Wednesday, February 3, 2016




Android Hacker တစ်ယောက် ဖြစ်လိုသည်ဖြစ်စေ၊ Android Software Developer
တစ်ယောက်အဖြစ်ရပ်တည်လိုသည်ဖြစ်စေ၊ Android ဖုန်းပြုပြင်ရေးနဲ့ပါတ်သက်လို့ 
Software ကဏ္ဍမှာ ကျွမ်းကျင် ပိုင်နိုင်လိုသည်ဖြစ်စေ Android Internal လို့ အများ 
ပြောကြတဲ့ Android ရဲ့ အတွင်းပိုင်း ဖွဲ့စည်း တည်ဆောက်ပုံကို 
ဂဃနဏ နားလည်ထားဖို့လိုအပ်ပါတယ်၊ 

တစ်ချို့ ကိစ္စနဲ့ ပြဿနာတွေမှာ နားမလည်လည်း လုပ်လို့ရတယ် ဖြေရှင်းလို့ရတယ်ဆိုပေမယ့်
တကယ့်လက်တွေ့ဘ၀မှာတော့ နားလည်လို့ သိလို့ ဖြေရှင်းလိုက်တာက ပညာရှင်ဆန်ပါတယ်၊

Android အတွင်းပိုင်းအလုပ်လုပ်ပုံကိုမှ ကောင်းကောင်းနားမလည်သေးရင်
သင် Android ကိုဘယ်လောက် ကျွမ်းတယ်ပြောပြော ဒါက ပြောင်လိမ်မှုကြီးတစ်ခုထက်
ဘာမှထူးခြား သွားမှာ မဟုတ်တဲ့ အဆိုပြုချက်သာလျှင်ဖြစ်ပါလိမ့်မယ်၊ Tools တစ်ချို့နဲ့ 
ကုဒ်တစ်ချို့က လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲကို ပြေလည်သွားစေ တတ်ပါတယ်၊ 
ယာရီအနေနဲ့ ထိုဖြေရှင်းချက်မျိုးက ကန့်ကွက် စရာ မရှိသလို လူတိုင်းလည်း အသုံးပြုပါတယ်၊ 
Tools တွေက ပိုကောင်းလာလေ အသုံးပြုသူနဲ့ လက်တွေ့လုပ်ငန်းစဉ်တို့က ဝေးလာလေပါပဲ၊
ဆင့်ကဲဖြစ်စဉ် ၊ တည်ဆောက်ပုံ Architectur ၊ ရည်ရွယ် ဖန်တီးခဲ့တဲ့ Scheme ၊ 
အသုံးပြုသွားတဲ့ ဘာသာရပ် စသဖြင့် လက်တွေ့ကိုင်တွယ်လုပ်ဆောင်ရ မယ့် နားလည်မှဖြစ်မယ့် 
အပိုင်းတွေကို Tools တွေက တာဝန်ယူလုပ်ဆောင်သွားပါတယ်၊ ဒီတော့ ထိုဖြစ်စဉ်တွေနဲ့ 
အသုံးပြုသူတွေက အလှမ်းဝေးလာပါတယ်၊ ဒီအချက်ကပဲ နည်းပညာ လောကမှာ 
Back End Developer, Front End Developer နဲ့ User ဆိုတဲ့ မတူညီတဲ့ အဆင့်တွေကို 
သတ်မှတ် နိုင်လာကြပါတယ်၊ ဥပမာ အနေနဲ့ monkeytest (Ghost Push) maleware နဲ့ 
ပါတ်သက်ပြီး batch Script ကိုထုတ်ပေးခဲ့တဲ့cmcm.com က batch code အချို့ကို
အခြေခံပြီး နည်းပညာ လောက က မတူညီတဲ့ အဆင့် အချို့ကို လေ့လာကြည့်ပါမယ်၊

User

User အနေနဲ့ကတော့ cmcm.com က ထုတ်ပေးတဲ့ ကုဒ်ကို text editor တစ်ခုထဲကို
ထည့် ပြီးရင် .bat extension နဲ့ သိမ်း Adb နဲ့ library ဖိုင် ပေါင်း သုံးခုရှိရင် .bat ဖိုင်ပေါ်
ခလစ်နှိပ်ပြီး Run လိုက်တာနဲ့ ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းက အတိုင်းအတာတစ်ခုအထိ 
virus တွေကို သတ်ပေးသွားမှာပါ၊ ဒါက User အဆင့် အလုပ်လုပ်ပုံပါ၊ 

