Keyboard မှ Window Key နဲ့ R Key ကိုတွဲနှိပ်ပေးပါ
Open ဆိုတဲ့အထဲမှာcmdလို့ရေးထည့်ပီး Enter ခေါက်ပေးပါ
ခုဆိုရင် Command Prompt လေးတက်လာပါပီ
အဲ့ဒီ cmd.exe လေးဟာ ၀င်းဒိုးရဲ့ C:\Window\system32 အောက်မှာရှိနေတာပါ
အဲ့ဒီတော့ အဲ့ဒီ system32 အောက်မှာသာ adb.exe ဖိုင်လေးရှိနေခဲ့ပီးသားဖြစ်ရင်
Window မှာadb patch လုပ်ပီးသားလို့ ပြောလို့ရပါတယ် အိုကေကျနော်တို့ ရှိမရှိ စစ်ကြည့်ကြရအောင်..
Command prompt မှာ
adb devicesလို့ခေါက်လိုက်ပါ
တကယ်လို့ patchမလုပ်ရသေးရင်
‘adb’ is not recognized as an internal or external command,
operable program or batch file.လို့ ပေါ်နေပါလိမ့်မယ်
လုပ်ပီးသားဆိုရင်တော့
List of devices attachedလို့ ပြပေးပါလိမ့်မယ်
တကယ်လို့ ကျနော်တို့ adbမသွင်းရသေးရင် adbသွင်းကြပါမယ်
လိုအပ်တဲ့ဖိုင်ဒေါင်းပါ Download Here
ဒေါင်းလို့ရလာတဲ့ ဇစ်ကိုဖြည်လိုက်ရင် ဖိုင်လေးဖိုင် တွေ့ပါလိမ့်မယ်။
အဲ့ဒီဖိုင်လေးဖိုင်ကို
C:\Windows\System32အတိုင်းကော်ပီကူးပီးထည့်ပေးထားလိုက်ပါ
ခုဆိုရင် Command Prompt ပြန်ခေါ်ပီးadb devicesလို့ ခေါက်ကြည့်ပါ အလုပ်လုပ်ပါလိမ့်မယ်
ဒါဆိုရင် ကျနော်တို့ adbကိုဘယ်နေရာကသုံးသုံးသုံးလို့ ရပါပီ
နမူနာသုံးကြည့်ရအောင် Folder တစ်ခုခုထဲဝင်လိုက်ပါ
Keyboard ကနေ Shift နဲ့ Right Click တွဲနှိပ်လိုက်ပါ
ပေါ်လာတဲ့ popup Menu ထဲက Open command window here ကိုရွေးလိုက်တာနဲ့ command prompt တက်လာပါမယ် စမ်းသုံးကြည့်လိုက်ပါ
ဖြိုးညီညီ MPPG
MPPG