
လာပြန်ပြီနော် ဖုန်းကလစ်သူများနဲ့ Serivce သမားများအတွက်
MTK Device ဆိုင်ရာ ဖုန်းတွေကို Firmware ရေးသားတာပဲဖြစ်ဖြစ်
ကွန်ပျူတာဖြင့် ချိတ်ဆက်လိုက်ရင် ကွန်ပျူတာက ဖုန်းကိုမသိဘူးဆိုပြီး
ခနခနပြောလာကြလို့ ဒီပိုစ့်လေးကိုရှာပြီး တင်ပေးလိုက်ပါတယ်။
အရင်လို Reloader တို့နဲ့အခြားသော All in one Driver များလို
install ပြုလုပ်ရတာမျိုးမဟုတ်ပဲ Auto Installer ဖြစ်တဲ့အတွက်
အရမ်းလွယ်ကူပြီး Install ပြုလုပ်ရမှာမို့ လူတိုင်းလုပ်တတ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် Driver နဲ့ install ပြုလုပ်နည်းကိုဆက်လေ့လာကြည့်လိုက်ပါ။
All Mobiles MTK USB Driver Auto installer
All Mobiles MTK USB Driver Auto installer
Driver name: All Mobiles MTK USB Driver Auto installer
Support os: Windows xp,7,8,10
How to Install on Windows
=================
USB Driver ကိုဒေါင်းလော့လုပ်ပြီး zip ဖိုင်ကိုဖြေလိုက်ပါ
အောက်ပါပုံအတိုင်းမြင်နေရပါလိမ့်မယ်။
Micromax A110_Drivers_x86 .exe ဖိုင်မှာ Douck Click တစ်ချက်ထောက်ပြီး
Run as administrator ဖြင့် စတင် install ပြုလုပ်ပါ။
အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ Next ကိုဆက်နှိပ်လိုက်ပါ
Choose Destination Location Option နေရာမှာလည်း
ဘာမှထပ်လုပ်စရာမလိုပါ Next ကိုပဲဆက်နှိပ်သွားလိုက်ပါ
Select Program Folder နေရာမှာ Accessories ကိုပဲရွေးချယ်ပြီး
Next ကိုသာဆက်နှိပ်ပြီးသွားလိုက်ပါ။
Setup Status ဆိုပြီး Install ပြုလုပ်နေပါလိမ့်မယ်
အောက်ပါပုံမှာတော့ installShield Wizard Complete ဆိုပြီး
ကွန်ပျူတာတွင် install ပြုလုပ်ခြင်းကိစ္စအောင်မြင်ပြီးစီးကြောင်း
ပြပေးနေတာဖြစ်ပါတယ် Finish ကိုနှိပ်ပေးလိုက်ပါ၊
အားလုံးပြီးသွားရင်တော့ All MTK USB Driver ဆိုင်ရာ အခက်အခဲဖြစ်နေကြတဲ့
ညီအကိုများအနေဖြင့် ကွန်ပျူတာက ဖုန်းကို မသိဘူးဆိုတဲ့ပြသနာလေး
ကင်းဝေးသွားမှာဖြစ်ပါတယ် နောက်များ ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်တိုင်း
အဆင်ပြေသွားပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