User ပေါ်မှာမှ နည်းနည်း ပိုကျွမ်းကျင်တဲ့ User တွေက လိုအပ်တဲ့ဖိုင်တွေကို တည်ဆောက်၊ 
ပြီးရင် အဲ့ဒီ့ ဖိုင်တွေအားလုံးကို zip package တစ်ခုဖြစ်အောင် ထုပ်၊ ပြီးတော့ အဲ့ဒီ့ zip ဖိုင်ကို 
မျှဝေပေါ့၊ ဒီတော့ ပေးထားတဲ့ ကုဒ်တွေကို အလုပ်ဖြစ်အောင် မစီစဉ်တတ်သူတွေအတွက်တော့ 
အားလုံး တစ်စုထည်းရတဲ့ package ကိုသုံးကြတာပေါ့၊ ဒီ့ထက်ပိုပြီးတော့ အကွက်မြင်တဲ့ 
Users တွေကြတော့ အဲ့ဒီ့ လို ပြဿနာ ဖြေရှင်းတဲ့ ဖိုင်တွေကို သီးသန့်လိုက် စု ပြီးရင် များပြားလှတဲ့ 
software packages တွေကို ၀က်ဆိုဒ်မှာတင် လိုတဲ့လူတွေက လာဒေါင်း ၊ 
ဝက်ဆိုဒ်မှ ကြေငြာတင် ဘယ်နေရာ နှိပ်မိနှိပ်မိ ကြေငြာစာမျက်နှာကို ရောက်သွား စသဖြင့် 
Users လောက ကြီးကလဲ လည်ပတ်မှု အရှိန်အမြင့်ဆုံးနဲ့ လည်ပတ်နေကြပါတယ်၊

Front-End Developer

Front End Developer နဲ့ Back End Developer တို့ဆိုတာက Web Technician လောကမှာ 
သုံးတဲ့ အသုံးအနှုန်းတွေပါ ကျွန်တော် ခဏငှားသုံးထားတာ၊ Web လောကမှာတော့ Front End 
ဆိုရင် ရုပ်ထွက်ပိုင်းဆိုင်ရာ User Interface ကိုဖန်တီးတဲ့ HTML, CSS, HTML,CSS3,
JavaScript,Jquery တို့လို ဘာသာရပ်တွေကိုခေါ်တာဖြစ်ပြီးတော့ Back End ကတော့ 
Database နဲ့ ချိတ်ဆက် ပြီးဖြစ်စေ User Interact လုပ်တဲ့ အပေါ်မှာ မှုတည်ပြီး Web site 
တည်ဆောက်ပုံကို Dynamically ပြောင်းလဲ ပေးနိုင်အောင် လိုအပ်တဲ့ ဒေတာတွေကို 
Database နဲ့ ချိတ်ဆက်ပြီးဖြစ်စေ Server Host မှာရှိတဲ့ ဖိုင်နဲ့ ဖိုဒါတွေပေါ်မှုတည်ပြီး
 ဖြစ်စေ ၀က်ဆိုဒ် အသွင်မပြင်နဲ့ ဖော်ပြမယ့် Data တွေကိုပြောင်းလဲ ပေးတဲ့ ကဏ္ဍပေါ့၊ 
Mobile လောကမှာကြတော့ Front End က အထက်က ဖော်ပြခဲ့တဲ့ cmcm.com ဆိုဒ်ကလို 
ဒေတာတွေကိုလေ့လာတယ် ကိုယ်တိုင်လဲ ထွင်နိုင်အောင် virsus ဖြစ်တည်ရာ 
လမ်းကြောင်းတွေကို ရှာဖွေတယ်၊ virus ရဲ့ ဖြစ်တည်ပုံ ၊ အလုပ်လုပ်ဆောင်ပုံ တွေကိုပါ 
နားလည်အောင်လုပ်တယ်၊ ပြီးတော့ အဲ့ဒီ့ နားလည်မှု ရှာဖွေတွေ့ရှိမှုပေါ် အခြေခံပြီးတော့ 
ကုဒ်တစ်ချို့ရေးပါတယ်၊ အတိုင်းအတာ တစ်ခု အထိ virus တွေကို သတ်ပြစ်နိုင်ကြပါတယ်၊ 
ဒါကတော့ Front End Developer တွေရဲ့ လုပ်ငန်းစဉ်ပေါ့၊

