Monday, February 8, 2016




Print working directory command {pwd}

ရှည်ရှည်ဝေးဝေးတော့ မဟုတ်ပါဘူး မိမိရောက်ရှိနေတဲ့ နေရာရဲ့Directory ကို print လုပ်တာပါ မိမိရောက်နေတဲ့နေရာကို ကြည့်ချင်ရင်သုံးပါတယ်။

pwd

ယခု မိမိရောက်ရှိရာနေရာမှာ Main Directory ဖြစ်နေတဲ့ အတွက် / သင်္ကေတ ပြပါလိမ့်မယ် ” / ” က ဖုန်းရဲ့ root Directory ကို ကိုယ်စားပြုပါတယ်

pwd
အိုကေ ကျနော်တို့လွယ်လွယ်လေး နောက်တစ်ခု ဆက်သွားရအောင်


=====================
Change Directory { cd }


နေရာတစ်ခုကနေ နောက်တစ်နေရာကို ကူးချင်ရင် cd ဆိုတဲ့ command ကို သုံးရပါတယ်
ဥပမာပြောရရင် ကျနော်တို့ Phone ရဲ့ File Manager ကနေ Bluetooth folder , download folder ,zapya folder အစရှိသဖြင့် ၀င်လိုက် ပြန်ထွက်လိုက်သုံးကြပါတယ် ။ ဒါဟာ change Directory လုပ်တာပါ။

Android ရဲ့သဘောတရားအရတော့ သာမာန် File Manager တွေဟာ Sdcard နဲ့ External sdcard လောက်ကိုသာကူးပြောင်းအသုံးပြုနိုင်ပီး
root File Manager root Explorer အစရှိတဲ့ File Manager တွေကတော့ ဖုန်းရဲ့ root Directory အထိ ၀င်ရောက် သုံးစွဲနိုင်ပါတယ်။

အိုကေ ရှေ့ဆက်ရအောင်

/$ ပေါ်နေပီ ဆိုရင်

cd sdcard
cd sdcard
လို့ရိုက်ပီး Enter ခေါက်ပေးလိုက်ပါ ခုဆိုရင် sdcard အောက်ကို ရောက်ရှိသွားပါပီ
/sdcard $ အဲ့လိုလေးပေါ်နေရင် အဆင်ပြေပီပေါ့

ls လို့ခေါက်ကြည့်ပါ။
Android sdcard ရဲ့ native folder တွေ ဖြစ်တဲ့
Android
DCIM
download
တို့ကို တွေ့ရမှာပါ။
cd ls
အိုကေ ကျနော်တို့ ခု sdcard ဖိုဒါကနေ နောက်တစ်ဆင့်ပြန်ဆုတ်မယ် back key နှိုပ်မယ်ပေါ့ဗျာ။

cd ..
{ စီဒီ စပေ.ဘား ဒေါ့ဒေါ့ } ဒါဆိုရင် နောက်ပြန်ထွက်သွားမယ်။ ခုဆိုရင် sdcard အောက်ကို ပြန်ရောက်နေပီပေါ့ဗျာ။ ဒါတစ်ဆင့်ပဲပြန်ထွက်တာပါ။
cd ..
နှစ်ဆင့်ထွက်ချင်ရင်
cd ../..
{ စီဒီ စပေ.ဘား ဒေါ့ဒေါ့ စလပ် ဒေါ့ဒေါ့} ဆိုရင် ရပါတယ်။
cd ....
သုံးဆင့်ဝင်မိထားလို့ သုံးဆင့်ထွက်ချင်ရင်

cd ../../..
{ စီဒီ စပေ.ဘား ဒေါ့ဒေါ့ စလပ် ဒေါ့ဒေါ့စလပ် ဒေါ့ဒေါ့} ပေါ့ဗျာ။

တစ်ခါတည်း အပီးတိုင် Main Directory ထိ ပြန် ထွက် ချင်ရင်တော့

cd /
ဆိုပီး ရိုက်ထည့်လိုက်ပါ root Directory ထိ ပြန်ရောက်သွားပါလိမ့်မယ်။



cd sl     
MPPG