနဲ့ အလုပ်လုပ်လို့ရပါတယ်။
• အရင်ဆုံး ဖိုဒါအလွတ်တစ်ခုတည် ဆောက်ပြီး အထဲကို ဝင်လိုက်ပါ။
• နောက်ထပ် ဖိုဒါအသစ်တစ်ခုတည်ဆောက်ပြီး နာမည်ကို apk လို့ နာမည်ပေးလိုက်ပါ။
• နောက်တစ်ဆင့် အနေနဲ့ မိမိ install လုပ်လိုတဲ့ apk လေးတွေကို အဲ့ဒီ apk ဖိုဒါထဲမှာထည့်ထားလိုက်ပါ။
apk လေးတွေကို install လုပ်ပေးမယ့် adb လိုလာပါပီ။အောက်ပါ Link မှာ ဒေါင်းလုဒ်ယူလိုက်ပါ။ မိမိဆီမှာ အဆင်သင့်ရှိပြီးဆိုရင်လည်း ရှိ တဲ့ adb ကိုပဲ သုံးလို့ရပါတယ်။
• ဒေါင်းလို့ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်လိုက်ရင် အထဲမှာ adb.exe, AdbWinApi.dll, AdbWinUsbApi.dll ဆိုတဲ့နာမည်နဲ့ ဖိုင်လေး ၃ ဖိုင် ရလာပါမယ်။ အဲ့ဒီ ဖိုင်လေး ၃ ဖိုင်ကို apk ဖိုဒါနဲ့ အတူတူထား ပေးပါ။
• နောက်တစ်ဆင့်အနေနဲ့ Right Click ကနေ New >Text Document တစ်ခုတည်ဆောက်လိုက်ပါ။
•New Text Document.txt ဖိုင်လေးကို ကလစ် ၂ ချက်ခေါက်ဖွင့်ပြီး အောက်ပါ command ၂ ကြောင်းရေးထည့်ပေးပါ။
=======================
@echo off
for %%i in (apk/*.apk) do adb install -r “apk/%%i”
=======================
အထက်က command ၂ ကြောင်းရေးပြီးတာနဲ့ File> Save as ကနေတစ်ဆင့် File name ကို installer.bat ဆိုတဲ့ နာမည်ပေးလိုက်ပါ၊
Save as Type:ကို All Files (*.*) ကိုရွေးပီး save လုပ်ပေးပါ။
အခုဆိုရင် apk installer လေးကို စတင်သုံးစွဲလို့ရပါပီ။ ဖုန်းကို PC နဲ့ချိတ် Driver သိပီဆိုတာနဲ့ installer.bat လေးကို ကလစ် ၂ ချက်ခေါက်ပြီး run ပေးလိုက်တာနဲ့ apk ဖိုဒါထဲမှာ ရှိတဲ့ apk လေးတွေကို adb install နဲ့ သွင်းပေးသွားပါလိမ့်မယ်။
မိမိကိုယ်တိုင်တည်ဆောက်ဖို့ အခက်အခဲရှိတဲ့ မိတ်ဆွေတို့အတွက် တည်ဆောက်ပြီးသား Tool လေးကိုလည်း download ရယူနိုင်ပါတယ်။
adb>>http://www.mediafire.com/download/tsn4waw0on18473/adb.zip
=======
Tool>>http://www.mediafire.com/…/cxgtae4pafpg9al/APK+Installer.zip

 MPPG