Back-End Developer

အများအားဖြင့်က front end developers တွေက သူတို့ရဲ့ ရပ်တည်မှုကို Back End 
Developers တွေနဲ့ သွားရောနေတတ်ပါတယ်၊ ဒီလိုဖြစ်ရအောင်ကလဲ Back End 
Development ရဲ့ တည်ရှိဖြစ်တည်ပုံက လေးနက်တည်ငြိမ်လွန်းအားကြီးလှပါတယ်၊ 
ဥပမာ အားဖြင့် CMD မှာ ပုံမှန်အသုံးပြုလို့ရတဲ့ commands 84 ခုရှိပါတယ်၊ ဒီထဲမှာမှ 
telnet client ကို enable လုပ်ထားရင်သုံးလို့ရနိုင်တဲ့ telnet လို command မျိုးပါ 
ထည့်တွက်ရင် command 100 လောက်ရှိမှာပေါ့ (အတိအကျမဟုတ်ပါ)၊ ဒီလိုပဲ adb နဲ့ 
သီးသန့်သုံးနိုင်တဲ့ commands 50 ကျော်ရှိပါတယ်၊ shell user အနေနဲ့ဆိုရင်တော့ 
270 ကျော်ရှိ ပြီး su commands တွေကတော့ 380 ရှိပါတယ်၊ ဒါတွေကို အသုံးပြုနိုင်သူတွေက 
Front End Developer တွေဖြစ်ပြီး ဒါတွေကို ဖန်တီးသူတွေကတော့ Back End Developers 
တွေဖြစ်ပါတယ်၊ adb , shell , subinary တို့အားလုံးက ကြိုတင်ဖန်တီး တည်ဆောက်ပေးပြီးသား 
binaries တွေဖြစ်ပါတယ်၊

Mobile လောကမှာလဲ Power User (front end developer) တစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင်
Android အတွင်းပိုင်းကို အသေးစိတ်နားလည်ထားဖို့လိုအပါတယ်၊ Power User စစ်စစ်ဖြစ်သွားရင် 
ကိုင်ပိုင် Tools တွေထုတ်ဖို့ ပြဿနာ ဖြေရှင်းဖို့ ဆိုတာ သူများ သင်ပေးမှ မဟုတ်ဘဲ ကိုတိုင်ဖန်တီးတတ်လာပါပြီ၊ 
ဒီတော့ Power User တစ်ယောက်ဖြစ်ဖို့ အတွက် ဘာတွေကို လေ့လာရမလဲ၊

1. Android File System များ အကြောင်း

2. Android ဖုန်း boot တက်ပုံနှင့် ဖိုင်အဆင့်ဆင့် တည်ဆောက်ပုံ

3. Backup နှင့် Recovery တို့အကြောင်း အသေးစိတ်နားလည်ထားခြင်း

4. Init ဘာသာရပ်နှင့် Android အသက်သွေးကြော လုပ်ငန်းစဉ်များ

5. Services (Daemon) များအလုပ်လုပ်ပုံ

6. Android လုံခြုံရေး

7. Linux မှ တဆင့် Android အားလေ့လာခြင်း

8. Adb,shell,subinary တို့အား ကျွမ်းကျင်စွာ အသုံးပြုပုံ

အထက်က အချက်တွေကတော့ Android Power User ဖြစ်ဖို့ တစ်ခုမကျန် အသေးစိတ်နားလည်ထားရမယ့် 
အချက်တွေပါ၊ ဒါက အကုန်တော့ မဟုတ်သေးဘူး၊ နို့ပေမယ့် အထက်က အချက်တွေ နားလည်သွားရင်
Android software ကျွမ်းကျင်အဆင့်ရောက်သွားမှာပါ၊ အထက်က ခေါင်းစဉ်တွေကြည့်ရင် နည်းနေသလို 
ဖြစ်နေလိမ့်မယ်၊ ဒီလိုထင်ရတာက သူတို့ထဲမှာ ပါဝင်တဲ့ subjects တွေကို အသေးစိတ်မသိသေးလို့ပါ၊ 
အိုကေ အခု အကျမ်းဖျင်းအနေနဲ့ ရှင်းပြမယ်၊

