Saturday, January 30, 2016


Bootloader != boot

!= (Not equal)

မိုဘိုင်းဖုန်းတစ်လုံးမှာ Bootloader ဆိုတာ boot မဟုတ်ပါဘူး
Bootloader Partition က boot partition ရဲ့ အပေါ်မှာရှိပါတယ် .
Phone တစ်လုံး boot partition ပျက်ရင် ပါဝါ မသေပါဘူး
Bootloader ပျက်မှ သေပါတယ် .
Boot ပျက်ရင် တစ်စိတ်မှာရပ်တယ် ဘာညာ မှားပြီးပြောနေကြတာ တွေ့နေရလို့



How bootloader work ?
===================

အကြမ်းအားဖြင့် ပြောရရင် Bootloader က ဖုန်းတစ်လုံး ပါဝါဖွင့်လိုက်ရင် ဘယ် Mode ကို ဝင်မလဲ ဆိုတာ ဆုံးဖြတ်ပေးပါတယ် . ဥပမာ . Adb or Normal Mode , fastboot mode , recovery mode , emergency download mode , etc.

အခုနောက်ပိုင်း Android 4.0 နဲ့အထက်မှာ Secure Boot ဆိုတာ ဖြစ်လာခဲ့ပြီး Bootloader ရဲ့ Function ၂ ခုထပ်တိုးလာပါတယ် .

1 . Partition တွေကို Flash လို့မရအောင် fastboot command တွေကို ပိတ်ပေးတယ်.
2 . Partition တွေမှာ Oem ရဲ့ signature ပါမပါ ( official partition တွေ ဟုတ်မဟုတ်) စစ်ပေးတယ်
3 . ဘယ် Mode ကို ဝင်မလဲ ဆုံးဖြတ်ပေးတယ်

ဆိုပြီး သုံးခု ဖြစ်လာပါတယ် .

Bootloader Unlock 
================
Secure boot ကို unlock လုပ်လိုက်မယ် ဆိုရင်

Bootloader ရဲ့ အပေါ်က အချက် ၂ ချက်ဖြစ်တဲ့
Signature စစ်တာနဲ့ partition flash တဲ့ function ၂ ခု ကို မလုပ်တော့ပါဘူး.

အဲ့တာကြောင့် fasboot ကနေ flash လို့ရတယ်
Image signature verify fail တွေ မတက်တော့ပါဘူး .

Bootloader အပေါ်မှာ Boot rom ဆိုတာ ရှိပါသေးတယ်
နောက်မှ ရေးတော့မယ် ��

ရေးထားတာ မှားနေတယ် လိုနေတယ်ဆို ထပ်ဖြည့်ပေးခဲ့ကြပါအုံး ��

( My Course - Title = Knowledge )

ရေးသားသူ- Naing Lynn Kun
------------------------------

MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (မန္တလေးမြို့)
ဖုန်း- ၀၉၉၁၀၃၃၁၃၄ ၊ ၀၉၇၉၇၂၄၈၄၈၈


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)