Monday, January 4, 2016



မိမိဖုန်းမှာ install လုပ်ထားတဲ့ Application လေးတွေကို adb shell command သုံးပြီး 
uninstall လုပ်ပုံလေးပြပေးပါမယ် အရမ်းကို လွယ်ကူပါတယ်။
အရင်ဆုံး command prompt ဖွင့်လိုက်ပါ။
adb shell လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
$ ပုံလေးပြရင် လုပ်ငန်းစလို့ရပါပြီ။
အရင်ဆုံး Package Manager ( pm ) ကို အသုံးပြုပြီး install လုပ်ထားတဲ့ Application တွေကို စစ်ကြည့်ပါမယ်။
pm list package -3 လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ install လုပ်ထားတဲ့ Application တွေရဲ့ 
Package Name တွေပြပေးပါလိမ့်မယ်။ မိမိ ပြန်ဖြုတ်လိုတဲ့ package ကို pm uninstall <package> ဆိုပြီး 
ရေးထည့်ပြီး Enter ခေါက်ပေးလိုက်တာနဲ့ uninstall လုပ်သွားပါလိမ့်မယ်။ အခု နမူနာ အနေနဲ့ 
facebook APK ကို command ကနေ uninstall လုပ်တာလေး ပြပေးပါမယ်
adb shell
pm uninstall com.facebook.katana
အပေါ်က command ၂ ကြောင်းကို တစ်ကြောင်းခြင်း ရိုက်ထည့်ပြီး Enter ခေါက်သွားလိုက်တာနဲ့ 
မိမိဖုန်းမှာ install လုပ်ထားတဲ့ facebook applicaion ကို uninstall လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။


MPPG