Android File System 

အရင်ဆုံး File system နဲ့ partitions တွေကို ဆိုလိုတာလဲ သိရမယ်၊ သိပြီဆိုရင် Android မှာ 
ဘာကြောင့် အဲ့ဒီ့ လို Paritions တွေခွဲခြားတည်ဆောက်ထားရတာလဲ၊ ဘယ်လို လိုအပ်ချက်နဲ့ 
အားသာချက်ကြောင့်လဲ သိရမယ်၊ ဘာကြောင့် အခြား Partition System ဖြစ်တဲ့ MBR paritions 
system ကို မသုံးပဲ GUID parition table ကိုသုံးတာလဲ၊ အသေးစိတ် လက်တွေ့ ဘယ်လိုသိနိုင်မလဲ၊ 
Android မှာသုံးတဲ့ File storage system တွေက ဘာတွေလဲ ၊ 
ဘာကြောင့် YAFFS , Ext3, Ext4, F2F တို့ ဆိုပြီး flash file system တွေကွာခြားသွားကြတာလဲ၊ 
ကွာခြားမှုရဲ့ အဓိက အချက်ဖြစ်တဲ့ Chipset တွေဖြစ်သော MediaTek, Qualcomm တို့ က 
file system အမျိုးအစားတွေပေါ် ဘယ်လို သက်ရောက်မှုရှိလည်း၊ Android Kernel က 
ထောက်ပံ့ပေးထားတဲ့ file system အမျိုး အစား တွေက ဘာတွေလဲ၊ Standard Android Paritions 
တွေက ဘယ် အပိုင်းတွေဖြစ်ပြီး Chipset နဲ့ Vendor (ဖုန်းထုတ်သူ)တို့ အသုံးပြုတဲ့ paritions တွေက 
ဘယ်အပိုင်းတွေလဲ၊ ဘယ် paritions တွေက root user အဖြစ် mount တက်လဲ၊ 
ဘယ် paritions တွေက read only လဲ၊ mount paritions တွေအကြောင်း လက်တွေ့လေ့လာကြည့်ခြင်း၊ 
ဘယ်ဖိုင်တွေက pseudo file system တွေလဲ၊ file system ထဲမှာ ပါဝင်တဲ့ ဖိုဒါနှင့် ဖိုင်များနှင့် ဘာအတွက် 
တစ်ခုစီကို အသုံးပြုတာလဲ၊ emmc တည်ဆောက်ထားပုံနှင့် ပြန်ရေးနိုင်သည့် ဘာသာရပ်၊ SoC Architectur 
အားနားလည်ခြင်း၊


အထက်ကက အချက်တွေကတော့ Android File System ကို နားလည်ဖို့ အတွက်လေ့လာရမယ့်
အချက်တွေဖြစ်ပါတယ်၊ အချို့ အချက်တွေက File Systems ကနေ မှီခိုရတော့ တိုက်ရိုက်
မသက်ဆိုင်ပေမယ့် နားမလည်လို့တော့မဖြစ်ဘူး၊ ဒီတော့ နောက်သင်ခန်းစာ မှာ စပြီး လေ့လာကြမယ်၊
အပိုင်း ၁ ဖြစ်တဲ့ file system မှာ သင်ခန်းစာပေါင်း ၃၀ ပါရှိပါတယ်၊ ဒါက အပိုင်း ၁ အတွက်ပြောတာပါ၊

မှတ်ချက်

1. သင်ခန်းစာ အားလုံးက အခမဲ့ ရမည်မဟုတ်ပါ၊ waiferkolar ရေးထားတဲ့ Android Hack နှင့် 
Android Development စာအုပ်ဝယ်ယူထားသူတွေအတွက် သင်ခန်းစာ အားလုံးလေ့လာဖို့ 
ကျပ် ၅၀၀၀ (ငါးထောင်) ပေးသွားရှာဖြစ်ပြီး၊ ပေးသွင်းပါက Computer Software တစ်ခုရရှိမှာဖြစ်ပါတယ်၊ 
ထို စာအုပ်ပုံစံ တည်ဆောက်ထားတဲ့ Software အသုံးပြုပြီး သင်ခန်းစာ အားလုံကိုလေ့လာရမှာပါ၊

2. သင်ခန်စာတွေအားလုံးကို ပြည်ပမှ ဆရာများ အွန်လိုင်းမှ မျှဝေသည့် ပြည်ပ ၀က်ဆိုဒ်များ 

စာအုပ်များ pdf များမှ လေ့လာထားပြီး တတ်ကျွမ်းနားလည် သမျှကို မြန်မာ နားလည်အောင် 
သင်ခန်းစာတစ်ခုစီအတွက် Target တစ်ခုစီသာထား၍ ထို ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်း 
နားလည်သဘောပေါက်သွားအောင် သင်ကြားပေးထားခြင်းဖြစ်ပါသည်၊

3. ကွန်ပြူတာ Software တွင် ပါဝင်သော သင်ခန်းစာပေါင်း 150 ဖြစ်ပြီး ထိုသင်ခန်းစာ 150 ကို
လေ့လာတတ်မြောက်ပါက Android အကြောင်း ကောင်းစွာ နားလည်သဘောပေါက်သွားမည်ဟု 
အာမခံပါသည်၊ သင်ခန်းစာတွေအတွက် မရှင်းလင်းသည့် အချက်များကို 
မေးမြန်ရန် A&Q service ကို ၀က်ဆိုက်တွင် ထောက်ပံ့ပေးထားပြီး စာဖြင့် ရှင်း၍ နားမလည်ပါက 
TeamViewer မှ တဆင့် လက်တွေ့ရှင်းပြပေးပါမယ်၊